တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ထိခိုက်မှာ စိုးတာကြောင့် အာဏာသိမ်း စစ်ကောင်စီက ငလျင်အတွက် လာရောက်မယ့် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို ပြည်ဝင်ခွင့်မပြုတာ ဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။

ထိုင်ဝမ်က ငလျင်အရေးပေါ် တုန့်ပြန်ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက် ညပိုင်းကတည်းက လာရောက်ကူညီဖို့ အသင့်ပြင်ထားခဲ့ပေမယ့် ပြည်ဝင်ခွင့်မရခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်က ငလျင်ဘေးအတွက် နိုင်ငံတကာရဲ့ အကူအညီတွေ လိုအပ်တယ်လို့ ထုတ်ပြောထားပေမယ့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ခံတယ်ဆိုတဲ့ စစ်ကောင်စီဟာ တရုတ်ရဲ့ ဖိအားကိုကြောက်ရွံ့ပြီး ထိုင်ဝမ်ရဲ့ ကူညီမှုကို ခွင့်မပြုခဲ့တာလည်း ဖြစ်ပါတယ်။


ထိုင်ဝမ် အရေးပေါ်ငလျင် ကယ်ဆယ်ရေးအဖွဲ့ဟာ စစ်ကောင်စီကို ဆက်သွယ်ခဲ့ပြီး ၄၈ နာရီကြာ စောင့်ဆိုင်းခဲ့ရပြီးမှ ပြည်ဝင်ခွင့်မရလို့ ကူညီကယ်ဆယ်ရေး အစီအစဉ်တွေ ရပ်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ဟာ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး ကျွမ်းကျင်ဝန်ထမ်းတွေနဲ့  ဆရာဝန်တွေ အပါအဝင် အဖွဲ့ဝင် ၁၂၆ ယောက်၊ ရှာဖွေကယ်ဆယ်ရေး ခွေးတွေ၊ လိုအပ်တဲ့ စက်ကိရိယာတွေနဲ့အတူ လာရောက်ကူညီဖို့ အသင့်စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီက တရုတ်ရဲ့ ငြိုငြင်မှုကို ကြောက်လန့်ပြီး ထိုင်ဝမ်ရဲ့ အကူအညီကို ငြင်းဆိုခဲ့ပေမယ့် တရုတ်ကိုယ်တိုင်က ၂၀၀၈ ခုနှစ်တုန်းက စီချွမ်ငလျင် ဖြစ်ပွါးခဲ့စဉ် ထိုင်ဝမ်ရဲ့ ကူညီကယ်ဆယ်ရေးကို လက်ခံခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကုလစင်မြင့်မှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ကုသလမဂ္ဂမှာ ဆက်လက် ရပ်တည်ခွင့်ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်ကွပ်မျက်မှုဟာ ကြီရလေးတဲ့ နိုင်ငံတကာရာဇ၀တ်မှုကို ကျူးလွန်လိုက်ခြင်းဟု IIMM သတိပေး

စစ်ကောင်စီက အကျဉ်းသားတွေကို သေဒဏ်ချမှတ်ကွပ်မျက်မှုကကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုကို ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က အနီးကပ် စောင့်ကြည့်နေကြောင်း မနေ့ကစက်တင်ဘာ ၂၃ရက်)တွင် အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်အာဏာရှင်လက်အောက် အနှစ်သာရ ကင်းမဲ့နေတဲ့ မြန်မာသင်္ကြန် ယူနက်စကို စာရင်းဝင်ခဲ့ပြီ

မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးမျှော်လင့်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အသိအမှတ်ပြု စာရင်းဝင်ခဲ့ပါပြီ။
Read More

မြန်မာအနေဖြင့် နယ်ကျော်ရာဇဝတ်မှုများ ဖြေရှင်းရန် အာဆီယံ လိုလား

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ် သက်ရောက်မှုရှိနေတဲ့ နယ်ကျော်ရာဇဝတ်မှုပြဿနာကို မြန်မာအနေနဲ့ ဖြေရှင်းဖို့ အာဆီယံက လိုလားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီဖမ်းထားတဲ့ ထိုင်းငါးဖမ်းသမား ၄ ဦး လွတ်လပ်ရေးနေ့မှာ ပြန်လွတ်မယ်လို့ ထိုင်းပြော

ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ စစ်ကောင်စီရေတပ်က ဖမ်ဆီးခဲ့တဲ့ ငါးဖမ်းလှေပေါ်က ထိုင်းငါးဖမ်းသမား ၄ယောက်ကို စစ်ကောင်စီက လာမယ့် ဇန်နဝါရီလ ၄ ရက်မှာ ပြန်လွှတ်ပေးမယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောပါတယ်။
Read More

အစ္စရေးက Rising Lion စစ်ဆင်ရေး အမည်ဖြင့် အီရန်ကို စတင်တိုက်ခိုက်၊ နျူကလီးယားပစ်မှတ်များနှင့် အဝေးပစ်ဒုံးကျည် ပစ်မှတ်များကို တိုက်ခိုက်ခဲ့ဟု ဆို

အစ္စရေးနိုင်ငံက Rising Lion စစ်ဆင်ရေးနာမည်နဲ့ အီရန်နိုင်ငံကို စတင်တိုက်ခိုက်ကြောင်း ကြေညာပြီးနောက် အီရန်နိုင်ငံ၊ တီဟီရန်မြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။