အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကွန်မင်းက ငလျင်ဘေးဒဏ်သင့်​ဒေသတစ်ခုဖြစ်တဲ့ စစ်ကိုင်းမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေကို ဧပြီလ ၃ ရက်မှာ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
အတွင်းဝန်ဟာ စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုလဲသွားတဲ့ နေအိမ်အဆောက်အဦးတွေ၊ စာသင်ကျောင်းတွေ၊ သာသနိက အဆောက်အဦးတွေ၊ လမ်းတွေနဲ့ တံတားတွေကို လိုက်လံကြည့်ရှုပြီးနောက် ငလျင်ဘေးဒဏ်သင့် ပြည်သူတွေနဲ့ တွေ့ဆုံကာ လိုအပ်ချက်တွေ မေးမြန်းဆွေးနွေးပြီး အားပေးနှစ်သိမ့်မှု ပြုလုပ်ခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။
ငလျင်ဘေးဒဏ်သင့် ရပ်ရွာပြည်သူအချို့ရဲ့ ပြောပြချက်အရ လက်တလော အရေးတကြီးလိုအပ်ချက်များမှာ သောက်သုံးရေ ရရှိရေး၊ ယာယီနေထိုင်စရာ ရရှိရေး၊ အခြေခံစားသောက်ကုန် ဝယ်ယူရရှိရန် ခက်ခဲနေမှု၊ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ အခက်အခဲ၊ ဆေးဝါး မလုံလောက်မှုတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အတွင်းဝန်အနေနဲ့ ငလျင်ဘေးဒဏ်သင့် ဆေးဝါးကုသမှုခံနေရတဲ့ ပြည်သူအချို့နဲ့ ဆရာတော်တစ်ပါးကို တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးခဲ့သလို ပျက်စီးသွားတဲ့ လမ်းမကြီးအား ပြင်ဆင်နေမှုကို သွားရောက်ကြည့်ရှုခဲ့ပြီး လမ်းမကြီး လတ်တလော အဆင်ပြေစေရေးရည်ရွယ် ပြင်ဆင်တာ ၆၀ ရာနှုန်းကျော် ပြီးစီးပြိဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း ပြန်လည် အသုံးပြုသွားလာနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
ညပိုင်းမှာတော့ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူအချို့နဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့အနေနဲ့ ငလျင်လှုပ်ခတ်ပြီးတာနဲ့ ၂၄ နာရီအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်ကြောင်းနဲ့ လုပ်ငန်းကော်မတီတစ်ခုဖွဲ့ထားပြီး မြေပြင်နှစ်ဖွဲ့ခွဲကာ ကွင်းဆင်းကူညီမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြို့နယ် ပအဖ က ပြည်သူလူထုဆီက အလှူငွေ သိန်းပေါင်း ၁၇၀၀ ကျော်ရရှိထားရာ ဒီနေ့ထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် သုံးစွဲငွေ သိန်း ၁၀၀၀၀ ကျော်နေပြီဖြစ်တယ်လို့ ဆွေးနွေးတင်ပြခဲ့တယ်လို့ ဆိုပါတယ်။
မြို့နယ် ပအဖ ပ အဓိက ကူညီဆောင်ရွက်နေတဲ့ ကဏ္ဍတွေကတော့ စိုးမိုးနယ်မြေအတွင်း သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီထောက်ပံ့ခြင်း၊ စိုးမိုးနယ်မြေအတွင်း ပျက်စီးဆုံးရှုံးသူတွေကို ကူညီထောက်ပံ့ခြင်း၊
စစ်ကောင်စီ ထိန်းချုပ်နယ်မြေအတွင်းရှိ ငလျင်ဘေးဒဏ်သင့်သူတွေကို တတ်အားသရွေ့ ကူညီပေးခြင်း၊ သောက်သုံးရေး ရရှိအောင် ကြိုးပမ်းနေခြင်း၊ ဆေးဝါးကုသမှုများ ပေးခြင်း၊ အခြေခံ စားသောက်ကုန်တွေ ထောက်ပံ့ပေးခြင်း၊ အလှူငွေများ စုဆောင်းခြင်း၊ ငလျင်ဘေးဒဏ်သင့် မှတ်တမ်းမှတ်ရာတွေ စာရင်းပြုလုပ်တင်ပြခြင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့နယ်အတွင်း အမျိုသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်ထားသည့် နယ်မြေဧရိယာမှာ အိမ်ထောင်စု (၅၇၃၅) စုရှိပြီး ငလျင်ဘေးဒဏ်သင့်ဦးရေ (၂၅၂၉၆) ယောက်ရှိကာ သေဆုံးသူ (၄၇) ယောက်၊ ထိခိုက်ဒဏ်ရာရသူ (၅၅) ယောက်၊ ပြိုကျတဲ့ လူနေအိမ် (၂၄၂) လုံး၊ ပျက်စီးတဲ့ လူနေအိမ် (၁၅၅၇) လုံး၊ နိုင်ငံတော်အမွေအနှစ် အဆောက်အဦးတွေ ပျက်စီးမှု (၃၈၇) ခုရှိတယ်လို့ ဧပြီ ၂ ရက်အထိ ရွာပေါင်း (၄၉) ရွာကို ကောက်ခံရရှိမှုအရ သိရကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်ပေါင်း (၁၈) ရပ်ကွက်က ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေအနေနဲ့ သေဆုံးသူ (၆၁၁) ယောက်၊ ထိခိုက်ဒဏ်ရာရသူ အယောက် (၅၀၀) ၊ အဆောက်အဦးပျက်စီးမှု (၃၅၀၀) ကျော် ရှိတယ်လို့ ဧပြီ ၂ ရက်နေ့ စာရင်းအရ သိရပါတယ်။
0 Shares:
You May Also Like
Read More

