စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့က ဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့ အင်အား ၆၀ လောက်ပါတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိကာ စစ်ကောင်စီဘက်က သေဆုံးသူအမြောက်အမြားရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
မနေ့က စက်တင်ဘာ ၁၇ရက်က မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်တိုက်နယ်၊ နန်းစိန်တောင်နဲ့ နန်းစိန်ချောင်းကြားမှာ စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အယောက် (၂၀) သေဆုံးပြီး (၅) ယောကိ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး လက်နက် (၂၁) လက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်နက် အမျိုးအစားတွေအဖြစ် ငါးကြင်းမြီး (MA-15) (၁) လက်၊ ၆၀ မမ ပြောင်းတို (MA-9) (၂) လက်၊ MA-1 (၆) လက်၊ MA-3 (၅) လက်၊ MA-11 (၄) လက်၊ G-3 (၃) လက် နဲ့ ကျည် ၊ ခဲယမ်းများစွာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့ရပြီး တိုက်ပွဲကို မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့တွေက အထူးလှုပ်ရှား တပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း (၃၊ ၄၊ ၅)၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ ABSDF၊ ပြင်ဦးလွင်ခရိုင် ကွန်မန်ဒိုတပ်စိတ်နဲ့ သပိတ်ကျင်းမြို့နယ် ပကဖ စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်လာပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ တိုက်ပွဲအတွင်း ခရီးသည်များ ပိတ်မိနေခဲ့၊ ၃ နှစ်သား က​လေးငယ်နှင့် မိခင်ဖြစ်သူအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲအတွင်း ပိတ်မိတဲ့ ခရီးသည်​တွေထဲက ၃ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်၊ ဆည်ပင်ကျွန်းပျူစောထီးကျေးရွာကိုု တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ ပျူစောထီး ၁၈ ဦးအရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိ…

" ဖမ်းဆီးရမိတဲ့ ပျူစောထီးတွေကို ထိပ်တုံးခတ် ချုပ်နှောင် ထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေပါတယ်၊ သူတို့ကို ဥပဒေအရ ဆက်လက် အရေးယူသွားမှာပါ " လို့ ‌ရွှေဘိုခရိုင်အမှတ် (၁၈) တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ နေမျိုး(ပဲခူး)က မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

ပြည်သူနဲ့အတူ ဘုံကထိန်ပွဲ ပြုလုပ်ခဲ့တဲ့ မိုးမိတ်ခရိုင် ပ.က.ဖ ရဲဘော်များ… (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်အတွင်း ဒေသခံပြည်သူတွေ ပြုလုပ်ခဲ့တဲ့ ဘုံကထိန်ပွဲမှာ မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပ.က.ဖ )က ရဲဘော်တွေဟာ ပြည်သူနဲ့အတူ ပါဝင်လှူဒါန်းကူညီခဲ့တဲ့ ပုံရိပ်တွေကို မိုးမိတ်ခရိုင် ပကဖ သတင်းပြန်ကြားရေးစာမျက်နှာမှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အင်း‌လေးကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် စစ်ကြောင်းကို တိုက်ခိုက်၊ PNO စစ်သား ၅ ဦးထက်မနည်း သေပြီး ၄ ဦး အရှင်ဖမ်းမိ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် စစ်ကြောင်းကို တိုက်ခိုက်ရာ PNO စစ်သား ၅ ဦးထက်မနည်း သေပြီး ၄ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၉) တပ်ရင်း - အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) က ထုတ်ပြန်ထားပါတယ်။
Read More

ပိုင်ကျုံမြို့နယ် စစ်ကောင်စီ၏ မော်ဖိုးကေစခန်းကို နေ့တစ်ဝက်အတွင်း KNU သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၇၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့ထဲက စစ်ကောင်စီရဲ့ မော်ဖိုးကေတပ်စခန်းကို KNU/KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ငလျင်အတွက် နိုင်ငံပေါင်း ၂၀ မှ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၇၀၀ကျော် မြန်မာနိုင်ငံကို ရောက်ရှိနေ ဟု စစ်ကောင်စီပြော

မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့အတွက် နိုင်ငံပေါင်း ၂၀ က ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ယောက် ရောက်ရှိနေတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။