စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်အတွင်းက ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ တစ်သောင်းကျော်ဟာ ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

မနေ့က ဧပြီလ ၂ရက် ညနေ ၅ နာရီ ဝန်းကျင်အချိန်က ဝမ်ပေါင်ကုမ္ပဏီမှာ လုံခြုံရေးယူ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေပေါင်းကာ ကျေးရွာတွေကို ဘယ်၊ ညာ ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။ 

“ဝမ်ပေါင်ဘက်ကနေ အင်အား ၇၀၊ နမခကနေ ၆၀ လောက်က အောင်ဇေယျတပ်ကုန်းဘက်ကနေ ပုသိမ်-မုံရွာလမ်းအတိုင်း တောင်ငူဘက်ကို ဆင်းတယ်။ ဝမ်ပေါင်ကလည်း မြောက်ကို ထွက်တယ်။ စစ်ကြောင်းကတော့ ဘယ်-ညာ ထိုးလာတာ။ အခုချိန်ထိကို စစ်ကြောင်း ပြန်မဆုတ်သေးပါဘူး” လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုမှ ကိုမြတ်ကိုက မောင်းကို ပြောပါတယ်။ 

အဆိုပါ စစ်ကြောင်းထိုးမှုကြောင့် ဆားလင်းကြီးမြို့နယ်အတွင်းက ဒုံဒုံးတောရွာ၊ ဂုံတောရွာ၊ ရွာသာရွာနဲ့ ယင်းမာပင်မြို့နယ် ယမားတံတား မြောက်ဘက်က ကျေးစာကျရွာ၊ ဘိန်းနွယ်ချောင်ရွာ၊ ပေကုန်းရွာတို့က ပြည်သူ ၁သောင်းကျော်ဟာ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ယမားတံတားဘက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

မနေ့ညကမှ အပစ်အခတ်  ၂၁ ရက် ရပ်နားမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ လက်တွေ့မှာတော့ မြန်မာပြည်အလယ်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေကို စစ်ကြောင်းထိုးနေတာတွေအပြင် လေကြောင်း တိုက်ခိုက်မှုတွေကို ဆက်တိုက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ 

ကိုမြတ်ကိုက ဆက်လက်ပြီး “ကျနော်တို့ဘက်တော့ သေနတ်တစ်ချက်မှ မဖောက်ရသေးပါဘူး။ ဒါပေမယ့် သူတို့ဘက်က ကိုယ်တွေ စခန်းကို ဝင်ရောက်လာတာမျိုးဆိုရင်တော့ ပစ်ခတ်မှုက ရှိကောင်းရှိနိုင်ပါတယ်” လို့ ဆိုပါတယ်။ 

စစ်ကိုင်းအခြေပြု လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်ဖို့ ရည်ရွယ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ခေတ္တ အပစ်အခတ် ရပ်ဆိုင်းမယ်လို့ ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

ဗမာ့တပ်တော်၏ အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၅) သင်တန်းနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနား… (ဓာတ်ပုံသတင်း)

အညာဒေသအခြေစိုက် ဗမာ့တပ်တော်၊ အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၅) သင်တန်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော်က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဇွန်လ ၂၇ ရက် မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နတ်မောက်တွင် ပျူစောထီးများ စီးလာသည့်ကား စောင့်ကြိုတိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင် ခင်မောင်ဌေးနဲ့ အပေါင်းအပါတွေ လိုက်ပါစီးနင်းလာတဲ့ အိမ်စီးကားကို စောင့်ကြိုတိုက်ခိုက်ရာ ပျူစောထီး ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ယောက် ရှိခဲ့တယ်လို့ Yenanthar Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ထိန်းချုပ်ဒေသများအတွင်း ကျားဖြန့်လုပ်ငန်းများကို ကာကွယ်ပေးနေသည်ဟု သတင်းထွက်ပေါ်နေမှုအား TNLA ငြင်းဆို

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ဒေသတွေအတွင်း ကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးနေတယ်လို့ သတင်းထွက်ပေါ်နေမှုတွေအပေါ် TNLA က ဒီနေ့ ဩဂုတ်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုလိုက်ပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၆ ဦး သေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာ ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း ဖြစ်စဥ်တွေကို အဓိက ဖော်ပြပေးနေတဲ့ Infinity Group တာဝန်ရှိသူထံ သိရပါတယ်။
Read More

အမ်းမြို့နယ်တစ်ခုလုံးကို AA ကတသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ အမ်းဒေသတစ်ခုလုံးကို အာရက္ခတပ်တော် AA ကသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

TNLA ရဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ TNLA ရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ဦးစီးဖွင့်လှစ်ထားတဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။