တော်လှန်ရေးအတွက် အချိန်အသင့်အခါသင့်ဖြစ်လို့ အောင်ပွဲရယူရမယ်လို့ TNLA အသိပေး

လက်ရှိအခြေအနေဟာ တော်လှန်ရေးအတွက် အောင်ပွဲရယူနိုင်ဖို့ အချိန်အခါအသင့်ဖြစ်တယ်လို့ တအာင်းတပ်မတော် - TNLA က အသိပေး ထုတ်ပြန်ပါတယ်။
Read More

MDY-PDF ထိန်းချုပ်ထားတဲ့ မတ္တရာမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၇ယောက်သေ၊ စစ်သုံ့ပန်း ၁ယောက်နဲ့ လက်နက်ခဲယမ်းတွေ ရရှိ

မန္တလေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာဒေသထဲက မြို့ကုန်းကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာလို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ စစ်သုံ့ပန်း  ၁ယောက်နဲ့အတူ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်း ရရှိခဲ့ကြောင်း MDY-PDF က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်ကြောင်း၂ခု ရှေ့ဆက်နိုင်ရန် စစ်ကောင်စီ လေကြောင်းပစ်ကူသုံး လမ်းရှင်းနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ပခုက္ကူမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေက ​ကမ္မမြို့နဲ့ ပေါက်မြို့နယ်အတွင်း ဝင်ရောက်နေပြီး လေကြောင်းပစ်အကူအညီတွေနဲ့အတူ ရှေ့ဆက်တက်ဖို့ကြိုးစားနေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီ ကူးဆိပ်တံတားလုံခြုံရေးစခန်းကို KNLA နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်သိမ်းပိုက်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် (၅)တပ်မဟာနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက အကြမ်းဖက်စစ်ကောင်စီရဲ့ ကူးဆိပ်တံတားလုံခြုံရေးစခန်းကို နိုဝင်ဘာလ(၉)ရက်မှာ အလုံးစုံတိုက်ခိုက်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး KNU မူတြော်သတင်းစဥ်က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်အုပ်စုကို K.N.D.O ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ရာ သေနတ် ၆ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် K.N.D.O တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။