မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်အုပ်စုတွေ ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် စစ်ကောင်စီက အရပ်သားကျေးရွာတွေထဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ရာ သုံးဆယ်ပေး ရွာဦးစေတီတော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ The Voice Of Wetlet Madayar အဖွဲ့က မောင်းကိုပြောပါတယ်။
စက်တင်ဘာလ ၁၅ရက်နေ့က မတ္တရာမြို့နယ်၊ ဆူးကားရွာတံတားထိပ်မှာ ဂိတ်ချပြီး ငွေတောင်းနေတဲ့စစ်အုပ်စုတွေကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီလိုပစ်ခတ်မှုကြောင့် စစ်သားနဲ့ပျူ ၃ယောက်သေဆုံးခဲ့ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ လက်ရှိအချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဖြစ်စဥ်ဖြစ်ပွားပြီး တစ်နေ့တည်းမှာပဲ သေဆုံးသွားတဲ့ စစ်အုပ်စုတွေတပ်စွဲထားတဲ့ ဆင်ရွာကြီးရွာထဲကနေ သုံးဆယ်ပေးကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်မှုတွေရှိခဲ့ပါတယ်။
စစ်အုပ်စုပစ်ခတ်လိုက်တဲ့ 81mm လက်နက်ကြီး၃ချက်ဟာ သုံးဆယ်ပေးကျေးရွာ၊ ရွာဦးစေတီပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် စေတီတော်တစ်ဆူလုံး ထိခိုက်ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။
“အဲ့နေ့က သူတို့(စစ်တပ်) ဘက်က ၃ယောက် ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ရမ်းထုတာပေါ့ဗျာ။ နောက်ပြီး တော်လှန်ရေးတပ်တွေ မန္တလေးနား ကပ်မရအောင်လို့ ရမ်းသမ်းလှန့်ပစ်တာလည်းပါတယ်။ သုံးဆယ်ပေးနဲ့က မန္တလေး မြောက်ပြင်နဲ့ ပိုနီးတယ်လေ.. ၂မိုင်ခွဲလောက်ပဲ ဝေးတော့တာ။ “လို့ The Voice Of Wetlet Madayar အဖွဲ့တာဝန်ရှိသူကမောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ၁၂ရက်၊ နေ့လည်ပိုင်းကလည်း မတ္တရာမြို့ဘောလုံးကွင်းထဲကနေ ပစ်ခတ်လိုက်တဲ့ ဟောင်ဝစ်ဇာလက်နက်ကြီး​ကျည်တွေက မတ္တရာရာမြို့အနောက်ဘက် ၊ အောက်တောင်ကိုင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပါသေးတယ်။
ဓာတ်ပုံ – စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ သုံးဆယ်ပေး ရွာဦးစေတီတော်
0 Shares:
You May Also Like
Read More

ဘုတလင်မြို့နယ်၊ ကျောက်အိုး (မြောက်) ရွာကို စစ်တပ်စစ်ကြောင်းဝင်ပြီး အရပ်သားတွေကို လူသားဒိုင်းလုပ်ဖမ်းကာ အိမ်တွေကိုမီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ရွာစဥ်လှည့်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ကျောက်အိုး(မြောက်)ရွာကို ဝင်ရောက်မီးရှို့ကာအရပ်သားတွေကို ဓားစာခံလူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်းထံက သိရပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ပွဲ အခမ်းအနား

PEOPLE'S LIBERATION FORCE ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါ်တာဆွဲဖို့ထွက်လာသည့် စစ်အုပ်စုကားကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကားထိခိုက်ပျက်စီးပြီး သေဆုံးသူတွေလည်းရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ကားထိခိုက်ပျက်စီးပြီး ထိခိုက်သေဆုံးသူတွေလည်းရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ရှဲဒိုးက  မောင်းကိုပြောပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုရားကျောင်း (၁) ကျောင်းနဲ့ နေအိမ် (၁) လုံး ထိခိုက်ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး အရပ်သားနေထိုင်ရာကျေးရွာအတွင်းနဲ့ လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်တွေအတွင်း ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုရားကျောင်း (၁) ကျောင်းနဲ့ နေအိမ် (၁) လုံးအပါအဝင် ပြည်သူလူထုပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင် လှုပ်ခတ်

မန္တလေးတိုင်း၊ သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်တပ် လက်နက်ကြီးကြောင့် အရပ်သား (၃) ယောက် ဒဏ်ရာရ၊ နေအိမ် (၃)လုံး၊ ထော်လာဂျီ (၁)စီးနဲ့ ဆိုင်ကယ် (၁) စီး ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်(၁) ယောက်အပါအဝင် အရပ်သား (၃) ယောက် ဒဏ်ရာရရှိပြီး နေအိမ် (၃)လုံး၊ ထော်လာဂျီ (၁)စီးနဲ့ ဆိုင်ကယ်(၁)စီး ထိခိုက်ပျက်စီးခဲ့တယ်လို့  ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။