အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ဂျပန်နိုင်ငံကိုယ်စားလှယ်ရုံးအနေနဲ့ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီနိုင်ရေးအတွက် ငလျင်ဘေးဆိုင်ရာ အရေးပေါ်ကူညီနိုင်ရေးကော်မတီကို အရေးပေါ်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

ငလျင်ဘေးဆိုင်ရာ အရေးပေါ်ကူညီနိုင်ရေးကော်မတီရဲ့ တာဝန်ရှိသူတွေအနေနဲ့ ဧပြီ ၃ ရက် ဒီနေ့မှာ ဂျပန်နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Rengo)ရဲ့ တာဝန်ခံတွေ၊ အသေးစား အလတ်စား စက်ပစ္စည်းထုတ်လုပ်ရေး အလုပ်သမားသမဂ္ဂ(JAM) ရဲ့ ဥက္ကဌ၊ တာဝန်ခံတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲမှာတော့ ငလျင်ဘေးအတွက် အရေးပေါ်အကူအညီနဲ့ နောက်ဆက်တွဲ အကူအညီတွေ ပေးဖို့အတွက် လက်ရှိပြည်တွင်းအခြေအနေတွေကို ရှင်းပြကာ မေတ္တာရပ်ခံတောင်းဆိုစာ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Rengo နဲ့ JAM တာဝန်ခံတွေက ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် အလွန်ဝမ်းနည်း နာကျင်ရပြီး အကောင်းဆုံးပြန်လည်ထူထောင်နိုင်ဖို့ ဆုတောင်းပေးသလို ငလျင်ဘေးသင့်ပြည်သူတွေအတွက် တစ်ဆင့်ချင်း အကူအညီပေးအပ်သွားမယ်လို့ အားပေးစကားတွေ ပြန်လည်ပြောကြားခဲ့ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မြဝတီအခြေစိုက် ကျားဖြန့်ဂိုဏ်းတွေ ခြေရာခံနိုင်ထားပြီး အစွမ်းကုန်တိုက်ဖျက်ချေမှုန်းသွားမယ်လို့ တရုတ်အစိုးရ ကြေညာ

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် လူကုန်ကူးဂိုဏ်းဟာ တရုတ်သရုပ်ဆောင်တွေကို ပစ်မှတ်ထားနေပြီး အဲ့ဒီဂိုဏ်းကို ခြေရာခံနိုင်ပြီလို့ တရုတ်အစိုးရ ပြည်သူလုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းအစိုးရက စစ်ကောင်စီကို ဘဏ္ဍာရေးနှင့် သံတမန်ရေးရာအပိုင်းမှာ တက်တက်ကြွကြွ ထောက်ခံအားပေးနေဟု Blood Money ပြော

ထိုင်းအစိုးရဟာ အာဏာသိမ်းစစ်အုပ်စုထံ ဘဏ္ဍာရေးနဲ့ သံတမန်ရေးရာအပိုင်းမှာ အထောက်အပံ့ပြုနေပြီး စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ Blood Money သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီထံ လေယာဉ်ဆီရောင်းချနေမှု ရပ်ဆိုင်းခြင်းကသာ မြန်မာပြည်သူတွေရဲ့ အသက်ကိုကယ်တင်နိုင်သည့် နည်းလမ်းဟု ဦးကျော်မိုးထွန်း ကုလမှာ တင်ပြ

မြန်မာနိုင်ငံက အရပ်သားပြည်သူတွေရဲ့ အသက်ကို ကယ်တင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဟာ စစ်ကောင်စီထံ တစ်ကမ္ဘာလုံးက လေယာဉ်ဆီရောင်းချနေမှုကို ဟန့်တားဖြတ်တောက်ပိတ်ဆို့ဖို့ ဖြစ်တယ်လို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

“U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦ်းမိုးဇော်ဦး တက်ရောက်ဆွေးနွေး

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ရှိ George Washington University ရဲ့ Elliott School of International Affairs က ကြီးမှူးပြုလုပ်တဲ့ “U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦ်းမိုးဇော်ဦးက တက်ရောက်ဆွေးနွေးခဲ့ပြီး မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကုလအထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေး ရိုဟင်ဂျာအရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး တက်ရောက်…

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အကြိမ် ၈၀ မြောက် ဆက်စပ်အစည်းအဝေးအဖြစ် နယူးယောက် မြို့မှာ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာအရေး နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုး တက်ရောက် အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဥရောပသမဂ္ဂ နိုင်ငံရေးရာ ဒုအထွေထွေအတွင်းရေးမှူး တွေ့ဆုံ၊ ဥရောပသမဂ္ဂက မြန်မာပြည်သူများနှင့် တသားတည်းရှိကြောင်း ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဥရောပသမဂ္ဂ နိုင်ငံရေးရာ ဒု-အထွေထွေအတွင်းရေးမှူး H.E. Olof Skoog ကို စက်တင်ဘာလ (၁) ရက်မှာ တွေ့ဆုံခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။