ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ စစ်ကောင်စီသံရုံးရှေမှာ အကြမ်းဖက် မင်းအောင်လှိုင်ကို ထိုင်းအရပ်ဘက်အဖွဲ့တွေ ဆန္ဒပြခဲ့ပြီး BIMSTEC အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားခဲ့တဲ့ ထိုင်းအစိုးရကိုလည်း ကန့်ကွက်ရှုတ်ချခဲ့တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံရုံးရှေ့မှာ ထိုင်းအရပ်ဘက်အဖွဲ့တွေက ဧပြီ ၅ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ လာရောက် ဆန္ဒပြခဲ့တာဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကြေညာချက်ကိုလည်း ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။
ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ လူသတ်ကောင် မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံဆီ ဖိတ်ကြားမှုအတွက် ထိုင်းအစိုးရကို ကန့်ကွက်ရှုတ်ချခဲ့ပြီး စစ်ကောင်စီနဲ့ ဆက်ဆံရေးတွေ ဖြတ်တောက်ဖို့ ထိုင်းအစိုးရကို တောင်းဆိုခဲ့ပါတယ်။
ဒီနေ့ မနက်ပိုင်းမှာလည်း ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးမှာ မင်းအောင်လှိုင်ကို ဆန္ဒပြဖို့ လုပ်ဆောင်နေတဲ့ ထိုင်းအရပ်ဘက်အဖွဲ့ကို ထိုင်းအမျိုးသားရေးအဖွဲ့တွေက တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့က ကြားဝင် တားဆီးခဲ့ရပါသေးတယ်။
ဓာတ်ပုံ – The Reporters
0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃) ဦး အတွက် NUG အလုပ်သမားဝန်ကြီးဌာန လိုက်ပါကူညီဆောင်ရွက်ပေးခဲ့

ထိုင်းနိုင်ငံ၊ ပါကျင်ပူရီခရိုင်ရှိ ကော်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံက မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃) ယောက် အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ပတ်သက်ပြီး တိုင်ကြားလာတဲ့အပေါ် လိုက်ပါကူညီဖြေရှင်းဆောင်ရွက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်မပြုရန် တရုတ်ကို NUG တိုက်တွန်း၊ မင်းအောင်လှိုင်ကို စစ်ရေးပြအခမ်းအနား ဖိတ်ကြားမှု မြန်မာပြည်သူများ၏ တန်ပြန်တုန့်ပြန်မှုကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေဟု ဆို

တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အသိမှတ်ပြုမှု ဆိုင်းငံထားဖို့၊ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှုကို ငြင်းပယ်ဖို့နဲ့ စစ်ခေါင်းဆောင်ကို ယာယီသမ္မတလို့ ရည်ညွှန်းကိုးကားနေတာကို ရပ်စဲဖို့ဆိုတဲ့ အချက်တွေ ပါဝင်တဲ့ တိုက်တွန်းစာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာပဲ ပိတ်မိမနေဖို့နဲ့ စစ်ကောင်စီကို နေရာပေး ဆက်ဆံမှုတွေ ရပ်ဖို့ အရပ်ဘက်အဖွဲ့ ၂၆၀ ကျော်က အာဆီယံကို တိုက်တွန်းတောင်းဆို

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက်တွေကို ကျော်လွန်လုပ်ဆောင်ကာ စစ်ကောင်စီနဲ့  ထိတွေ့ဆက်ဆံနေမှုကို အမြန်ဆုံး ရပ်တန့်ဖို့  အရပ်ဘက်အဖွဲ့အစည်း ၂၆၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာပြည်တွင်း မငြိမ်သက်မှုက ထိုင်း၏ ရနောင်းဆိပ်ကမ်းကုန်သွယ်ရေးကို ၂၅၀% ကျော် တိုးတက်စေ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

‘ဝ’ ပြည်နယ်မှာ သတ္တုတူးဖော်ရေး ပါမစ်ထုတ်ပေးရန် ဆွေးနွေး

ခဲမဖြူပေါများတဲ့ ‘ဝ’ပြည်နယ်မှာ သတ္တုတူးဖော်ရေးတွေ ပြန်စတင်ဖို့ နီးကပ်လာတဲ့အလျောက် ‘ဝ’ပြည်နယ်အတွင်း သတ္တုတူးဖော်ခွင့်ထုတ်ပေးမှုနဲ့ပတ်သက်ပြီး အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ ခဲမဖြူအသင်း (ITA) က ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။
Read More

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ပြီဟု ဗာတီကန်နန်းတော် ကြေညာ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီနေ့ဧပြီ ၂၁ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဗာတီကန်နန်းတော်က ဒီကနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။