တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ လေယာဉ်ဆီပေပါတွေ တင်ဆောင်ကာ ထား၀ယ်ကို မောင်းနှင်လာတဲ့ ငါးဖမ်းစက်လှေနှစ်စီးကို စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လောင်းလုံး ပကဖ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက လေယာဉ်ဆီတင်ဆောင်လာပြီး ထား၀ယ်မြစ်အတွင်း ရောက်ရှိလာတဲ့ ငါးဖမ်းစက်လှေနှစ်စီးကို လောင်းလုံးပကဖရဲဘော်တွေက ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီစက်လှေနှစ်စီးပေါ်မှာ လေယာဉ်ဆီပေပါတွေ တင်ဆောင်လာပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ယောက်စီ လိုက်ပါလာခဲ့တယ်လို့ လောင်းလုံး ပကဖ က ဆိုပါတယ်။
အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုရှိမရှိကိုတော့ ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ လောင်းလုံး ပကဖ က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

၇၈ နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနား SSPP ဌာနချုပ်မှာ ကျင်းပ (ဓာတ်ပုံသတင်း)

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်မှာ ရှမ်းအမျိုးသားနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။
Read More

ပြင်ဦးလွင် ခရိုင်၊မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲ့ အထူးတိုက်ခိုက်ရေး သင်တန်း ဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင် ခရိုင်၊မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ရဲ့ အထူးတိုက်ခိုက်ရေး သင်တန်း ဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ ပြင်ဦးလွင်မြို့နယ် ပကဖ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

KNU ဌာနချုပ်နေရာဟောင်း မာနယ်ပလော နှစ် ၃၀ ကြာပြီးနောက် KNU ထံ အလုံးစုံ ပြန်လည်ရောက်ရှိ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး - KNU ဌာနချုပ်ဟောင်း မာနယ်ပလောက အကြမ်းဖက်စစ်ကောင်စီရဲ့ ပွိုင့် ၉၁၃ နို့ဒေးတပ်စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KNU တပ်မဟာ ၇ နယ်မြေ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

MDY PDF ၏ ဗဟိုကော်မတီဝင် ၂ဦးကို တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ တရားမဝင် ထုတ်ယူမှုဖြင့် ထိန်းသိမ်းထားကြောင်း MDY PDF ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ၂ယောက်ဖြစ်တဲ့ ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နဲ့ ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ကို ကာလတန်ဖိုးကြီးမားတဲ့ ဘဏ္ဍာပစ္စည်းယူမှုနဲ့ စည်းမျဉ်းစည်းကမ်းချိုးမှုကြောင့် တာဝန်ကနေ ရပ်စဲပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ MDY PDF က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းသိမ်းတိုက်ပွဲက ပြန်လာတဲ့ Venom စစ်ကြောင်းက ရဲဘော်များ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီရဲ့ စွယ်တော်ကုန်းအမြောက်တပ် စခန်းသိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ကော်ဘရာစစ်ကြောင်း ၂ (Venom) စစ်ကြောင်းက ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး(၂၇)လုံးနှင့် အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂၇)လုံးနဲ့ အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။