ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Chatuchak စျေးအနီး ဆောက်လုပ်နေဆဲ အစိုးရငွေစာရင်းစစ်ရုံး အဆောက်အဦးဟာ မတ်လ ၂၈ ရက် ငလျင်ကြောင့် ပြိုကျခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက မြန်မာတွေအပါအဝင် အလုပ်သမားတွေအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့ပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ငလျင်ဒဏ်ကြောင့် ဆောက်လုပ်နေဆဲ အစိုးရငွေစာရင်းစစ်ရုံး အဆောက်အဦး ပြိုကျပြီး ထိခိုက်သေဆုံးတာနဲ့ ပျောက်ဆုံးနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ မတ်လ ၂၉ ရက်ကစပြီး လိုအပ်တာတွေ ကူညီပံ့ပိုးပေးနိုင်ရေးအတွက် ​NUG အလုပ်သမားဝန်ကြီးဌာနနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ပြိုကျခဲ့တဲ့နေရာကို နေ့စဉ်ရက်ဆက် သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါလုပ်ငန်းခွင်အတွင်း အသက်မသေဘဲ လွတ်မြောက်လာတဲ့ အလုပ်သမားတွေ၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံကာ နှစ်သိမ့်အားပေးစကားပြောကြားတာ၊ လိုအပ်တာတွေ ကူညီပံ့ပိုးပေးတာနဲ့ ပြင်းထန်ဒဏ်ရာရသူတွေကို သွားရောက်တွေ့ဆုံကာ မိသားစုတွေနဲ့ ဆက်သွယ်ပေးတာတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိပြီး ဆေးကုသဆဲ အလုပ်သမား (၉) ယောက်အနက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၈) ယောက်၊ သေဆုံးသူ အလုပ်သမား (၁၅) ယောက်အနက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၃) ယောက်ကို အတည်ပြုထားနိုင်ပြီး အဆိုပါ အလုပ်သမားတွေရဲ့ နစ်နာမှုတွေအတွက် ဥပဒေနဲ့အညီ ဆက်လက် ကူညီဆောင်ရွက် ပေးသွားမယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ် ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၊ ချောင်းဦးမှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနှင့် ဗုံးသီးကြဲချတိုက်ခိုက်နေ

စစ်ကိုင်းတိုင်းရှိ မြင်းမူ၊ ချောင်းဦး ၊ မုံရွာ စတဲ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ မြင်းမူမြိုနယ်သတင်းမှန်ပြန်ကြားရေးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံ – နဘူးအိုင်လမ်းပိုင်းမှာ စစ်ကြောင်းဆုတ်လာတဲ့စစ်သားတွေ မိုင်းဆွဲခံရပြီး စစ်ကြောင်းမှူးအပါ ၁၃ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံ-နဘူးအိုင်လမ်းပိုင်းမှာ စစ်ကြောင်းပြန်ဆုတ်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူးအပါအဝင် စစ်သား ၁၃ယောက် သေဆုံးကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေ တိမ်းမှောက်၊ တစ်ဦး ပျောက်ဆုံးနေ

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်ခဲ့လို့ ၁၁ ယောက်ကို ကယ်ဆယ်ထားပြီး ၁ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
Read More

က.လ.လ.တ ပျားတူတပ်ဖွဲ့ရဲ့ အပတ်စဥ် ၃ အခြေခံ စစ်သင်တန်းဆင်းပွဲ အခမ်းအနား

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး က.လ.လ.တ -  ပျားတူတပ်ဖွဲ့ရဲ့ အပတ်စဥ် ၃ အ​ခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ (၂၁) ရက် ဒီနေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အညာဒေသ ရာသီနဲ့ ကိုက်ညီတဲ့ ပင်နီရောင်ယူနီဖောင်းနဲ့ တိုက်ပွဲဝင်နေတဲ့ အမှတ် (၈) စစ်ကြောင်း…

ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) တို့ တပ်ဖွဲ့ ၂ ဖွဲ့ ပေါင်းစုတိုက်ပွဲဝင်နေတဲ့ အမှတ် (၈) စစ်ကြောင်းဟာ အညာဒေသ ရာသီနဲ့ ကိုက်ညီတဲ့ ယူနီဖောင်းတွေနဲ့ တိုက်ပွဲဝင်ခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ထနောင်းကုန်းပျူစောထီးရွာတွင် ၃ရက်တာ ထိတွေ့တိုက်ပွဲဖြစ် စစ်အုပ်စုဘက်မှ ၅ဦးသေပြီး မြင်းခြံခရိုင် တပ်ရင်း (၃) ရဲဘော် ၁၀ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ 9/A Nyar Myae စစ်ဆင်ရေးအဖြစ် စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၃ရက်ဆက်ဖြစ်ပွားပြီး ပျူစောထီး ၅ယောက် သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးဘက်ကလည်း ထိခိုက်​မှုတွေရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်-၃တပ်ရင်း တာဝန်ရှိသူ ဗိုလ်မူတူးက မောင်းကိုပြောပါတယ်။