တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း ပုလော၊ မြိတ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာမှုတွေကြောင့် ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၂ က တိုက်တွန်းထားပါတယ်။
ပြည်သူတွေအနေနဲ့ ပုလောမြို့နယ်မှာ ပြည်ထောင်စုလမ်းမကြီးအပိုင်း၊ မြိတ်မြို့နယ်မှာ မြိတ်မြို့အထွက် ကျောက်ဖြူတောင်လမ်းဆုံကနေ သာရမဲ၊ အင်္ဂမော်၊ ကြေးနန်းတိုင် လမ်းတစ်လျှောက်နဲ့ တနင်္သာရီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးတွေပေါ် သွားလာရာမှာ မနက် (၆) နာရီကနေ ည (၆) နာရီအတွင်းသာ သွားလာကြဖို့၊ ခရီးသွားကားတွေအနေနဲ့ မှန်ချပြီးမှသာ မောင်းနှင်ကြဖို့၊ ကုန်ကားတွေဟာ အလုံပိတ်ဖုံးအုပ်ထားတာ (လုံးဝ) မပြုလုပ်ကြဖို့ စည်းမျဉ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီသတ်မှတ်ချက်တွေဟာ အကြမ်းဖက်စစ်ကောင်စီက အသွင်ယူလုပ်ဆောင်မှုတွေ ရှိနေတာကြောင့် လေးနက်စွာ တားမြစ်တာဖြစ်ပြီး လိုက်နာမှုမရှိလို့ အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ရင် သက်ဆိုင်သူတွေရဲ့ တာဝန်သာဖြစ်တယ်လို့ အထူး အသိပေးထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ သူတို့ စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ နေရာတိုင်းမှာ အရပ်သားပြည်သူတွေကို အဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ အရပ်သားပြည်သူတွေကို အကာအကွယ်ယူပြီး စစ်ရေးလှုပ်ရှားခြင်းတွေ ပြုမူဆောင်ရွက်နေပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်းတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးထောက်တိုင်ဖြစ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းလျက် ပြည်သူတွေကို အဓမ္မစစ်မှုထမ်းစေဖို့ လုပ်ဆောင်နေတယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ က ဆိုပါတယ်။
တိုင်းစစ်ဌာန(တနင်္သာရီ) ဗျူဟာ (၃၅) နယ်မြေ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေ၊ ပူးပေါင်းစစ်ကြောင်းတွေက အဲ့ဒီမြို့နယ်တွေအတွင်း စစ်ရေးတိုးမြှင့် လုပ်ဆောင်သွားမှာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ စစ်ရေးပစ်မှတ်၊ အုပ်ချုပ်ရေးပစ်မှတ်တွေကိုပါ တိုက်ခိုက်ရှင်းလင်းသွားမှာဖြစ်တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီ ရခိုင်ပြည်နယ် ကျောက်တော်ကို ဗုံးကြဲတိုက်ခိုက်

ဧပြီလ ၂၂ ရက်အထိ ယာယီအပစ်ရပ်ကြောင်း ကြေညာထားတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က လူနေရပ်ကွက်ထဲကို မနေ့က သင်္ကြန်အကြိုနေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဟန်ပြအပစ်ရပ်သက်တမ်း (၁) လ တိုးထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်တွင် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးဖြင့် ဆက်လက်တိုက်ခိုက်နေ

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မေလ ၆ ရက်ကနေ ၃၁ ရက်အထိ အပစ်ရပ် သက်တမ်း (၁)လ ထပ်တိုးထားပေမယ့် တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေမှာ မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနဲ့ လေကြောင်း အသုံးပြုတိုက်ခိုက်ခြင်းတွေ နေ့စဥ် ပြုလုပ်နေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ယုံကြည်မှု၊ အမိန့်နာခံမှု၊ စုဖွဲ့မှု အားကောင်းကောင်းနဲ့ သိမ်းယူနိုင်ခဲ့တဲ့ ရေလာလေးစခန်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ ရေလာလေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းကာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဝင်ရောက် စီးနင်းတိုက်ခိုက် သိမ်းယူနိုင်ခဲ့ပါတယ်။
Read More

ဂျာမနီရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် The Elders အဖွဲ့နှင့် တွေ့ဆုံခဲ့

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ The Elders အဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

အာဆီယံအနေဖြင့် NUG နှင့် တိုင်းရင်းသားမဟာမိတ်များ ဖော်ဆောင်နေသည့် နိုင်ငံရေးလမ်းကြောင်းကို ထောက်ပံ့ပေးရန် NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ် ပြောကြား

အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းဖော်ဆောင်နေတဲ့ နိုင်ငံရေးလမ်းကြောင်းကို ထောက်ပံ့မှုပေးဖို့အတွက် NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။
Read More

မင်းတုန်းတွင် ပျူစောထီးတပ်ဖွဲ့ဝင် ၁ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ PDF ဖမ်းဆီးရမိ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အားကိုးနဲ့ မူးယစ်ဆေး သယ်ယူရောင်းချနေတဲ့ ပျူစောထီး ၁ယောက်ကို WY မူးယစ်ဆေးတွေနဲ့ လက်ဝယ်ဖမ်းဆီးရမိခဲ့ကြောင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။