ပြင်းထန်ဆိုးရွားတဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးပြီး ၁၄၀၀ နီးပါး ပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။

ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်  ၄၈ နာရီအတွင်း သေဆုံးသူ ၁၆၁၄ ယောက်၊ ဒဏ်ရာရသူ ၁၅၅၇ ယောက်နဲ့ ပျောက်ဆုံးနေသူ ၁၃၇၆ ယောက်ရှိတယ်လို့ မနေ့က မတ် ၃၀ ရက်နေ့မှာ NUG က ထုတ်ပြန်လိုက်တာပါ။

ငလျင်ကြောင့် နေအိမ် အဆောက်အအုံ ၁၃,၄၁၁ လုံး၊ စေတီ ၁၅၇ ဆူ၊ ဗလီ ၅၂ ခု နဲ့ ဘုရားကျောင်း ၇၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး လမ်းပျက်စီးမှု ၄၃ ခုရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ ပြင်းအား ၇.၇ ရှိတဲ့ ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် ထိခိုက်သေဆုံးမှုအရေအတွက်က မြေပြင်မှာ မြင့်တက်နေဆဲလို့ ကူညီကယ်ဆယ်ရေးပြုလုပ်နေသူတွေက ဆိုပါတယ်။

နိုင်ငံတကာက အကူအညီတွေ ရောက်လာနေပေမယ့် မြန်မာပြည်သူများစွာ ဒုက္ခတွေ ကြုံတွေ့နေရဆဲ အခြေအနေမှာ NUG က ထိုးစစ် ၂ပတ်ကြာ ရပ်ဆိုင်းထားသည့်တိုင် အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်တွင် မြို့နယ် ပကဖ မှ စစ်ရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေဆီ သွားရောက်ပြီး ကျန်းမာရေးအသိပညာမျှဝေကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေစက်တော်ဘုရားအနီး စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းစစ်ဆင်ရေးပြုလုပ်

ရွှေစက်တော်ဘုရားအနီးက စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းဗုံးသီးအလုံးရေ ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်(၆) တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

တော်လှန်လူငယ်များ၏ ခံစားချက်ပုံဖော်မှု “အော်ပရာ” Ebook ကဗျာစာအုပ်၊ အကျိုးအမြတ်များကို ဖမ်းဆီးခံ UG များ ထောင်ဝင်စာနှင့် စာအုပ်ထုတ်ဝေရန် ရည်ရွယ်

ဖမ်းဆီးခံ မြို့ပြပြောက်ကျား (UG) ရဲဘော်တွေကို အကူအညီပေးနိုင်ရေး ရည်ရွယ်ထုတ်ဝေတဲ့ "အော်ပရာ" အမည်ရှိ Ebook ကဗျာစာအုပ်ကို ၁လကြာ ရောင်းချပေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်း က မောင်းကိုပြောပါတယ်။
Read More

ဘုတ်ပြင်းအခြေစိုက် ခလရ ၂၂၄ က စစ်သား ၁ ဦး KNLA ဆီ လက်နက်မဲ့အလင်းဝင်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၂၄ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ ၄ ၊ တပ်ရင်း ၂၀၃ ၊ တပ်ခွဲ ၃ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုမှာ တော်လှန်ရဲဘော် ၁ ဦးရဲ့ အဖေကို စစ်ကောင်စီ သတ်ဖြတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂွေချောင်းရွာက ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီထဲက ဦးသိန်းသန်းဌေး (၄၁) နှစ် ဆိုသူကို ရိုက်နှက်ကာ သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ် ပထမ ၅ လအတွင်း စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၃ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လတာမှာ အကြမ်းဖက်စစ်ကောင်စီတပ် သေနတ်နဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၅၃ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။