ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့ ဖြူးလမ်းမကြီးဘေး လေးအိမ်စုရွာတို့မှာ စစ်ကောင်စီနဲ့ PDF တပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ၂ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ရဲနဲ့စစ်သား ၈ယောက်သေကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ PDF တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

မတ်လ ၂၆ ရက်၊ ညဦးပိုင်းက တောင်ငူခရိုင်၊ ဖြူးလမ်းမကြီးဘေး ဝဲဒေါင့်ရွာကနေ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တော်လှန်ရေးအင်အားစုတွေ လေးအိမ်စုရွာမှာ ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ယောက် သေဆုံးခဲ့ပြီး အလောင်းတွေကို ဆိုက်တွဲတွေနဲ့ပြန်လည်တင်ဆောင်သွားကြောင်း ​PDF တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းက ပြောပါတယ်။

ဒါ့အပြင် နောက်တစ်နေ့ (မတ်လ၂၇ ရက်) မနက်အစောပိုင်းမှာလည်း တောင်ငူခရိုင်၊ ညောင်ခြေထောက်အပိုင် စည်ပင်သာရွာဘေးက ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းက ရဲဘော်တွေ လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေ တက်ရောက်လုပ်ဆောင်နေချိန်မှာ သူတို့အနီးအနားကို အင်အား ၁၀ ယောက်ပါ ဘန်ကာ ရထားခေါင်းတို အတွဲတစ်တွဲနဲ့ အင်အား ၆ ယောက်ပါ ကားအဖြူတစ်စီးတို့ရောက်ရှိလာပြီး တော်လှန်ရေးရဲဘော်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

ဒီတစ်ကြိမ် အပြန်အလှန်ပစ်ခတ်မှုမှာလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိခဲ့ပေမယ့် စစ်ကောင်စီဘက်က ရဲနဲ့စစ်သား ၅ ယောက် သေပြီး စခန်းမှူးအပါ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းက ပြောပါတယ်။

ထိတွေ့တိုက်ပွဲအပြီး အထိနာသွားတဲ့ စစ်ကောင်စီက အရပ်သား ၂ ယောက်ကို လက်ပြန်ကြိုးတုပ်ကာ အနီးအနား ရဲစခန်းဆီ ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

တောင်ငူခရိုင် တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းတပ်ခွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ တောင်ငူခရိုင် အမှတ်၂ တပ်ရင်းတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ PDF တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်း)

0 Shares:
You May Also Like
Read More

ဘုတလင်မြို့နယ်မှာ ကျေးရွာဒေသခံပေါင်း ၃၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းက ဒေသခံ အများအပြားဟာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြရင်း စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။
Read More

ပခန်းတိုက်ပွဲမှာ စစ်တပ် ဒုဗိုလ်ကြီးနှင့် စစ်ကြောင်းမှူးအပါ အများအပြား ထိခိုက်သေဆုံး၊ စစ်တပ်က အလံဖြူထောင်သူတွေကို အချင်းချင်း ပစ်သတ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစ​ကြိုမြို့နယ်မှာစစ်ကြောင်းနောက်ပြန်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ (ခလရ) တပ်ရင်းတွေ ပခန်းမြို့မြောက်ဘက်လမ်းခုလတ်တစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဒုဗိုလ်ကြီးဖြစ်သူနဲ့ စစ်ကြောင်းမှူးတွေ အပါအဝင် ထိခိုက်သေဆုံးသူ များ​ပြားခဲ့ကြောင်း သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမှ ကျဆုံးရဲဘော် စတီဖင်ပေါလ်ရယ်၏ ဈာပန

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) တပ်ဖွဲ့၊ အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျဆုံးရဲဘော် စတီဖင်ပေါလ်ရယ်ရဲ့ စျာပနကို မနေ့က ဇွန်လ ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ DMO Local PDF က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံ – တောင်သာလမ်းပိုင်းကို ညအချိန် အသုံးမပြုဖို့ မြင်းခြံ PDF သတိပေးထုတ်ပြန်

မန္တလေးတိုင်းထဲက မြင်းခြံ-တောင်သာလမ်းပိုင်းကို လာမယ့်မတ်လအကုန်ထိ ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း အလင်းရောင်မရှိချိန် အသုံးမပြုဖို့ မြင်းခြံခရိုင် PDF အမှတ် (၃)တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်တပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၀၀ ကျော်ကြောင့် ပြည်သူ ၁၀၀၀ ကျော် သေဆုံးခဲ့

အကြမ်းဖက်စစ်အုပ်စုက အာဏာတည်မြဲရေး သက်တမ်းတိုးလေလေ ပြည်သူလူထုကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အရှိန်မြှင့်ဆောင်ရွက်လေလေ ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ ၁၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီဘက်က နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ဆုံးရှုံးတော့မယ့် အခြေအနေ ရှိနေသည်ဟု NUG ယာယီသမ္မတ ပြော

၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်း စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်တာကြောင့် နောက်ထပ်တိုင်းစစ်ဌာနချုပ်တွေ မကြာခင် ကျဆုံးတော့မယ့် အခြေအနေတွေ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။