ရန်ကုန်တိုင်း၊ ရွှေပေါက္ကံမြို့သစ်က (၂၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ယောက်သေဆုံးပြီး ၁ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
စက်တင်ဘာ ၁၆ရက်၊ မနေ့ကညပိုင်းမှာ ရွှေပေါက္ကံမြို့သစ်၊ (၂၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မြောက်ဥက္ကလာပ ပကဖ​တပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၂လုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
“မြေပြင်ရဲဘော်တွေရဲ့သတင်းပေးချက်အရ လက်ပစ်ဗုံး ၂လုံးစလုံး ထိရောက်မှုရှိလို့ ရုံးထဲရှိနေတဲ့ စစ်အုပ်စုအဖွဲ့ဝင် ၁ယောက်သေပြီး ၁ယောက်ဒဏ်ရာ​ပြင်းတယ်လို့သိရတယ်။ အုံးသံကြားရပြီး မီးတွေလည်း အကုန်ဖြတ်ပစ်လိုက်တယ်တဲ့။ အဲ့ဒီနောက် ဆေးရုံကားသံတွေလည်း ကြားရတယ်လို့ သတင်းပို့ပါတယ်” လို့ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။
၂၂ရပ်ကွက်ရုံး လက်ပစ်ဗုံးပစ်ခံရပြီးတဲ့နောက်မှာတော့ ရွှေပေါက္ကံရပ်ကွက်တွေထဲ စစ်သား၊ ရဲနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ကားတွေ ဆိုင်ကယ်တွေနဲ့ ကင်းလှည့်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီရက်ပိုင်း ရန်ကုန်တိုင်းအတွင်းကမြို့နယ်တွေမှာ မြို့ပြ UG တွေက စစ်ရေးဖော်​ဆောင်မှုတွေ ပြန်လည်လုပ်ဆောင်လာသလို ပြည်သူတွေနဲ့အတူ အကြမ်းမဖက်တဲ့ ဆန္ဒဖော်ထုတ်မှုတွေလည်း ဆက်တိုက်ဆိုသလို လုပ်ဆောင်လာတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ရက်၊ မနက်အ​​​​စောပိုင်းကလည်း ရွှေပြည်သာမြို့နယ်၊ ၁၄လမ်းဆုံနားက စစ်တပ်ဂိတ်ကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေ အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်လို့ ဂျူတီလဲနေတဲ့စစ်သားတွေ ထိခိုက်​သေဆုံးခဲ့ရပါသေးတယ်။
0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲမတိုင်ခင်ညမှာ မြဝတီမြို့ပေါ် ပေါက်ကွဲမှုများ ဖြစ်ပွား

"မြဝတီဈေးရှေ့က ကြံ့ဖွတ်ရုံးရှေ့ပေါက်တော့၊ ရုံးနားက ကလေးမလေးတစ်ယောက် အစမှန်ပြီး ဆေးရုံးပို့လိုက်ရတယ်၊ ဗုံးနဲ့ပစ်တာလား မိုင်း လားဆိုတာက‌တော့ ကျနော်တို့လည်း တိတိကျကျတော့ မသိရသေးဘူး၊ ကွဲတဲ့အသံကတော့ အကျယ်ကြီးပဲလို့ " လို့ မြဝတီနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

ကျောတိုက်နယ်တွင် ပြည်သူ့စစ်ဖွဲ့ခံရမှုမှ တိမ်းရှောင်လာသည့် နှစ်ရှည်စစ်ရှောင်များ ကူညီထောက်ပံ့မှု လိုအပ်နေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်မှာ စစ်ကောင်စီတပ်ရဲ့ တပ်သားသစ်ဖြည့်တင်းမှုနဲ့ ပြည်သူ့စစ်ဖွဲ့မှုတွေကနေ ထွက်ပြေးလာတဲ့ စစ်ရှောင် အရပ်သားတွေအတွက် အကူအညီ​ အထောက်အပံ့တွေလိုအပ်နေကြောင်း ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရိုးဂိုးက မင်းသန့်ဆီဆိုင် မီးလောင်မှု ဖြစ်စဉ်မှာ မီးသတ်သမားနဲ့ ပရဟိတသမားတွေအပါအဝင် အယောက် ၂၀ ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာက မင်းသန့်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားစဉ်မှာ လာရောက်မီးငြှိမ်းသတ်တဲ့ မီးသတ်သမားတွေနဲ့ ပရဟိတသမားတွေ အပါအဝင် အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဟားခါးတွင် အရပ်သားဟန်ဆောင် သတင်းထောက်လှမ်းနေသည့် ရဲ ၂ ဦးကို ဖမ်းဆီးရမိ…

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အရပ်သားပြည်သူ ဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေတဲ့ ရဲ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force - Hakha က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးတွင် အသက် ၈၀ ကျော် အဘွားအိုနှင့် မြေးဖြစ်သူကို သံတူဖြင့် ရိုက်နှက်ပြီး ရွှေတုံးနှင့် ပိုက်ဆံများ ယူဆောင်ခဲ့သည့် အဘွားအို၏တူမဖြစ်သူ အလယ်တန်းပြဆရာမကို ဖမ်းဆီးရမိဟု စစ်အုပ်စု ထုတ်ပြန်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ အသက် ၈၄ နှစ်အရွယ် အဘွားအိုနဲ့ မြေးဖြစ်သူတို့ကို အိမ်သုံး သံရိုက်တူနဲ့ ရိုက်နှက်ပြီး ရွှေတုံးနဲ့ ငွေတွေ ယူဆောင်သွားတဲ့ အဘွားအိုရဲ့ တူမဖြစ်သူကို ဖမ်းဆီးရမိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
Read More

ဘုတလင်နယ်ကို စစ်အုပ်စုက ထိတွေ့ပစ်ခတ်မှုမရှိဘဲ စက်တပ်လေထီးနဲ့ ၂ ရက်တိုင် ပစ်ခတ် ၊ ဒေသခံတစ်ဦးထိမှန်ဒဏ်ရာရ…

" အခြေအနေကတော့ ဘာမှထူးခြားမှုမရှိပါဘူးဗျ ၊ သပ်သပ်ကို လာကြဲတာပါ၊ နေအိမ်ကတော့ ပျက်ဆီး ဆုံးရှုံးမှုမရှိပါဘူးခင်ဗျ ၊ ဒဏ်ရာရတဲ့တစ်ယောက်က သူ့အိမ်မှာနေရင်းအစထိမှန်သွားတာ" လို့ ရွာဇော်ကြီးတော်လှန်အသံမှ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။