မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး ပိုမိုတောက်လောင်လာတာကြောင့် ကျေးလက်နေပြည်သူအများအပြား မြို့ပြဒေသတွေကို ထွက်ပြေးတိမ်းရှောင်လာကြတာနဲ့အမျှ ရန်ကုန်မြို့ရဲ့ အိမ်ရာဈေးနှုန်းတွေ မြင့်တက်လျက်ရှိပါတယ်။
မြန်မာစစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပျံ့နှံ့လျက်ရှိပြီး တိုက်ပွဲဖြစ်ပွားရာဒေသက ပြည်သူတွေဟာ မြန်မာပြည်ရဲ့ ဒုတိယအကြီးဆုံး မန္တလေးမြို့ကို ပြောင်းရွှေ့လာကြပါတယ်။
အဲဒီကတဆင့် မန္တလေးမြို့မှာ‌ နေထိုင်သူ ပိုမိုသိပ်သည်းလာပြီး ရန်ကုန်သို့ပြောင်းရွှေ့နေထိုင်သူတွေရှိသလို ပဋိပက္ခဖြစ်ပွားရာနေရာတွေကနေ ရန်ကုန်ကို တိုက်ရိုက်ပြောင်းရွှေ့ နေထိုင်သူတွေလည်း တိုးလာပါတယ်။
ဒါ့အပြင် စီးပွားရေးပျက်ကပ်၊ ငွေကြေးဖောင်းပွခြင်းနဲ့ ဘဏ်အပ်ငွေခိုင်မာမှု ထပ်မံကျဆင်းလာမှာကို စိုးရိမ်ရာက မြန်မာပြည်သူတွေဟာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို စာချုပ်စာတမ်းနဲ့ စက္ကူပိုင်ဆိုင်မှုအသွင်ကနေ အိမ်ခြံမြေပိုင်ဆိုင်မှုပုံစံ ရွှေ့ပြောင်းဖို့ ကြိုးပမ်းရာကလည်း ဝယ်လိုအားတိုးလာတာကြောင့် အိမ်ရာဈေးနှုန်းတွေ မြင့်တက်လာတာဖြစ်ပါတယ်။
ရန်ကုန်မြို့က အဆင့်မီကွန်ဒိုတိုက်ခန်းတွေကို ဩဂုတ်လမှာ (မြေပြင်ဈေးနှုန်း) ကျပ်သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၉၁၀၀၀) နဲ့ ရောင်းချခဲ့ကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင် iMyanmarHouse က ဖော်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလက ဈေးနှုန်းထက် ၇၀% ခုန်တက်သွားခဲ့တာဖြစ်ပြီး ၂၀၂၄ ဇွန်လနဲ့ ဇူလိုင်လတွေတုန်းက ပျမ်းမှုဈေးနှုန်းတွေထက် ၃၀% မြင့်တက်လာတာဖြစ်ပါတယ်။
အိမ်ခြံမြေဈေးနှုန်း မြင့်တက်လာတာနဲ့အမျှ မြန်မာပြည်ဈေးကွက်ကို အများစုထိန်းချုပ်ထားတဲ့ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ လုပ်ငန်းစုတွေအပါအဝင် အဓိကလုပ်ငန်းစုကြီးတွေကို အကျိုးအမြတ် ပိုမိုဖြစ်ထွန်းစေခဲ့ပါတယ်။
အဲဒီထဲမှာ မကြာသေးခင်က အိမ်ရာချေးငွေတွေကို သတ်မှတ်နှုန်းထက်ပိုထုတ်ချေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးသိမ်းဝေတည်ထောင်ထားတဲ့ ရိုးမအုပ်စုလည်း ပါဝင်ပါတယ်။
ရန်ကုန်မြို့ထဲကို လူတွေပိုမို ဝင်ရောက်လာတာနဲ့အမျှ စားသုံးသူအရေအတွက် တိုးပွားလာလို့ အရောင်းသွက်လာတာကလွဲရင် နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းနဲ့ ငွေကြေးဖောင်းပွမှု မြင့်မားလာခြင်းတို့အကြား တခြားသိသာထင်ရှားတဲ့ တိုးတက်မှုမျိုးမရှိဘူးလို့ စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်က သုံးသပ်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကောလင်းမြို့အရှေ့ခြမ်း ကျောက်တန်းရွာတွင် ဒေသခံ မိသားစုကို ကြိုးတုပ် ရိုက်နှက် ဓားပြတိုက်သူများကို တော်လှန်ရေးတပ်များ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အရှေ့ခြမ်းက ကျောက်တန်းရွာမှာ ဒေသခံမိသားစု တစ်စုကို ကြိုးတုပ် ရိုက်နှက် ဓားပြတိုက်သူတွေကို တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ Kawlin Info က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းကနေ မြန်မာပြည်ဆီ နေရပ်ပြန်ပို့ခံရတဲ့ ၁၂၇ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီကနေ စောင့်ခေါ်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေ

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရနောင်းမြို့၊ အကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ နေရပ်ပြန်ပို့ခံခဲ့ရတဲ့ မြန်မာ ၁၂၇ ယောက်က်ု ကော့သောင်းမြို့ စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေက စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
Read More

စစ်မှုထမ်းဖို့ မဲပေါက်ပြီး ထွက်ပြေးရင် နေအိမ်မီးရှို့မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဟာ ကျေးရွာမှာရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ခြိမ်းခြောက်ဖိအားပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ က ထုတ်ပြန်လာပါတယ်။ 
Read More

ညောင်ခြေထောက်မြို့၊ မျက်နီကွင်းရွာ စစ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့မှုအတွင်း UG တပ်များလည်း ပါဝင်ခဲ့

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့က စစ်အုပ်စုတပ်စွဲထားတဲ့ မျက်နီကွင်းကျေးရွာကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့အနေနဲ့ ပါဝင်ခဲ့ကြောင်း ကျားသစ်နက်မြို့ပြပြောက်ကျား Black Leopard UG တာဝန်ရှိသူကမောင်းကိုပြောပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူရွာကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံးပြီး ကလေး ၅ ဦးအပါ ၇ ဦး ဒဏ်ရာရ

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် ၁ ယောက် သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်၊ မိုးမိတ်ထဲ ဝင်လာနေတဲ့ အကြမ်းဖက်စစ်တပ်ကို ဆက်တိုက်နေတယ်လို့ NUG MOD ဆို

မိုးကုတ် - မိုးမိတ်ဒေသကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်တွေကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဆက်လက်တိုက်ခိုက်နေပြီး တစ်ပတ်အတွင်း တိုက်ပွဲ ၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG )၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အရေးပါတဲ့ စခန်းကုန်းတခုကို လက်ရသိမ်းပိုက်ထားနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။