“နိုင်ငံတကာအသိုင်းအဝိုင်းကို ခွေးတိုးပေါက်ကနေ ဝင်ဖို့ ကြိုးပမ်းနေတဲ့ မအလကို မောင်းထုတ်ကြစို့” ဆိုတဲ့ ခေါင်းစဥ်နဲ့ ထိုင်းအစိုးရက အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်ပြုပြီး ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (BIMSTEC) အစည်းအဝေး ဖိတ်ကြားခဲ့တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီ ၃ ရက်ကနေ ၅ ရက်အထိ ပြုလုပ်သွားမယ့် BIMSTEC အစည်းအဝေး တက်ရောက်ဖို့ အကြမ်းဖက်စစ်ကောင်စီကို ထိုင်းနိုင်ငံဆီ ဖိတ်ခေါ်မှုအတွက် ထိုင်းနိုင်ငံသား တက်ကြွလှုပ်ရှားသူတွေ၊ ထိုင်းရောက်မြန်မာတွေအနေနဲ့ တစ်ရက်တာအလုပ်မဆင်းတာ၊ ဒါမှမဟုတ် အနက်ရောင်အသုံးအဆောင် ဝတ်ဆင်ပြီး ကန့်ကွက်တာ လုပ်ဆောင်ကြဖို့ GSCB က တိုက်တွန်းထားပါတယ်။

မင်းအောင်လှိုင်ဟာ ဧပြီ ၃ ရက် ဒီနေ့ မနက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ စစ်တပ်အထူးလေယာဉ်နဲ့ နေပြည်တော်ကနေ ဘန်ကောက်မြို့ကို ထွက်ခွါလာခဲ့ကာ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ရဲ့ ဖိတ်ကြားချက်အရ  BIMSTEC အစည်းအဝေးတက်ဖို့ ရောက်ရှိလာတာဖြစ်ပြီး ဒီနေ့ညပိုင်းမှာ ထိုင်းဝန်ကြီးချုပ်ရဲ့ BIMSTEC အဖွဲ့ဝင်တွေအတွက် ဧည့်ခံတဲ့ ညစာစားပွဲကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းအတိုက်အခံ နိုင်ငံရေး အင်အားစုတွေကလည်း ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်အနေနဲ့ အကြမ်းဖက်မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် သေချာ ရှင်းပြဖို့လိုတယ်လို့ ပြောကြားထားပါတယ်။

ထိုင်းအစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အိမ်ရှင် ထိုင်းနိုင်ငံ အနေနဲ့ ဘင်းစတက် အဖွဲ့ဝင် နိုင်ငံ ၇ ခုစလုံးရဲ့ ခေါင်းဆောင်တွေကို ဖိတ်ကြားရမယ့် တာဝန်နဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

အင်အားပြင်း ငလျင်ကြီးကြောင့် မြန်မာနိုင်ငံမှာ လူပေါင်းထောင်နဲ့ချီ သေကြေပျက်စီးနေတဲ့ အခြေအနေမှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတာကြောင့် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို ကြုံတွေ့နေရတာဖြစ်သလို မင်းအောင်လှိုင် ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ သတင်းဖော်ပြမှုတွေမှာ ထိုင်းပြည်သူတွေကပါ ဝေဖန်ဆဲဆိုတာတွေ ရှိနေတာဖြစ်ပါတယ်။

မနေ့က ဧပြီ ၂ ရက်မှာ အကြမ်းဖက်စစ်ကောင်စီက ရက်ပေါင်း ၂၀ ယာယီအပစ်ရပ်ထားမယ်လို့ ကြေညာခဲ့ပေမယ့် ဒီနေ့မှာတော့ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် မြေပြင်မှာ ခြေလျင်စစ်ကြောင်းထိုးတာတွေကို ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

MSDF ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာ သီရိမွန်ချမ်းနှင့် နိုင်ကိုသူတို့အား ကောင်စီတာဝန်မှ ယာယီရပ်ဆိုင်းထား

အငြင်းပွားဖွယ်ရာ ပြဿနာတွေဖြစ်ခဲ့တဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါက်တာ သီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ကို ကောင်စီတာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ထုတ်ပြန်လိုက်ပါတယ်။
Read More

တနင်္သာရီမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ရိက္ခာကားတန်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ယောက်ခန့် သေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ရိက္ခာပို့ကားတန်းကို  ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ  စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် (ပကဖ) ဆီက သိရပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ အမှတ် (၁) စစ်ဒေသရဲ့ အပတ်စဉ် (၇) စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ အမှတ် (၁) စစ်ဒေသ၊ အပတ်စဉ် (၇) စစ်သင်တန်းဆင်းပွဲကို စက်တင်ဘာလ နောက်ဆုံးအပတ်က အမှတ် (၁) စစ်ဒေသ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ထန်တလန်အခြေစိုက် ခလရ ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ…

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၉ တပ်ရင်းက တပ်သား ၁ ယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့…
Read More

မြိုင်မှာ စစ်အုပ်စုစောင့်ကြည့်ခံနေရတဲ့ သရက်ကန်ရွာထဲက အရပ်သား၄၀ ကျော် ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ထွက်ပြေးခိုလှုံလာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ပျူစောထီးတွေ ပိတ်ဆို့စောင့်ကြည့်နေတဲ့ သရက်ကန်ရွာကနေ အရပ်သား ၄၀ ကျော် တော်လှန်ရေးအင်အားစုတွေဆီ ထွက်ပြေးခိုလှုံလာတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကမ္မဒေသရှိ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်၊ စစ်ရှောင်၂ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေ ရက်ဆက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီက စစ်ဘေးရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ စစ်ဘေး​ရှောင် ၂ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကမ္မဒေသ တော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။