မန္တလေးမြို့ပေါ်ရှိ Sky Villa ကွန်ဒိုနဲ့ ဂရိတ်ဝေါဟိုတယ်တို့က အသက် ၅ နှစ်အရွယ်ကလေးနဲ့ ကိုယ်ဝန်ဆောင်အပါ ၄ ယောက်ကို တရုတ်ကယ်ဆယ်ရေးအဖွဲ့နဲ့ တရုတ် Ramunion Rescue ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့တယ်လို့ တရုတ်သံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

မန္တလေးမြို့ Sky Villa ကွန်ဒိုမှာ နာရီ ၆၀ ကျော်ကြာ ပိတ်မိနေတဲ့ အသက် ၅ နှစ်အရွယ် ကလေး ၁ ယောက်၊ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ယောက်နဲ့ အသက် ၂၉ နှစ် အမျိုးသမီးတို့ကို တရုတ်ကယ်ဆယ်ရေးအဖွဲ့၊ တရုတ် Ramunion Rescue ကယ်ဆယ်ရေးအဖွဲ့နဲ့ မြန်မာကယ်ဆယ်ရေးအဖွဲ့က မတ်လ ၃၁ ရက် ဒီနေ့ မနက်အစောပိုင်းမှာ ရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နဲ့ မြန်မာကယ်ဆယ်ရေးသမားတွေက ညလုံးပေါက် ကယ်ဆယ်ရာကနေ အသက်ရှင်ကျန်ရစ်သူ (၄) ယောက် ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပြီး ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်သလို ၂ ယောက်စလုံးကို ဆေးရုံဆီ ပို့ဆောင်ကုသပေးခဲ့တယ်လို့ တရုတ်သံရုံးက ဆိုပါတယ်။

ဒါ့အပြင် ဂရိတ်ဝေါဟိုတယ်(Great Wall Hotel) မှာ ပိတ်မိနေတဲ့ အမျိုးသမီး ၁ ယောက်ကိုလည်း မတ်လ ၃၀ ရက် မနေ့က ညသန်းခေါင်ကျော်ချိန်မှာ တရုတ်ကယ်ဆယ်ရေးအဖွဲ့က မြန်မာကယ်ဆယ်ရေးလုပ်ဆောင်သူတွေနဲ့ အတူပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Chinese Embassy in Myanmar)

0 Shares:
You May Also Like
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ်(၅) ကို စစ်ရေးချုပ်ခူးရီးဒူ လာရောက်တွေ့ဆုံ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၅) ကို KNDF တပ်ဖွဲ့ရဲ့ စစ်ရေးချုပ် ခူးရီးဒူ လာရောက်တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ် အထိုင်ချစခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်၊ ဒီဇင်ဘာလတိုက်ပွဲတွေအတွင်း စစ်တပ်က  (၁၅၁) ယောက် သေပြီး (၈၉) ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အတည်ပြုထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ အထိုင်ချစခန်း ၄ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၃ တပ်စခန်းမှာ တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်မှာ ဂိတ်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားကို ပစ်ခတ်ရှင်းလင်း…

ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ၊ ကိုင်းယားရှည်ရွာမှာ ဂိတ်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ 3801 တပ်ခွဲ 5 ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ဧရာ၀တီ PDF စစ်ဗျူဟာ ဖွဲ့စည်းနိုင်မှုအပေါ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

တောင်ပိုင်းတိုင်းစစ်ဒေသမှာ ဧရာ၀တီ PDF စစ်ဗျူဟာ အမှတ် ၂၉ ကို ဖွဲ့စည်းနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People’s Liberation Force)က သဝဏ်လွှာတစ်ရပ် ပေးပို့လိုက်ပါတယ်။
Read More

အုတ်တွင်းမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို တိုက်ခိုက်၊ ရဲတပ်ကြပ် ၁ ယောက် သေပြီး ၄ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ကြပ် ၁ ယောက် သေပြီး ရဲ ၃ ယောက်နဲ့ စစ်သား ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။