“မြေငလျင်သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး” အရေးပေါ်ကမ်ပိန်းကနေ ၅ရက်အတွင်း ကူညီထောက်ပံ့ငွေ ကျပ် သိန်း ၁၀၀၀၀ ကျော် ရရှိနေပြီဖြစ်တယ်လို့ Spring Development Bank က ဒီနေ့မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။

ရရှိထားတဲ့ ထောက်ပံ့ငွေတွေကို ပထမအကြိမ် ကျပ် သိန်း ၂၀၀၀၊ ဒုတိယအကြိမ် သိန်း ၂၅၀၀၊ တတိယအကြိမ် သိန်း ၂၇၀၀ နဲ့ အခု စတုတ္ထအကြိမ်အဖြစ် သိန်း ၂၈၀၀၊ စုစုပေါင်း ကျပ် သိန်း ၁၀၀၀၀ တိတိကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနထံ လွှဲပြောင်းပေးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဒီကမ်ပိန်းရဲ့ မျှော်မှန်းတားဂတ် ပမာဏဖြစ်တဲ့ သိန်း ၁၅၀၀ ကို ၅ရက်အတွင်း ၆၆၆% ကျော်လွန်ကာ သိန်းပေါင်း ၁၀၀၀၀ ကျော် ရောက်ရှိစေခဲ့တဲ့အတွက် ကူညီကြတဲ့ ပြည်တွင်းပြည်ပက Spring Development Bank ၊ အောင်လံလွှင့်ချီ နွေဦးထီ နဲ့ Spring CrowdFund – နွေဦးလူထုရန်ပုံငွေ အသုံးပြုသူတွေကို ကျေးဇူးတင်ကြောင်း ဆိုထားပါတယ်။

“မြေငလျင်သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး” ကမ်ပိန်းဟာ ဧပြီ ၁၁ ရက်အထိ ရှိမှာဖြစ်တဲ့အတွက် ဆက်လက် ထောက်ပံ့ကူညီကြဖို့လည်း တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

အမ်း-စစ်တွေ ကားလမ်းဘေးက ကျေးရွာ ၇ ရွာကို အကြမ်းဖက်စစ်တပ် ရွှေ့ပြောင်းခိုင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အမ်း-စစ်တွေ ကားလမ်းအနီးမှာရှိတဲ့ ကျေးရွာ ၇ခုကို အကြမ်းဖက်စစ်တပ်က ချက်ချင်းပြောင်းရွှေ့ခိုင်းတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွါ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။
Read More

မင်းဘူး (စကု) မြို့နယ်အတွင်း ပြည်သူများကို သတ်ဖြတ်နေသည့် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၄ယောက်သေပြီး အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူး (စကု)မြို့နယ်၊ စကုမြို့အနောက်ပိုင်း ခံကုန်းရွာကနေ ရွှေစက်တော်ဘုရားဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ယောက် သေပြီး တပ်ကြပ်ကြီးအပါအဝင် အများအပြား ဒဏ်ရာရသွားကြောင်း သိရပါတယ်။
Read More

ရခိုင်ဝန်ကြီးချုပ်၏ သမီးဖြစ်သူ NLD ပါတီ ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ကို အလွှတ်ပြပြီး ထောင်ဗူးဝတင် စစ်အုပ်စု က ပြန်လည်ဖမ်းဆီး၊ ထောင်ဗူးဝတင် ပြန်လည်အမှုဆင် ဖမ်းခံရသည့် နိုင်ကျဥ်း ၇၄ ဦးအထိ ရှိ

ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ကို စစ်အုပ်စုက ထောင်ဗူးဝတင် ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

ပြင်ဦးလွင် ခရိုင်၊မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲ့ အထူးတိုက်ခိုက်ရေး သင်တန်း ဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင် ခရိုင်၊မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ရဲ့ အထူးတိုက်ခိုက်ရေး သင်တန်း ဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ ပြင်ဦးလွင်မြို့နယ် ပကဖ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုတွင် အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်တွင် ရိက္ခာပြတ်ပြီး ငတ်နေသည့် သရက်ကန်ပျူစောထီးများ အကြမ်းဖက်စစ်တပ်ကို အကူအညီတောင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ရွာ ပျူစောထီးတွေက ရွာထဲ ငတ်ပြတ်နေမှုကြောင့် အကြမ်းဖက်စစ်ကော်မရှင်ထံ ရိက္ခာချပေးဖို့ တောင်းဆိုနေကြကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။