ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ စစ်ကောင်စီသံရုံးရှေမှာ အကြမ်းဖက် မင်းအောင်လှိုင်ကို ထိုင်းအရပ်ဘက်အဖွဲ့တွေ ဆန္ဒပြခဲ့ပြီး BIMSTEC အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားခဲ့တဲ့ ထိုင်းအစိုးရကိုလည်း ကန့်ကွက်ရှုတ်ချခဲ့တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံရုံးရှေ့မှာ ထိုင်းအရပ်ဘက်အဖွဲ့တွေက ဧပြီ ၅ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ လာရောက် ဆန္ဒပြခဲ့တာဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကြေညာချက်ကိုလည်း ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။
ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ လူသတ်ကောင် မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံဆီ ဖိတ်ကြားမှုအတွက် ထိုင်းအစိုးရကို ကန့်ကွက်ရှုတ်ချခဲ့ပြီး စစ်ကောင်စီနဲ့ ဆက်ဆံရေးတွေ ဖြတ်တောက်ဖို့ ထိုင်းအစိုးရကို တောင်းဆိုခဲ့ပါတယ်။
ဒီနေ့ မနက်ပိုင်းမှာလည်း ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးမှာ မင်းအောင်လှိုင်ကို ဆန္ဒပြဖို့ လုပ်ဆောင်နေတဲ့ ထိုင်းအရပ်ဘက်အဖွဲ့ကို ထိုင်းအမျိုးသားရေးအဖွဲ့တွေက တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့က ကြားဝင် တားဆီးခဲ့ရပါသေးတယ်။
ဓာတ်ပုံ – The Reporters
0 Shares:
You May Also Like
Read More

အာဆီယံ ထိပ်သီးအစည်းအဝေးတွေကို မြန်မာကိုယ်စားပြုအဖြစ် စစ်ကောင်စီ တက်ရောက်ခွင့် ဆက်လက်ရပ်ဆိုင်းထား

အာဆီယံအပါအ၀င် နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေကို လိုက်လျောဆောင်ရွက်ခြင်း မရှိတာကြောင့် စစ်ကောင်စီကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပြုဦးမှာ မဟုတ်ဘူးလို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

စိန့်ပီတာရင်ပြင်တွင် ကျင်းပတဲ့ ပုပ်ရဟန်းမင်းကြီး၏ ဈာပနအခမ်းအနားကို ဒေါ်နယ်ထရမ့်အပါ နိုင်ငံပေါင်း ၁၅၀ မှ ခေါင်းဆောင်များ တက်ရောက်… စျာပန မကျင်းပခင် စိန့်ပီတာ ခန်းမတနေရာမှာ သမ္မတထရမ့် နဲ့ သမ္မတ ဇလန်စကီး တွေ့ဆုံ

အီတလီနိုင်ငံ ၊ရောမမြို့ ၊ ဗာတီကန်စီးတီး စိန့်ပီတာရင်ပြင်တွင် ကျင်းပခဲ့တဲ့ ကမ္ဘာ့ကက်သလစ်ဘာသာဝင်တွေရဲ့ အကြီးအကဲဖြစ်သူ ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနအခမ်းအနားကို ကက်သလစ်ဘာသာဝင်တွေနဲ့ ဘုန်းတော်ကြီးတွေအပြင် နိုင်ငံပေါင်း ၁၅၀ က ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

NUG ဝန်ကြီး နှစ်ဦးနှင့် တွေ့ဆုံခဲ့အပြီး  မြန်မာ့အရေး “အပြုသဘောဆောင် ဝင်ရောက်စွက်ဖက်ရေး” လွှတ်တော်တွင် တိုက်တွန်းမည်ဟု ထိုင်းအမတ် ဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ ပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့အပြီး၊ ထိုင်းလွှတ်တော်အနေနဲ့ “မြန်မာ့အရေးကို အပြုသဘောဆောင် ဝင်ရောက်စွက်ဖက်ခြင်း” မူဝါဒနဲ့ အလေးထားဆောင်ရွက်ဖို့ တိုက်တွန်းတောင်းဆိုသွားမယ်လို့ ထိုင်းလွှတ်တော်အမတ် မစ္စတာ ကန်နဝီ ဆပ်ဆန်က အောက်တိုဘာလ ၂၀ ရက်မှာ ၎င်းရဲ့လူမှုကွန်ရက်အကောင့်က တဆင့် ပြောဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီလက်ထက်မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ စိတ်ကူးလို့တောင်မရဟု အမေရိကန်သံတမန် ပြော

အာဏာသိမ်းစစ်ကောင်စီလက်ထက် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ရွေးကောက်ပွဲ ပေါ်ပေါက်လာဖို့ လက်ရှိမှာ စိတ်ကူးကြည့်ဖို့တောင် မဖြစ်နိုင်ဘူးလို့ အမေရိကန်သံတမန်တဦးက အောက်တိုဘာလ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
Read More

မြန်မာခရိုနီတချို့အပေါ် အရေးယူပိတ်ဆို့မှု ရုပ်သိမ်းတာဟာ မင်းအောင်လှိုင်ရဲ့ပြန်စာနဲ့ မဆိုင်ဘူးလို့ အမေရိကန်ပြော

“ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ဟာ အရင်အစိုးရလက်ထက်က စတင်ခဲ့တဲ့ ရှည်လျားတဲ့ လုပ်ငန်းစဉ်ကို ထင်ဟပ်စေပါတယ်” "ဒီဆုံးဖြတ်ချက်တွေနဲ့ စာကြားမှာ ဆက်စပ်မှုမရှိပါဘူး" လို့ ၎င်းက ဆိုပါတယ်။
Read More

ရိုဟင်ဂျာကိစ္စအပါအဝင် စွပ်စွဲချက်များအတွက် လာရောက်စစ်ဆေးနိုင်ကြောင်း AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကုလကို ဖိတ်ခေါ်ထား

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို ကျူးလွန်တယ်ဆိုတဲ့ ချိုးဖောက်မှု စွပ်စွဲချက်တွေအပါအဝင် တခြားစွပ်စွဲချက်တွေအတွက် လာရောက်ကြည့်ရှု စစ်ဆေးနိုင်တယ်လို့ AA ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖိတ်ခေါ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အမ်ဒရူးစ်က ပြောဆိုထားပါတယ်။