မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းဆင်း စစ်သားသစ် ၁ ယောက်ကို ကင်းပုန်းဝပ်နေတဲ့ တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။
ဧပြီ ၅ ရက် ဒီနေ့မှာ စလင်းမြို့နယ်၊ ကံပြားကျေးရွာကနေ မိုင် ၂၀ ဘက်ကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ တပ်မ(၁၀၁)လက်အောက်ရှိ စစ်မှုထမ်း သင်တန်းဆင်း စစ်သားကို ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့ ကင်းပုန်း၀ပ်နေတဲ့ နေရာမှာ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးမိခဲ့တဲ့ စစ်ကောင်စီတပ်သားဟာ အသက် ၂၁ နှစ်အရွယ် စစ်မှုထမ်း အပတ်စဉ်(၆) သင်တန်းဆင်းတစ်ယောက်ဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာ ၈ ရက်က ပေါ်တာဆွဲခံခဲ့ရတယ်လို့ သိရပါတယ်။
မိုင် ၂၀ ဘက် ထိုးစစ်ဆင်းလာတဲ့ စစ်ကြောင်းအတွင်းက ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ အဆိုပါစစ်ကောင်စီတပ်သားကို ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့က တာ၀န်ယူ ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်က ကျွန်းလှမြို့နယ်၊ ဘအင်းသရက်တောရွာကို မီးဝင်ရှို့ပြီး အရပ်သား ၂ယောက်ကို သတ်ကာ၊ ၃ယောက်ကို ဖမ်းခေါ်သွား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက ဘအင်းသရက်တောရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သား၂ယောက်ကို ပစ်ခတ်သတ်ဖြတ်ကာ ၃ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကပြောပါတယ်။
Read More

မြင်းခြံမြို့နယ် ထိန်ပန်းကျေးရွာကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်၊ အရပ်သား ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ထိန်ပန်းကျေးရွာကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ အရပ်သားမိသားစု ၄ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ကြောင်း အညာဒေသတော်လှန်ရေးအင်အားစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီ၏ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်များ သိမ်းဆည်းရမိပေမယ့် ယူဆောင်ချိန်မရတာကြောင့် မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်မ ၁၀၁ က တက်လာတဲ့ စက်တပ်လေထီး ၁ စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ Burma Revolution Rangers တပ်ဖွဲ့ထံက သိရပါတယ်။
Read More

တောင်ငူခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းအမှတ် (၃၅၀၁)၊ အပတ်စဉ် (၁/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ တောင်ငူခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းအမှတ်(၃၅၀၁)၊ အပတ်စဉ် (၁/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်လက်နက်ကြီးကြောင့် ကျောက်တံခါးတွင် ၆နှစ် ကလေးငယ်အပါ အရပ်သား ၄ ဦး သေဆုံး

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်မှာ စစ်ကောင်စီ အထိုင်တပ်တွေကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်လို့ ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား၄ ယောက် သေဆုံးခဲ့ကြောင်း ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်မှာ ကင်း‌စောင့်နေတဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစုက ရဲဘော်များ (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်တောင်ပိုင်းက ရှေ့တန်းစစ်မြေပြင်တစ်ခုမှာ ကင်း‌စောင့်နေတဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု - SSLRU က ရဲဘော်တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။