တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပကဖ Zone Five တောဗုံးကြီးအဖွဲ့ထံက သိရပါတယ်။
တနင်္သာရီမြို့ဘက်မှလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၈၀ ခန့်ရှိ စစ်ကြောင်းကို စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက ဘန်းလမွတ်ကျေးရွာကျောင်းကုန်းပိုင်းအရောက် ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ကြဲချပြီး ရှေ့ထွက်မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ကျောင်းကုန်းပိုင်းတစ်ဝိုက် အင်အားအချို့ ချန်ထားခဲ့ကာ ‌အင်အား ၂၀ ကျော်ခန့်နဲ့ ၄၃၃ ဘုရားတောင်ဘက်သို့ ဆင်းလာရာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညောင်ပင်ကုန်းကျေးရွာကို ဝင်ရောက်ကာ တပ်စွဲထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁၈ ရက်က ညောင်ပင်ကုန်းကျေးရွာမှ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်း ဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ စစ်သား ၂ ယောက်သေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၉ ရက်ကလည်း အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ထပ်မံပြီး ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို တောဗုံးကြီးအဖွဲ့ရဲ့မြေပြင်ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်နဲ့ စျေးဆိုင်တွေ မီးလောင်ပျက်စီး (ရုပ်/သံ)

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်နဲ့ စျေးဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ပျူစောထီး ၂ ယောက် ပြောက်ကျားတိုက်ခိုက်ခံရပြီး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အမှတ် ၁၈ ရက်ကွက်အတွင်း ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး ၂ ယောက်ကို ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းမှာ ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

မဲ့ပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်း FFD ထုတ်ပြန် (ရုပ်/သံ)

KNU တပ်မဟာ(၁)နယ်မြေက စစ်ကောင်စီရဲ့ မဲ့ပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy (FFD) တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်တဲ့ ပုလဲမြို့ပေါ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ ရှိနေပြီး အရပ်သားတွေကို တော်လှန်ရေးတပ်တွေ ဘေးလွတ်ရာ ပို့ဆောင်ပေးနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး  စစ်ကောင်စီတပ်က မြို့မကျရေး လေကြောင်းကနေ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို မုံရွာ-အရာတော်လမ်းပိုင်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-အရာတော်လမ်းပိုင်း တစ်လျှောက် ဇန်နဝါရီ ၅ ရက်ကနေ ၁၈ ရက်အထိ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force-Monywa က ထုတ်ပြန်ထားပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ်ကို ကြားဖြတ်တိုက်ခိုက်မှု ဒုတပ်ကြပ် ၁ ဦး သေဆုံး (ရုပ်/သံ)

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ရေယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ  ဒုတပ်ကြပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုပကဖ ကထုတ်ပြန်ထားပါတယ်။