အမေရိကန်နိုင်ငံက ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ခရစ်ယာန်အဖွဲ့တစ်ခုဟာ မြန်မာပြည်က ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီဖို့ လာရောက်မယ့်အကြောင်း ခရစ်ယာန် တရားဟောဆရာကြီး ဖရန်ကလင်းဂရေဟန် က သူ့ရဲ့ ဖေ့ဘွတ်(ခ်) စာမျက်နှာကတဆင့် အသိပေးပါတယ်။

အမေရိကန်နိုင်ငံက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေပါတဲ့ Samaritan’s Purse ခရစ်ယာန်အဖွဲ့ကို မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ဒေသတွေကို စေလွှတ်ပြီး ခွဲစိပ်ခန်း နှစ်ခန်းပါတဲ့ ယာယီဆေးရုံတစ်ခု တည်ဆောက်ပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။  

Samaritan’s Purse အဖွဲ့ဟာ  မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်သူတွေကို ကူညီဖို့ အမေရိကန်နိုင်ငံကနေ ထွက်ခွါလာပြီလို့လည်း သိရပါတယ်။

အဆိုပါအဖွဲ့ဟာ DC-8 ကုန်လေယာဉ်နဲ့အတူ ကနေဒါ၊ အယ်လ်ဘာတာ၊ ကယ်လ်ဂရီမြို့ရှိ Samaritan’s Purse Canada စီမံကိန်းဂိုဒေါင်က အရေးပေါ်ကုသရေး ဆေးရုံတစ်ခုကို မြန်မာနိုင်ငံထံ သယ်ယူဖို့ ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

အဲဒီ ယာယီဆေးရုံထဲမှာ အရေးပေါ်ခန်း၊ လူနာထားခန်း၊ ဆေးပေးခန်းတွေ ပါဝင်မှာဖြစ်ပြီး ဆရာဝန်၊ သူနာပြု၊ ကယ်ဆယ်ရေးသမား၊ သောက်ရေဆိုင်ရာကျွမ်းကျင်ပညာရှင် Samaritan’s Purse အဖွဲ့ဝင် ဝန်ထမ်းပေါင်း ၈၀ ကနေ ၁၃၀ အထိ ပါဝင်မယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီလက်ထက်မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ စိတ်ကူးလို့တောင်မရဟု အမေရိကန်သံတမန် ပြော

အာဏာသိမ်းစစ်ကောင်စီလက်ထက် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ရွေးကောက်ပွဲ ပေါ်ပေါက်လာဖို့ လက်ရှိမှာ စိတ်ကူးကြည့်ဖို့တောင် မဖြစ်နိုင်ဘူးလို့ အမေရိကန်သံတမန်တဦးက အောက်တိုဘာလ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
Read More

လက်နက်ချဖို့ ထရမ့်ရဲ့ပြောဆိုချက် အီရန်ခေါင်းဆောင် ပယ်ချ၊ အမေရိကန်ရဲ့ စွက်ဖက်မှုကြောင့် ပြန်ပြင်လို့မရအောင် ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ဆို

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရချိန်မှာ အမေရိကန်က လက်နက်ချဖို့ ပြောဆိုလာမှုကို အီရန်ထိပ်တန်းခေါင်းဆောင်က ဗုဒ္ဓဟူးနေ့မှာ ပယ်ချလိုက်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီမှာ မြန်မာရွှေ့ပြောင်း ၁၉ ဦးနဲ့ ပို့ဆောင်ပေးသူ ၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖုမ်မှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၉ ဦးနဲ့ ၎င်းတို့ကို ပို့ဆောင်ပေးသူ ၂ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
Read More

အလှမယ်များကို အော်ဟစ်ကြိမ်းမောင်းခဲ့မှုကြောင့် Miss Universe Thailand ဥက္ကဋ္ဌ နာဝပ် တာဝန်များ ကန့်သတ်ခံရ၊ နာဝပ် ပြန်တောင်းပန်

Miss Universe ပြိုင်ပွဲဝင် အလှမယ်တွေကို Miss Universe Thailand (MUT) ဥက္ကဋ္ဌဖြစ်သူ နာဝပ် အစ်ဆာရာဂရီဆယ်က အော်ဟစ်ကြိမ်းမောင်းခဲ့တာကြောင့် နာဝပ်ကို တာဝန်တွေကနေ ကန့်သတ်နိုင်သမျှ ကန့်သတ်ကာ သူ့ရဲ့ အခန်းကဏ္ဍကို လျှော့ချသွားမယ်လို့ မယ်စကြဝဠာအဖွဲ့ (MUO) ပူးတွဲပိုင်ရှင် ရာအူးလ်က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ပါတယ်။
Read More

ဘန်ကောက်မြို့လယ်စျေးတွင် ပစ်ခတ်မှုကြောင့် သေနတ်သမား အပါအဝင် ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ချာထူချက် စျေးမှာ ပစ်ခတ်မှု ဖြစ်ပွားရာ သေနတ်သမားအပါအဝင် လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။ သေနတ်သမားကတော့ ကိုယ်ကိုကိုယ် အဆုံးစီရင်သွားတာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Read More

ရောင်နီ Live in  Francisco ဂီတဖျော်ဖြေပွဲမှ  ရန်ပုံငွေ ဒေါ်လာ ၁၄၅,၀၀၀ ရရှိ၊ အကျိုးအမြတ်အားလုံး ပြန်လည် လှူဒါန်းမည်

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမြို့မှာ ပြုလုပ်တဲ့ ရောင်နီ Live in Francisco ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးအတွက် ရံပုံငွေ ကန်ဒေါ်လာ ၁၄၅,၀၀၀ ရရှိခဲ့ရာ အကျိုးအမြတ်အားလုံးကို ပြန်လည်လှူဒါန်းသွားမယ်လို့ သိရပါတယ်။