လက်ရှိ မြန်မာပြည်မှာ ကြုံတွေ့နေရတဲ့ ငလျင်ဘေးအတွက် စင်္ကာပူအနေနဲ့ အကူအညီတွေ ပေးအပ်ထားကြောင်းနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးတွေကို မျှော်လင့်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က မတ်လ ၃၀ ရက်မှာ ပြောပါတယ်။

သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်မှာ ဖော်ပြထားတာဖြစ်ပြီး မြန်မာနဲ့ထိုင်းက ငလျင်အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ်အစည်းအဝေးအပြီးမှာ အခုလိုတိုက်တွန်းထားတာဖြစ်ကြောင်း သူ့ရဲ့ပြောဆိုချက်အရ သိရပါတယ်။

“ဒီလိုအရေးကြီးတဲ့အခိုက်တန့်မှာ အသက်ကယ်တင်ရေးနဲ့ လိုအပ်နေသူတွေကို အကူအညီပေးရေး ကိစ္စတွေမှာ အလုံးစုံ အာရုံစိုက်နိုင်ဖို့ ထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးတစ်ခုကို မျှော်လင့်တယ်။ ရေရှည်အနေနဲ့ကတော့ မြန်မာပြည်ရဲ့ ပြန်လည်ထူထောင်ရေး၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်တည်ဆောက်ရေး ခရီးကို ပံ့ပိုးပေးဖို့ ဆက်ပြီး ကတိပြုတယ်” လို့ သူက ရေးပါတယ်။

တချိန်တည်းမှာပဲ (အာဆီယံအနေနဲ့) ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသူ၊ အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အကူအညီပေးဖို့ တသားတည်းရပ်တည်ကြောင်း Vivian က ပြောဆိုထားပါသေးတယ်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan

ဒါ့အပြင် စင်္ကာပူအနေနဲ့ မြန်မာပြည်အတွက် လူသားချင်းစာနာမှုအကူအညီတွေ အလျင်အမြန် စုစည်းလုပ်ဆောင်ခဲ့ကြောင်း၊ နောက်ထပ်အကူအညီတွေလည်း ဆက်ပေးသွားမှာဖြစ်ကြောင်း၊ အဖွဲ့ဝင် ၈၀ ပါကယ်ဆယ်ရေးအဖွဲ့ကလည်း စနေနေ့က နေပြည်တော်ရောက်ရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ကြောင်း၊ စင်္ကာပူကြက်ခြေနီအသင်းကလည်း ကနဦး စင်္ကာပူဒေါ်လာ တသိန်းခွဲ ရန်ပုံငွေမတည်ခဲ့ကြောင်းနဲ့ စင်္ကာပူနိုင်ငံသားတွေကလည်း ပါဝင်ကူညီမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ငလျင်ဘေးသင့်ဒေသတွေမှာ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ မတ်လ ၃၀ ရက်ကစတင်ပြီး ၂ ပတ်တာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ အပစ်အခတ်ရပ်စဲရေး တစုံတရာကြေညာခြင်းမရှိတဲ့အပြင် ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နောက်ပိုင်းမှာတောင် ငလျင်ဖြစ်ပွားရာဒေသတွေ အပါအဝင် နိုင်ငံအနှံ့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်လျက်ရှိပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့အရေး ကမ္ဘာက အာရုံစိုက်စေဖို့ မြန်မာဝတ်စုံဖြင့် မာရသွန်ပြေးကာ ဂင်းနစ်စံချိန်တင်ခဲ့သူ

သြစတြေးလျနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Sydney Marathon 2025 ပြိုင်ပွဲမှာ ဒေါက်တာ မြင့်မိုရ်ဦးက မြန်မာရိုးရာဝတ်စုံ ဝတ်ဆင်ကာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပန်းဝင်တဲ့အထိ ပါဝင်ကာ ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ အာဏာသိမ်း ၄ နှစ်အတွင်း အကြမ်းဖက်မှုတွေ မကြုံစဖူး အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့ ကုလပြော၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ EU တောင်းဆို

“လွန်ခဲ့တဲ့ လေးနှစ်အတွင်း စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၁,၁၄၄ ဦးနဲ့ ကလေး ၇၀၉ ဦး အပါအ၀င် အရပ်သား အနည်းဆုံး ၆,၂၃၁ ဦး သေဆုံးခဲ့တယ်”
Read More

ကာစီနိုနဲ့ လောင်းကစားဥပဒေကြမ်းကို ထိုင်းအစိုးရ အတည်ပြု

ထိုင်းမှာ ဖျော်ဖြေရေးလုပ်ငန်းတွေ တည်ထောင်ဖို့နဲ့ ကာစီနိုတွေကို တရားဝင်လည်ပတ်ခွင့်ပြုဖို့ ဥပဒေကြမ်းတစ်ရပ်ကို ထိုင်းအစိုးရအဖွဲ့က ဇန်နဝါရီလ ၁၃ ရက် တနင်္လာနေ့မှာ အတည်ပြုခဲ့ပါတယ်။ 
Read More

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်များ ပြတ်သားစွာ ငြင်းပယ်ရမည်ဟု တွမ်အင်ဒရူးစ် တိုက်တွန်း

မြန်မာနိုင်မှာ စစ်အုပ်ချုပ်ရေးကို ပိုမိုခိုင်မာစေပြီး နိုင်ငံတကာဖိအားတွေ လျှော့ချဖို့ကိုသာ ရည်ရွယ်ထားတဲ့ စစ်ကော်မရှင်ရဲ့ တရားမဝင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်တွေ ပြတ်ပြတ်သားသား ငြင်းပယ်ရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောဆိုလိုက်ပါတယ်။
Read More

ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဂျာမနီက ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆု ရရှိ

တော်လှန်အနုပညာရှင်တွေထဲက ထင်ရှားတဲ့ စုံတွဲဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဟာ ဂျာမနီနိုင်ငံကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုတစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှု နိုင်ငံတကာသတင်းဌာနကြီးတွေမှာ အထူးသတင်းအဖြစ် ဝေဝေဆာဆာ ဖော်ပြကြ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှုအပေါ် နိုင်ငံတကာသတင်းဌာနတွေမှာ ခေါင်းကြီးပိုင်းသတင်းတွေအဖြစ် ဝေဝေဆာဆာ ဖော်ပြခဲ့ကြပါတယ်။