အာရက္ခတပ်တော် AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က တစ်လတာ အပစ်အခတ်ရပ်နားထားစဉ် အာဏာသိမ်းစစ်ကောင်စီက တစ်ဖက်သတ်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း AA က အသိပေးထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော်ဟာ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ကစတင်ပြီး ညီနောင် မဟာမိတ်တွေ ဖြစ်ကြတဲ့ ကိုးကန့်၊ တအာင်းတပ်ဖွဲ့တွေနဲ့အတူ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

အဲ့လို မကြေညာမီနဲ့ ကြေညာပြီးတဲ့ နောက်ပိုင်းမှာ AA ကထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့နဲ့ စစ်တွေမြို့ပတ်ဝန်းကျင်ရှိ အာရက္ခ တပ်တော်တပ်ဖွဲ့ဝင်တွေကို လက်နက်ကြီး၊ ဒရော့ဗုံး၊ လေကြောင်းနဲ့ စစ်သင်္ဘောတွေပေါ်ကနေ ပစ်ခတ်တိုက်ခိုက်ခြင်းတွေကို နေ့စဉ်ဆက်တိုက် ပြုလုပ်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ အခြားသောနေရာတွေကနေ အာရက္ခတပ်တော်ရဲ့ စစ်ကြောင်းတွေကိုလည်း နေ့စဉ် တန်ပြန်ထိုးစစ်တွေဆင်နွှဲပြီး တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ AA ဘက်က အပစ်ရပ်မကြေညာမီ ၂၀၂၅ ခုနှစ် ဧပြီလ (၂) ရက်နေ့မှာ စစ်ကောင်စီရဲ့ ပဲခူးတိုင်း၊ ညောင်ကျိုးဗျူဟာစခန်းကုန်းကို AA က အလုံးစုံသိမ်းပိုက်ရရှိနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၅ မတ်လ ၁၇ ရက်နေ့ကစလို့ ၁၆ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ညောင်ကျိုးစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

အင်အားပြင်း ငလျင်ကြီးတစ်ခုနဲ့ နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရတဲ့စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် နေပြည်တော်တွေအပါအဝင် အခြားသော ဒေသအချို့က ငလျင်ဒဏ်သင့် ပြည်သူလူထုကို လူသားချင်းစာနာထောက်ထားတဲ့စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်အပြည့်နဲ့ AA အပါအဝင် ညီနောင်သုံးဖွဲ့က ထိုးစစ်တွေကို ရပ်နားထားစဉ် အခုလို စစ်ကောင်စီက ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲ ဆန့်ကျင်သည့်အနေနှင့် မန္တလေးနန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

မန္တလေး နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ထဲကို BWM အဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ၁၀၇ ရှော့တိုက်ဒုံးတွေ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်း ငလျင်ကြီး လှုပ်ခတ်မှု ၅ လကျော်လာချိန် Sky Villa အတွင်းမှ ရုပ်အလောင်း ၁ လောင်း ထပ်မံတွေ့ရှိ

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးဟာ ၅ လကျော်လာချိန် စက်တင်ဘာ ၈ ရက် ဒီနေ့မှာ မန္တလေးမြို့ရှိ Sky Villa အဆောက်အအုံကနေ ရုပ်အလောင်း ၁ လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Read More

စစ်တပ် ရွေးကောက်ပွဲ ဆန့်ကျင်ရေး Millions People Movement တွင် ၁ ပတ်အတွင်း ပါဝင်သည့် ပြည်သူ တသန်းခွဲကျော်အထိ ရှိလာ

စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒမဲပေးနိုင်တဲ့ Millions People Movement မှာ ပါဝင်လာတဲ့ ပြည်သူအရေအတွက် တသန်းခွဲကျော်အထိ ရောက်ရှိလာနေပြီလို့ သိရပါတယ်။
Read More

နတ်မောက်မြို့နယ်တွင် တောတဲတိုက်ကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်၊ ဖခင်ဖြစ်သူ ဒဏ်ရာရပြီး (၁၄) နှစ်အရွယ် သမီးဖြစ်သူသေဆုံး…

“တဲဘေးက ငရုပ်ခင်းလေးမှာ သမီးဖြစ်သူက ပေါင်းပေါက်နေတာ၊ ဖအေဖြစ်သူကဆေးဖြန်းနေတယ်၊ အဲ့မှာကြဲလိုက်တော့ သမီးဖြစ်သူကို အရင်ထိသွားတယ်၊ ဖအေဖြစ်သူက သွားတော့ နောက်တစ်လုံးထပ်ကြဲတာ၊ ဖအေဖြစ်သူကိုပါ ထိတာ၊ သမီးဖြစ်သူက ဆုံးသွားတယ်၊ ဖအေဖြစ်သူကဒဏ်ရာရသွားတယ်” လို့ နတ်မောက်ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပခုက္ကူခရိုင် PDF တပ်ရင်း ၃ ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသလက်အောက်ရှိ ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်း၊ အမှတ် ၁၀ တပ်ရင်းနဲ့ အမှတ် ၁၇ တပ်ရင်းတို့ရဲ့ မွမ်းမံသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

အင်အားပြင်း ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၃၇၀၀ နီးပါး ရှိလာ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ နီးပါးရှိသွားပြီလို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။