စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ​အင်အားပြင်း ၇.၇ ရစ်ချက်တာစကေး ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန်မှာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

အင်အားပြင်းငလျင်ကြောင့် ပြည်သူတွေ သဘာဝဘေးဒုက္ခရောက်နေချိန် အကြမ်းဖက်စစ်အုပ်စုက စစ်ကိုင်းတိုင်းက ချောင်းဦးမြို့နယ်၊ ကချင်ပြည်နယ်က ဗန်းမော်မြို့နယ်၊ ရှမ်းပြည်နယ်က နောင်ချိုမြို့နယ်၊ မကွေးတိုင်းက ပေါက်မြို့နယ်၊ ရခိုင်ပြည်နယ်က ကျောက်ဖြူမြို့နယ်၊ ပဲခူးတိုင်းက ဖြူးမြို့နယ်နဲ့ ကရင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်နဲ့ ဆိုင်ခန်းတွေ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားထိခိုက်မှုတွေလည်း ရှိခဲ့သလို အချို့နေရာတွေမှာ တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် မြေပြင်အခြေအနေမှာ စုံစမ်းရခက်ခဲနေဆဲဖြစ်တယ်လို့ AAPP က ဆိုပါတယ်။

ဒါ့အပြင် ငလျင်ဒဏ်သင့်ဒေသတွေက အကျဉ်းထောင်တွေရဲ့ သက်ရောက်မှုအခြေအနေ၊ အကျဉ်းသားတွေရဲ့ ဘေးအန္တရာယ်ထိခိုက်မှု ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်အုပ်စုက တိကျတဲ့ သတင်းထုတ်ပြန်ချက်တွေ မပေးဘဲ သတင်းအမှောင်ချထားတာကြောင့် အကျဉ်းသားတွေ ဘေးကင်းလုံခြုံရေးအတွက် မိသားစုဝင်တွေ စိုးရိမ်နေတယ်လို့ AAPP က ထုတ်ပြန်ပါတယ်။

နောင်ချိုမြို့နယ်မှာ မတ်လ ၂၈ ရက်က ငလျင်လှုပ်ပြီး နာရီဝက်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစခန်းများကို ရောကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရှင်မကန်၊ ညောင်ဂျစ်ပင်၊ အနောက်မကျီးကန်နဲ့ အောင်သာကျေးရွာတွေက ပျူစခန်းတွေကို ၃ရက်ဆက် ရော့ကတ် ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku က ထုတ်ပြန်ထားပါတယ်။
Read More

တောကျွဲအင်းမြို့  အကြမ်းဖက်စစ်တပ် စခန်းများအား PDF သိမ်းပိုက်ထား

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း ဘေးမှာရှိတဲ့ တောကျွဲအင်းမြို့က အကြမ်းဖက်စစ်တပ်စခန်း အားလုံးကို သိမ်းပိုက်ထားတယ်လို့  တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ရင်းတစ်ခုက မောင်းကို အတည်ပြု ပြောဆိုပါတယ်။
Read More

မာနယ်ပလောကို KNLA ၊ KNDO ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Federal Wings တရားဝင်ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်နေရာဟောင်းရှိရာ မာနယ်ပလောစခန်းကို KNLA ၊ KNDO ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

မုဒုံ ရွှေဟင်္သာဈေးရှေ့တွင် စစ်တပ်နောက်လိုက် ပျူစောထီး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ အကြမ်းဖက် စစ်တပ်နောက်လိုက် ပျူစောထီးတစ်ယောက်ကို သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါခရိုင်တပ်ရင်း (၅) ရင်း စုဖွဲ့လေ့ကျင့်မှုတွေ လုပ်ဆောင်နေ…

မကွေးတိုင်းအခြေစိုက် ဂန့်ဂေါခရိုင် ၊ ခရိုင်အမှတ် (၁၃၊၁၅၊၁၆၊၁၇၊၁၈) တပ်ရင်းတွေအနေနဲ့ ဒေသအတွင်း တော်လှန်ရေးအင်အားစုတွေ ကျစ်လျစ်အားကောင်းလာစေဖို့ ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်က စတင်လို့ စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့ရာ ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်တွေနဲ့အညီ တိုက်ပွဲအချို့လည်း ဖော်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့အတွင်း စစ်ကောင်စီက သီတင်းကျွတ်လပြည့်ညမှာ ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ (၄) ယောက် ဒဏ်ရာရ… အများပြည်သူ ကုသိုလ်ယူချိန် အရပ်သား ပစ်မှတ်ထားတိုက်ခိုက်မှုဟာ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်လို့ TNLA ပြော…

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက သီတင်းကျွတ်လပြည့်ညမှာ အရပ်သားပစ်မှတ်ထားပြီး ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် (၄) ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။