ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရတဲ့ စစ်ကိုင်းမြို့မှာ မတ်လ ၃၀ရက်၊ ဒီနေ့အထိ ထိခိုက်သေဆုံးသူ ၆၀၀ ခန့်အထိရှိလာပြီလို့ သိရပြီး လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မီးသတ်အဖွဲ့တွေက ခက်ခက်ခဲခဲ ရှာဖွေကယ်ဆယ်ရေး လုပ်နေရကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီ စိုးမိုးထားတဲ့ စစ်ကိုင်းမြို့ပေါ်မှာ နေအိမ်အဆောက်အအုံတိုက်တာ ပြိုကျမှုတွေ ထောင်နဲ့ချီရှိနေတာဖြစ်ပြီး ထိခိုက်သေဆုံးသူတွေအပြင် ပိတ်မိနေသူတွေနဲ့ ပျောက်ဆုံးသူတွေလည်းရှိနေကြောင်း၊ စစ်ကောင်စီက ထိထိရောက်ရောက် ကူညီကယ်ဆယ်နိုင်ခြင်းမရှိတာကြောင့် လူသေဆုံးမှုတွေ တိုးလာနေတာဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

“စစ်ကိုင်းတိုင်းထဲမှာ စစ်ကိုင်းမြို့ပေါ် အဓိက ထိပါတယ်။ သိရသလောက် အိမ်ခြေ ၁၆၀၀ ကျော်လောက် ပျက်စီးထားတယ်။ သေတာ ၅၀၀ ကျော်ပြီ။ ထိခိုက်ထားတာဆို မရေနိုင်ဘူး ပြောတယ်။ စစ်ကောင်စီစိုးမိုးထားတော့ တော်လှန်ရေးအင်အားစုတွေလည်း ထိထိရောက်ရောက်မကူညီနိုင်ကြဘူး” လို့ မြေပြင်တော်လှန်ရေးအင်အားစု ရဲဘော်တစ်ယောက်က မောင်းကိုပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့အတွင်း ဖုန်းလိုင်းတွေပြတ်တောက်နေကြောင်းနဲ့ ပြိုကျပျက်စီးနေတဲ့ အဆောက်အဦးတွေကြားထဲ ပိတ်မိသူတွေကို ကယ်ထုတ်နိုင်ဖို့ ခက်ခဲ​တာကြောင့် အနံ့ထွက်တဲ့ အခြေအနေတွေပါ ရှိလာပြီလို့လည်း သိရပါတယ်။

“၂ရက်​ပေါင်းတောင် ၃၀၀လောက် အလောင်းရထားတယ်ပြောတာ အခုဆိုအလောင်းတွေ ထပ်တိုးလာတာ ဖြစ်နိုင်ပါတယ်။ ကျနော် သိရသလောက်ဆိုရင်ပဲ ပိတ်မိနေတာချည်း အယောက် ၃၀၀ လောက် ရှိသေးတယ်တဲ့။ မြို့ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြစ်ဘေးကရပ်ကွက်တွေ အထိနာတယ်။ အနောက်ပိုင်းကတော့ သိပ်မထိဘူး။ ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေနဲ့ ဗလီ၊ မူကြိုကျောင်းတွေက အသေအပျောက် အများဆုံးပဲ။ အနံ့တွေထွက်နေပြီဆိုတာလည်း ဟုတ်တယ်။ ဖုန်းလိုင်းတွေလည်းပြတ်နေတာ.. မြို့ထဲက အသိတွေဆီ ဖုန်းဆက်တာ အများစုက ဆက်မရကြဘူး။ ဒီနေ့ မနက်ဆက်လို့ ရတော့လည်း လိုင်းက ပြတ်တောက် ပြတ်တောက်နဲ့ ဖြစ်နေတာ” လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်ရဲ့ပြောကြားချက်အရတော့ လက်ရှိ မတ်လ ၃၀ရက်နေ့အထိ စစ်ကိုင်းမြို့အတွင်း ထိခိုက်သေဆုံးသူ ၉၃ယောက်ရဲ့အလောင်းတွေ ရှာဖွေတွေ့ရှိထားသလို ပိတ်မိနေသူ ၃၇ယောက်ကိုလည်း အရှင်ကယ်ထုတ်ထားနိုင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ ပြည်တွင်းကယ်ဆယ်ရေးနဲ့ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ အလုံအလောက် ရောက်မလာသေးတဲ့ စစ်ကိုင်းမြို့မှာ ​မြစ်ကူးတံတား ကျိုးကျပျက်စီးသွားတာကြောင့် လမ်းပိုင်းဆိုင်ရာ အခက်အခဲတွေရှိနေပြီး ရေလမ်းခရီးကိုသာ အားထားနေရကြောင်း၊ မြို့ခံကယ်ဆယ်ရေးအဖွဲ့၊ မီးသတ်တို့နဲ့ပဲ ကယ်ဆယ်ရေးကို တောင့်ခံနေကြရတာဖြစ်ကြောင်း သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ကတော့ ငလျင်ဒဏ်သင့်တဲ့နေရာတွေနဲ့ ဆက်စပ်နေရာတွေမှာ ပြန်လည်ကယ်ဆယ်ရေးတွေလုပ်နိုင်ဖို့ ခုခံစစ်ကလွဲလို့ ထိုးစစ်တွေ နှစ်ပတ်တာ ရပ်နားကြောင်း စာထုတ်အသိပေးထားသလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေကိုလည်း အရပ်သားကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ဒီနေ့ မတ်လ ၃၀ရက်နေ့မှာပဲ မကွေးတိုင်း ပေါက်မြို့နယ်နဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့တို့ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့အတွင်း ထိခိုက်ပျက်စီးမှုများနှင့် ကယ်ဆယ်ရေး လုပ်ဆောင်နေကြသူများ (ဓာတ်ပုံ IBEC – Myanmar Offical Information Office Committee)

