စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ မြေငလျင်ရဲ့ ထိခိုက်ပျက်စီးမှုအခြေအနေတွေကို နိုင်ငံတကာ သတင်းထောက်တွေ သတင်းရယူနိုင်ရေး တောင်းဆိုနေတာကို အကြမ်းဖက်စစ်ကောင်စီက ခွင့်မပြုနိုင်ကြောင်း မတ်လ ၃၀ ရက်က ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။

ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိတဲ့ စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးသေဆုံးခဲ့တဲ့ နောက်ဆက်တွဲအခြေအနေတွေကို နိုင်ငံတကာသတင်းဌာနတွေက မြန်မာနိုင်ငံအတွင်း လာရောက်သတင်းရယူခွင့် တောင်းဆိုနေပေမယ့် စစ်ကောင်စီက ငြင်းဆိုထားတာဖြစ်ပါတယ်။

ငလျင်ရဲ့ နောက်ဆက်တွဲ အခြေအနေအရ လက်ရှိမှာ မြန်မာနိုင်ငံအတွင်း ရေ၊ လျှပ်စစ်မီးနဲ့ တည်းခိုစရာ ဟိုတယ်တွေ အခက်အခဲ ရှိတာကြောင့် နိုင်ငံတကာသတင်းထောက်တွေရဲ့ သတင်းရယူခွင့်ကို ခွင့်မပြုတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ခံ ဇော်မင်းထွန်းက မတ်လ ၃၀ ရက် မနေ့က ညပိုင်းမှာ သတင်းဌာနတစ်ချို့ကို ပြန်လည်ပေးပို့တဲ့ အသံဖိုင်မှာ ပြောကြားထားပါတယ်။

ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ၄၈ နာရီအတွင်း သေဆုံးသူ ၁၆၁၄ ယောက်၊ ဒဏ်ရာရသူ ၁၅၅၇ ယောက်နဲ့ ပျောက်ဆုံးနေသူ ၁၃၇၆ ယောက်ရှိတယ်လို့ မနေ့က မတ် ၃၀ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မအူပင်မြို့မှာ စစ်မှုထမ်းထောက်ပံ့ဖို့ ဒေသခံတွေဆီက ငွေကြေးကောက်ခံနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်မှုထမ်းဥပဒေကြောင့် အကြမ်းဖက်စစ်တပ်ထဲ ရောက်သွားသူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ဝက်လက်တွင် စစ်သင်္ဘောများကို ကာကွယ်နိုင်ရေး ဗုံးကြဲမှုကြောင့် ဒေသခံ ၁၅ ဦး သေဆုံး၊ ၂၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ Y12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြစ်ကမ်းနံဘေး ကျေးရွာ၃ရွာက အရပ်သား ၁၅ ယောက် ထိခိုက်သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီနဲ့ MNDAA အပစ်ရပ် သဘောတူညီမှုကြောင့် တရုတ်က နယ်စပ်ဂိတ်တွေ ပြန်ဖွင့်

MNDAA နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင် အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံဘက်ကထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်လိုက်တယ်လို့ ဒေသခံတွေက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်တွေမှာ အသိပေး ရေးသားလာကြပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေလုပ်လာတာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး ဒေသခံတချို့လည်း ထွက်ပြေးနေရ

မွန်ပြည်နယ်၊ ကျိုတ်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာနေပြီး ကျောက်ပုံ ကျေးရွာအနီးက KNLA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဂိတ်စခန်းတစ်ခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ အကြမ်းဖက်စစ်တပ် ဆုတ်ခွာထွက်ပြေးစဥ် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ပြည်သူများ CDF-Mindat ထံ ထပ်မံအပ်နှံ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်သားတွေ ဝှက်ထားခဲ့တဲ့ လက်နက် ၃ လက်နဲ့ ခဲယမ်းတွေကို ဒေသခံပြည်သူတွေက လာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ စစ်သင်္ဘောများ ဗန်းမော်မြို့ကို ရောက်ရှိ

“မနေ့ညပိုင်းမှာ သင်္ဘောတချို့ ဗန်းမော်မြို့ကို ရောက်လာပြီ။ သင်္ဘောတွေ မြလည်နား ရောက်တော့ တိုက်ပွဲဖြစ်တယ်။ စကစဘက်က တစီးထိသွားတယ်” လို့ မြေပြင်သတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။