နေပြည်တော် ဥတ္တရသီရိမြို့နယ် ဟိုတယ်အေးချမ်းသာအဆောက်အအုံမှာ ပိတ်မိနေသူ ၂ ယောက်ထဲက ၁ ယောက်ကို  ဒီနေ့ မတ်လ ၂ ရက် မနက်အစောပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဟိုတယ်အေးချမ်းသာ ၆ ထပ်အဆောက်အအုံရဲ့ အောက်ဆုံး ၂ ထပ်ပြိုကျမှုအတွင်း ပိတ်မိနေခဲ့ တာဖြစ်ပြီး တူရီကီနိုင်ငံမှာ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များနဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့ ပူး ပေါင်းပြီး ကယ်ထုတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆောက်အအုံအောက်မှာ ပိတ်မိနေသေးတဲ့ ကျန်ရှိသူ ၁ ယောက်ကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာမှာ မီးလောင်မှု ဖြစ်ပွား၊ အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာမှာ မတ်လ ၁၂ ရက် မနေ့ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဖောက်ခွဲတိုက်ခိုက်ခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးသွားခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရဲစခန်းအတွင်း မူးယစ်သောက်စားပြီး PDF တွေကို စိန်ခေါ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်မှာရှိတဲ့ ရဲစခန်းကို ဇန်နဝါရီ ၁ ရက် မနက်အစောပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (Salingyi) ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ် စစ်သင်္ဘောတစ်စီးကို ဗုံးသီး ထိမှန်ခဲ့တဲ့ ရုပ်သံဖိုင် ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ထုတ်ပြန် (ရုပ်/သံ)

မန္တလေးတိုင်း ဂေါဝန်ဆိပ်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၂ စီးကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ တစ်စီးကို တည့်တည့်ထိထိမှန်ခဲ့တဲ့ ရုပ်သံဖိုင်ကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
Read More

Loikaw Local PDF တည်ထောင်ခြင်း ၁ နှစ်ပြည့်မှာ ရဲဘော်တွေအတွက် လက်နက်ခဲယမ်းနဲ့ အကာအကွယ်ပစ္စည်းတွေတပ်ဆင်ပေး (ရုပ်/သံ)

Loikaw Local PDF ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၃၁ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ရဲဘော်တွေအတွက် လက်နက်ခဲယမ်းနဲ့အကာအကွယ်ပစ္စည်းတွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ် တတက ၁၃ ကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်မှု၊ အထက်တန်းနည်းပြအရာရှိ ၃ ဦးနှင့် အခြားအဆင့် စစ်သား ၁၈ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ အမှတ် ၁၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အထက်တန်းနည်းပြအရာရှိ ၃ ယောက်နှင့် တခြားအဆင့် တိုက်ခိုက်ရေးစစ်သား ၁၈ ယောက်သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar က သတင်းထုတ်ပြန် ထားပါတယ်။