0 Shares:
You May Also Like
Read More

ABSDF အမှတ် ၃ စစ်ကြောင်းနှင့် ရေစကြို ပ.က.ဖ တို့ ပူးပေါင်းပြုလုပ်သည့် အပတ်စဉ် ၁ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF (ကျောင်းသားတပ်မတော်)၊ အမှတ် ၃ စစ်ကြောင်းနဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်တဲ့ ၁/၂၀၂၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။
Read More

ကိုထိန်လင်းနှင့် နယူးယောက်ရှိ မြန်မာများ တွေ့ဆုံပွဲမှ ကန်ဒေါ်လာ ၅၂၀၀၀ ကျော်ရရှိ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက် အသုံးပြုမည်

အမေရိကန်နိုင်ငံကို Suu 80th Birthday Campaign အတွက် ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim Aris (ခေါ်) ကိုထိန်လင်းဟာ နယူးယောက်ရှိ မြန်မာပြည်သူတွေနဲ့ မတ်လ ၁၅ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။  
Read More

နတ်မောက်တွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ခိုက်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်စစ်ကြောင်း ကစဉ့်ကလျားဖြစ်ပြီး ဦးတည်ချက်ပြောင်းသွားခဲ့ကြောင်း ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက မောင်းကို ပြောပါတယ်။
Read More

ပြည်သူတွေ သီတင်းကျွတ်ကို တော်လှန်သီတင်းကျွတ်အဖြစ် ဆင်နွှဲဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

မကြာခင်ရောက်ရှိလာတော့မယ့် သီတင်းကျွတ်ကာလမှာ ပြည်သူတွေအနေနဲ့ ဆီမီးသပိတ်ဆင်နွှဲပြီး တော်လှန်သီတင်းကျွတ်အဖြစ်ဆင်နွှဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်ဖို့ သပိတ်အင်အားစုတွေက နှိုးဆော်လိုက်ပါတယ်။
Read More

မတ္တရာတိုက်ပွဲအတွင်း MDY-PDF ရှင်းလင်းခဲ့တဲ့ စစ်ကောင်စီအလောင်းများနဲ့ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်သား အလောင်းတွေကို သိမ်းဆည်းရရှိခဲ့ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်လာပါတယ်။
Read More

နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် မြို့နယ်များမှ TNLA ပြန်လည်ဆုတ်ခွာရေး သဘောတူညီမှုမရခဲ့ဘဲ ကူမင်းတွေ့ဆုံပွဲ ပြီးဆုံး

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ တရုတ်အစိုးရ ကြားဝင်စီစဉ်မှုနဲ့ ပြုလုပ်တဲ့ ကူမင်းတွေ့ဆုံဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။