ထိုင်းအစိုးရဟာ အာဏာသိမ်းစစ်အုပ်စုထံ ဘဏ္ဍာရေးနဲ့ သံတမန်ရေးရာအပိုင်းမှာ အထောက်အပံ့ပြုနေပြီး စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ Blood Money သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် BIMSTEC အစည်းအဝေးမှာ ထိုင်းနိုင်ငံက စစ်ခေါင်းဆောင်ကို ဖိတ်ကြားမှုအပြီး ထိုင်းနဲ့ မြန်မာစစ်ကောင်စီတို့အကြား ဆက်နွယ်ပတ်သက်မှုတွေကို Blood Money ကထုတ်ပြန်လိုက်တာပါ။

ထိုင်းအစိုးရဟာ မြန်မာစစ်အုပ်စုထံ ဘဏ္ဍာရေးပိုင်း၊ သံတမန်ရေးရာပိုင်းနဲ့ မူဝါဒပိုင်းအပါအဝင် အမျိုးမျိုးသောနည်းလမ်းတွေနဲ့ ထောက်ပံ့ပေးနေတယ်လို့  ဆိုပါတယ်။ ထိုင်းဝန်ကြီးချုပ် ပိတ်ထောင်တန်ရှင်နဝတ်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ထိုင်းဟာ စစ်အုပ်စုရဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေထဲမှာ ပါ၀င်နေခဲ့ခြင်း ဖြစ်ပါတယ်။ 

ထိုင်းအစိုးရရဲ့ သံတမန်ရေးရာအရ မြန်မာအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် “BIMSTEC” ဒေသတွင်းထိပ်သီးအစည်းအဝေးကို တက်ရောက်ခြင်းဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့  ဆန့်ကျင်ဘက်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ ထိုင်းနိုင်ငံရဲ့ ဖိတ်ခေါ်မှုနဲ့ အခုလို အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့်ကတဆင့် တရားဝင် အသိအမှတ်ပြုမှုရရှိဖို့ ကြိုးပမ်းခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။  

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း ထိုင်းစစ်တပ်ဟာ  မြန်မာဒုက္ခသည် ၆၅၀ ကျော်ကို နေရပ်ပြန်ပို့ခဲ့ပြီး လူအများအတွက် အန္တရာယ်ရှိတဲ့နေရာဆီ ပြန်ပို့ခြင်းကို တားမြစ်ထားတဲ့  အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ခဲ့ပါတယ်။

(ဓာတ်ပုံ Blood Money)

The New Humanitarian (၂၀၂၅) ရဲ့  အဆိုအရ ပြန်ပို့ခံရတဲ့ မြန်မာလုပ်သားတွေထဲက အများစုဟာ နောက်ပိုင်းမှာ စစ်အုပ်စုရဲ့ အကြမ်းဖက် စစ်မှုထမ်းဖို့ ဖမ်းဆီးထိန်းသိမ်းခြင်းတွေကို ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံဟာ စစ်အုပ်စုအတွက် ငွေကြေးထောက်ပံ့ရာမှာလည်း  အဓိကအခန်းကဏ္ဍ တစ်ခုအဖြစ် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းရဲ့ နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ PTT ဟာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုကဏ္ဍမှာ ထိပ်တန်း ရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်ပါတယ်။ အီးယူနဲ့ US တို့က ပိတ်ဆို့ထားတဲ့ Myanma Oil and Gas Enterprise (MOGE) နဲ့ စီးပွားမိတ်ဖက် အဖြစ် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ PTT ဟာာ မြန်မာနိုင်ငံရဲ့ ရတနာ ဓါတ်ငွေ့ပရောဂျက်မှာ ၆၃% နဲ့ အကြီးဆုံး ရှယ်ယာရှင် ဖြစ်လာခဲ့ပါတယ်။ အဲဒီနှစ်က မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ ဝင်ငွေရရှိခဲ့တာပါ။

စစ်ကောင်စီဟာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေအတွက် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ သုံးစွဲခဲ့ပြီး ၂၀၂၁ ကနေ ၂၀၂၅ ဖေဖော်ဝါရီအထိ ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု ၄,၅၃၀ ကြိမ် အတွင်း အရပ်သားပြည်သူပေါင်း ၂,၅၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ 

ထိုင်းအစိုးရအနေနဲ့ မြန်မာပြည်သူတွေကို ဖမ်းဆီးပြီး ပြန်လည်ပို့ဆောင်တာ၊ စစ်အုပ်စုနဲ့  စီးပွါးရေးပူးပေါင်းဆောင်ရွက်တာတွေဟာ မြန်မာအကြမ်းဖက်စစ်အုပ်စုကို တက်တက်ကြွကြွ ထောက်ခံပံ့ပိုးနေကြောင်း မြင်သာထင်ရှားသိသာလာပြီဖြစ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

တမူးမြို့အနီး ပကဖ ၁၀ ဦး ကျဆုံးခဲ့သည့်အပေါ် NUG က အိန္ဒိယအစိုးရနှင့် အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်နေဟု ဆို

အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့နယ်အနီး မြို့နယ်ပကဖ ၁၀ ယောက် ကျဆုံးခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အိန္ဒိယအစိုးရနဲ့ အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာကို အမြန်ကူညီကြဖို့ ကုလသမဂ္ဂအကူအညီပေးရေး အကြီးအကဲ တိုက်တွန်းတောင်းဆို 

ငလျင်ဒဏ် ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံကို ကမ္ဘာက အလျင်အမြန် ကူညီပေးဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေးအကြီးအကဲ Tom Fletcher က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

တောင်ကိုရီးယားရောက် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဂွမ်ဂျူးလူ့အခွင့်အရေးမြို့များဖိုရမ်ကို တက်ရောက် ဆွေးနွေး…

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက မေလ ၁၇ ရက် ဒီနေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့၊ ကင်ဒေးဂျုံးစင်တာမှာ ပြုလုပ်တဲ့ “World Human Rights Cities Forum 2025” ကို တက်ရောက်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ဂျပန်အစိုးရ သံသယရှိ

၂၀၂၆ ဇန်နဝါရီလမှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး အလေးအနက် စိုးရိမ်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှိ အီဝါယာ က မတ်လ ၂၁ ရက်က ပြုလုပ်တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ Human Right Watch က ဖော်ပြပါတယ်။
Read More

ဘန်ကောက်မှာ သုံးပြီးသား Vape များ ပြန်ရောင်းသည့်လုပ်ငန်းမှ မြန်မာ ၅ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တရားမဝင် Vape ထုတ်လုပ်ရေးနေရာအဖြစ် အသုံးပြုနေတဲ့ အငှားအိမ်တစ်လုံးကို ထိုင်းရဲတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၂ ယောက်နဲ့ မြန်မာနိုင်ငံသား ၅ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

ဒီဇင်ဘာမကုန်ခင် ပန်းရောင်ကတ် လုပ်ပေးမယ်လို့ ထိုင်းအစိုးရ ကြေညာ

ထိုင်းနိုင်ငံအတွင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်လို့ ခေါ်တဲ့ တရားဝင် အလုပ်လုပ်ခွင့်ကတ်ကို လာမယ့် ဒီဇင်ဘာလ ၃၀ ရက်မတိုင်ခင် ပြုလုပ်ပေးသွားမယ်လို့ မနေ့က နိုဝင်ဘာ ၂၆ ရက်မှာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။