ပြင်းထန်ဆိုးရွားတဲ့ ငလျင်ဒဏ်ကြောင့် သေဆုံး ပျက်စီးဆုံးရှုံးရမှုတွေအတွက် ၂၀၂၅ မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၆ ရက်နေ့အထိကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် နေ့ရက်များအဖြစ် စစ်ကောင်စီက သတ်မှတ်လိုက်ပါတယ်။ 

ပြင်းအား ၇ ဒသမ ၇ ရစ်ချက်စတာ စကေး ရှိ အလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုတွေကြောင့်  အသက်ဆုံးရှုံးရမှုနဲ့ ပျက်စီးဆုံးရှုံးရမှုတွေကို စာနာနားလည်ရန် ထပ်တူခံစားလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် နေ့ရက်ကို သတ်မှတ်လိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝမ်းနည်းခြင်း နေ့ရက်အဖြစ် သတ်မှတ်ထားတဲ့ ရက်တွေမှာ နိုင်ငံတော်အလံကို တိုင်ဝက်လျှော့ချ လွှင်ထူပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကိုင်းကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ အရေအတွက်ဟာ ၁၇၀၀ကျော်သွားပြီလို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ငလျင်ကြောင့် နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်း ကြေညာမှုမတိုင်ခင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားတွေနေထိုင်ရာ မကွေးတိုင်းနဲ့ ကရင်ပြည်နယ်က နေရာအချို့မှာ လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ လက်ရှိအခြေအနေမှာ ခုခံစစ်ကလွဲပြီး ထိုးစစ်တွေ ရပ်နားထားမယ်လို့ အသိပေးကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ပွဲအသစ်တွေ ဆက်လက်ဖော်ဆောင်ပြီး စစ်အာဏာရှင်ကို ဖြုတ်ချဖို့ MDY-PDF တပ်သားသစ်တွေခေါ်ယူနေ

မန္တလေးဒေသမှာ နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MDY-PDF က တပ်သားအသစ်တွေ လက်ခံခေါ်ယူနေပြီလို့ ဒီနေ့ နို၀င်ဘာ ၂၂ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုမှာ တော်လှန်ရဲဘော် ၁ ဦးရဲ့ အဖေကို စစ်ကောင်စီ သတ်ဖြတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂွေချောင်းရွာက ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီထဲက ဦးသိန်းသန်းဌေး (၄၁) နှစ် ဆိုသူကို ရိုက်နှက်ကာ သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

AA နဲ့ ပူးပေါင်းတပ်များ ပိတ်ဆို့ထားတဲ့ နတ်ရေကန်စခန်းမှ ထွက်ပြေးသူ ဆယ်ချီရှိ

ရခိုင်နဲ့ မကွေးအစပ်က နတ်ရေကန်ဗျူဟာစခန်းကနေ ထွက်ပြေးတဲ့ စစ်ကော်မရှင်တပ်သား ဆယ်ချီရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ AA နဲ့ ပူးပေါင်းတပ်တွေဟာ အဆိုပါနတ်ရေကန်စခန်းကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး နတ်ရေကန်စခန်းဘေးပတ်လည်က ကင်းစခန်းတချို့ကိုလည်း သိမ်းထားခဲ့တာဖြစ်ပါတယ်။ အဲဒီလို ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ နတ်ရေကန် ဗျူဟာစခန်းကနေ ဆယ်နဲ့ချီတဲ့စစ်သားတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
Read More

မန္တလေးနဲ့ မဝေးတဲ့ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုက ရွာကို မီးရှို့၊ စစ်အုပ်စုက လေကြောင်းနဲ့ လက်နက်ကြီးတွေပါ ပစ်ခတ်နေ

မန္တလေးမြို့အနီး မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ ရွာကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီအတွက် တာဝန်ထမ်းနေတဲ့ ပျူစောထီးကို နေအိမ်မှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ပေါ်လံကြီးကျေးရွာမှာနေထိုင်တဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်းရာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF - ၃၆၀၁ တပ်ရင်း) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငဖဲမြို့နယ်ရှိ ဘိန်းစိုက်ခင်း ဧက ၃၀ ခန့်ကို PRA Magway ဝင်ရောက် ဖျက်ဆီး

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းမှာရှိတဲ့ ဘိန်းစိုက်ခင်း ဧက ၃၀ နီးပါးကို ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) က ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။