ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေး‌ဒေသမှာ ငလျင် ဘေးသင့်ဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က အင်းလေးတောင်ခြမ်းရှိ ကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အင်းလေးလူ့အခွင့်အရေးက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က မတ်လ ၃၁ ရက် မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း ဒရုန်း၊ လက်နက်ကြီးတို့နဲ့ ၈ ကြိမ် တိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၃၀ ရက် ညနေပိုင်းကလည်း အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့ ဒရုန်းနဲ့ လက်နက်ကြီး ၆ ကြိမ် တိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်တစ်လုံး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အင်းလေးဒေသ တစ်ဖက်ခြမ်းမှာ ပြည်သူတွေ ဒုက္ခရောက်နေပြီး ငလျင်ဘေးသင့်ဒဏ်ခံနေရချိန်မှာ စစ်‌တပ်နဲ့ PNA/PNO တို့က ပြည်သူတွေကို မကူညီတဲ့အပြင် လက်နက်ကြီး ၊ ဒရုန်းတွေနဲ့ အင်းလေးတောင်ခြမ်းရှိ ကျေးရွာ‌တွေကို နေ့စဉ် တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။

အင်းလေးဒေသ ရေပေါ်ကျေးရွာတွေမှာ မတ်လ ၃၀ ရက်အထိ ငလျင်ကြောင့် သေဆုံးသူ (၈၉) ယောက်ရှိပြီဖြစ်ပြီး အိမ်ခြေပေါင်း (၂၃၃၇) လုံး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ အင်းလေးဒေသလူ့အခွင့်အရေး)

0 Shares:
You May Also Like
Read More

မွန်မှာ အာဏာသိမ်းစစ်တပ်ရဲ့ သန်းခေါင်စာရင်းကောက်ယူမှု အပြည့်အ၀ မအောင်မြင်ခဲ့

မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ သန်းခေါင်စာရင်းကောက်ယူမှုဟာ အပြည့်အ၀ မအောင်မြင်ခဲ့ဘူးလို့  ရာမညဖက်ဒရယ်အင်အားစုသစ် - NRFF က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ အသက်သွေးကြောတစ်ခုဖြစ်သည့် ကပစစက်ရုံများ၏ တာဝန်ရှိသူများ စာရင်းကို တမာအင်စတီကျု ထုတ်ပြန် 

မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေရဲ့ နောက်ကွယ်က အဓိက တာဝန်ရှိသူတွေကို တမာအင်စတီကျု ကနေပြီး “သေနတ်များနောက်ကွယ်မှ သွေးစွန်းလက်များ၊ မြန်မာစစ်တပ်၏ လက်နက်ထုတ်သူများအား ဖော်ထုတ်ခြင်း” အမည်နဲ့ သုတေသနအစီရင်ခံစာ တစ်စောင်ကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။ 
Read More

မိုးကုတ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွက်ပေါ်လာရေးအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်တဲ့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဟာ မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံပုဒ်မ ၇၅ အရ အဆိုပါကောင်စီကိုဖွဲ့စည်းလိုက်တယ်လို့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြိုင်နှင့်ပေါက်အစပ် ဝင်ရောက်နေသည့် စစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၃ ဦး မြိုင်ပကဖထံ သေနတ် ၃ လက်နှင့် အလင်းဝင်

မကွေးတိုင်း၊ မြိုင်နဲ့ပေါက်အစပ်မှာ ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းထံက စစ်ကော်မရှင်တပ်သား ၃ ယောက် သေနတ် ၃ လက်နဲ့ ကျည်ဆံတွေ ယူဆောင်ပြီး အလင်းဝင်ရောက်လာကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ တိုက်ပွဲအတွင်း ခရီးသည်များ ပိတ်မိနေခဲ့၊ ၃ နှစ်သား က​လေးငယ်နှင့် မိခင်ဖြစ်သူအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲအတွင်း ပိတ်မိတဲ့ ခရီးသည်​တွေထဲက ၃ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။