ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က အောင်သပြေ ရဲဝန်းထဲကို ၄၀ မမ (၂) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army က သတင်းထုတ်ပြန်ထားပါတယ်။ 

ဒီတိုက်ခိုက်မှုကို ဧပြီလ ၄ ရက်နေ့၊ ည ၁၂ နာရီ ဝန်းကျင်အချိန်မှာ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

“ကျနော်တို့ ၇၉ အဝေးပစ်လောင်ချာနဲ့ ၄၀ မမ အသီး ထည့်ပစ်ခဲ့တာပါ။ ပစ်ပြီးတာနဲ့ တန်းဆုတ်ရတော့ သေဆုံးစာရင်းတွေတော့ မသိရသေးပါဘူး။ အသီးက ၂ လုံးလုံးကွဲပါတယ်။ ပစ်လိုက်တာ အထဲထဲကိုလည်း ရောက်ပါတယ်” လို့ Yangon Army တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။ 

အဆိုပါ အောင်သပြေရဲဝန်းဟာ ပျူစောထီးတွေကို လေ့ကျင်သင်ကြားပေးနေတဲ့ နေရာဖြစ်ပြီး စစ်ကြောရေး လုပ်ဆောင်ရာမှာလည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။ 

Yangon Army အနေနဲ့ အကြမ်းဖက်စစ်အာဏာရှင် မပြုတ်မချင်း နောက်ထပ်ပစ်မှတ်တွေကိုလည်း ဆက်လက်ပြီး တိုက်ခိုက်‌ချေမှုန်းသွားမယ်လို့ အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုတွင် ဆိုင်ကယ် ၁ စီးကို ၂ ဦးတွဲ စီးနင်းမိသည့် အမျိုးသား၂ ဦးကို စစ်ကောင်စီက နေပူလှန်း ဒူးထောက်ခိုင်းကာ ငွေညှစ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှာ ဆိုင်ကယ်၁စီးတည်းကို လူ ၂ ယောက်တွဲ စီးနင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခရီးသွား အမျိုးသား ၂ ယောက်ကို နေပူလှန်း ဒူးထောက်ခိုင်းပြီး ဆိုင်ကယ်သိမ်း၊ ငွေညှစ်တဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

NPT PDF တပ်ရင်း ၈၀၃ မှ ရဲဘော်အရှည်ကြီး ကျဆုံးခြင်း (၂) နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ်သတိရခြင်း အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၈၀၃ (NPT PDF B-803) က ရဲဘော်အရှည်ကြီး ကျဆုံးခြင်း (၂)နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ် သတိရခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ NPT PDF B-803 က ရဲဘော်အရှည်ကြီး (ခ) ငြိမ်းထက်နိုင် (ခ) သာကော ဟာ ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ ရဲဘော်အရှည်ကြီး ကျဆုံးခြင်း(၂)နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ်သတိရခြင်း အထိမ်းအမှတ်အဖြစ် ဦးညွှတ်အလေးပြုခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့က သေနတ်ဖောက်အလေးပြုခြင်း၊ တစ်မိနစ်ငြိမ်သက်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကဗျာရွတ်ဆိုတာ၊ ကဗျာရွတ်ဆိုပေးသူတွေကို ဆုချီးမြှင့်တာတွေ ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားကို NPT PDF တပ်ရင်း ၈၀၃ ရဲ့ Fundraising Team ဖြစ်တဲ့ Cranes Logistic ရဲဘော်တွေက ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးနှင့် မုံရွာမှာ စစ်ကောင်စီတပ် လက်နက်ကြီးများ ပစ်ခတ်မှု ၃ ဦးသေဆုံးပြီး အသက် ၅ နှစ်အရွယ် ကလေး အပါအဝင် ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်နဲ့ မုံရွာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက်သေဆုံးပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Chaung U Revolution News က သတင်းဖော်ပြထားပါတယ်။
Read More

လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားဟု ဆို

လားရှိုးမြို့ကို လေကြောင်းကနေတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို MNDAA က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့ပေါ်ရှိ မြေစာရင်းရုံး၊ အခွန်ရုံး၊ အမှတ် ၂ ရပ်ကွက်နှင့် ဇဂျမ်းစစ်ကောင်စီဂိတ်တို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ မြေစာရင်းရုံး၊ အခွန်ရုံး၊ အမှတ်(၂)ရပ်ကွက်နဲ့ တောင်သာမြို့ အနောက်ဘက်အထွက်ရှိ ဇဂျမ်းဂိတ်စခန်းတို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမေရိကန် အကြီးတန်းသံအမတ် မြန်မာ့အရေးကို ထိုင်းမှာ လာရောက် ဆွေးနွေးမယ်

မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေမှာ တာဝန်ခံမှုရှိစေဖို့ အမေရိကန် အကြီးတန်း သံအမတ်ကြီးဖြစ်သူ Beth Van Schaack ဟာ ထိုင်းနိုင်ငံကို လာရောက်ဆွေးနွေးမယ်လို့ အမေရိကန်အစိုးရက တရားဝင် ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့…