မန္တလေးတိုင်းအတွင်းက ငလျင်ဒဏ်သင့် ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကျန်းမာရေးဝန်ကြီးဌာနက CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ စဉ့်ကူးမြို့နယ် နဲ့ မတ္တရာမြို့နယ်က နေရာတစ်ချို့မှာ ထိခိုက်ဒဏ်ရာရ ပြည်သူတွေကို ခွဲစိတ်ကုသခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ငလျင်ဒဏ်သင့်ပြည်သူတွေကို CDM အထူးကုဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ခွဲစိတ်ကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတာပါ။ 

ဒါအပြင် NUG ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ငလျင်လှုပ်ခတ်ပြီးနောက် ဖြစ်ပေါ်နိုင်တဲ့ ကူးစက်ရောဂါတွေအတွက်လည်း ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်အုပ်စုက ၄ လအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဥ် ၅၆ ခု ကျူးလွန်ကာ အရပ်သား ၆၄၀ ကျော်ကို သတ်ဖြတ်ခဲ့

မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုက ၄ လအတွင်း နိုင်ငံတစ်ဝှမ်း အရပ်သား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဥ်ပေါင်း ၅၆ခုကို ကျူးလွန်ခဲ့ပြီး အနည်းဆုံး အရပ်သား ၆၄၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာတွင် စတိတ်ရှိုး သွားကြည့်သည့် လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဆုတောင်းပြည့်ဘုရားပွဲအထိမ်းအမှတ် စစ်အုပ်စု ကျင်းပတဲ့ စတိတ်ရှိုးပွဲသွားကြည့်သူ လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရကြောင်း Monywa Road Information-MRI တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်အံတုကာ အာဏာရှင်အမြစ်ဖြတ်ရေး လက်နက်စွဲကိုင် တော်လှန်နေကြတဲ့ နွေဦးတော်လှန်ရေးခရီး ၅ နှစ်တာကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ကာ ရဲဘော်တွေ ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ တော်လှန်ပြည်သူတွေရဲ့ ကူညီထောက်ပံ့ပေးမှုတွေ လိုအပ်နေပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်အံတုကာ အာဏာရှင်အမြစ်ဖြတ်ရေး လက်နက်စွဲကိုင် တော်လှန်နေကြတဲ့ နွေဦးတော်လှန်ရေးခရီး ၅ နှစ်တာကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ကာ ရဲဘော်တွေ ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ တော်လှန်ပြည်သူတွေရဲ့ ကူညီထောက်ပံ့ပေးမှုတွေ လိုအပ်နေပါတယ်။ နွေဦးတော်လှန်ရေးရဲဘော်တွေအတွက် ကျည်ကာဦးထုပ်၊ ကျည်ကာပြား စတဲ့ စစ်သုံးပစ္စည်းတွေ လိုအပ်ချက်ရှိသလို အဓိက လိုအပ်နေတဲ့ ဆေးဝါး၊ စားနပ်ရိက္ခာ၊ ယူနီဖောင်း၊ အဝတ်အထည် စတာတွေအတွက် ထောက်ပို့ကမ်ပိန်းတွေ အသီးသီး လုပ်ဆောင်နေကြရာ အဆိုပါ ကမ်ပိန်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
Read More

ငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်သွားပြီဟု စစ်ကောင်စီ ထုတ်ပြန်

ဆိုးရွားပြင်းထန်တဲ့ အင်အားပြင်းငလျင်ကြောင့် ဒီနေ့ ဧပြီလ ၃ ရက်နေ့ မနက်အစောပိုင်းအထိ သေဆုံးသူ အရေအတွက် ၃၀၀၀ ကျော်သွားပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ လွတ်ငြိမ်းအရ အင်းစိန်ထောင်မှ ၁၉၀ ကျော် လွတ်မြောက်

အတုအယောင် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ ပုဒ်မ ၅၀၅  (က) နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရသူတွေထဲက အကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၃၀၈၅ ယောက်ကို အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းခွင့်ပေးမယ်လို့ မနေ့က ကြေညာခဲ့အပြီး ဒီနေ့မှာ အင်းစိန်အကျဉ်းထောင်က အယောက် ၁၉၀ ကျော် လွတ်လာခဲ့တယ်လို့ သိရပါတယ်။
Read More

မှော်ဘီလေတပ်ဌာနချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်၊ ဗိုလ်အပါ ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ စစ်ကောင်စီ လေတပ်ဌာနချုပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ ၉ ရက် မနေ့က ည ၇ နာရီလောက်မှာ အသေခံဒရုန်းနဲ့ သွားရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ Civilian Military SRDF တပ်ဖွဲ့ဆီက သိရပါတယ်။