Thai National Telecom ရဲ့ အစီအစဉ်နဲ့ ထိုင်းဖုန်းတွေကနေ မြန်မာဖုန်းတွေကို ယခုလ မတ်လ ၃၁ ရက်နေ့အထိ အခမဲ့ဖုန်းခေါ်ဆိုခွင့်ပြုထားတယ်လို့ သိရပါတယ်။ 

ဖုန်းခေါ်ဆိုမယ်ဆိုရင် 001-800-001 ကို အရင်ခေါ်ဆိုပြီးနောက် ထိုင်းဘာသာစကား ပြောသံကြားရရင် 009-95 ကိုခံပြီး ကိုယ်ဆက်သွယ်ချင်တဲ့ မြန်မာဖုန်းနံပါတ်ကို ရိုက်ထည့်ကာ အခမဲ့ ခေါ်ဆိုနိုင်တယ်လို့ သိရပါတယ်။ 

ဒီအစီအစဉ်ဟာ ထိုင်းနိုင်ငံက မည်သည့် ဖုန်းအော်ပရေတာကနေမဆို အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် လက်ရှိမှာတော့ ဖုန်းခေါ်ဆိုသူတွေ များလွန်းတာကြောင့် လိုင်းတွေ ကြပ်နေသလို မြန်မာဘက်က ဖုန်းတာဝါတိုင်တွေ ငလျင်နောက်ဆက်တွဲအနေနဲ့ မီးလောင်ပျက်စီးထားတာတွေကြောင့် လိုင်းမရဘဲ ဖုန်းခေါ်ဆိုလို့ မရတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူများကို စေတုတ္တရာ ပကဖ ကျန်းမာရေးစောင့်ရှောက်မှုပေး

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ စစ်ရှောင်ပြည်သူတွေနဲ့ စိုးမိုးထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်း ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်၊ ရဲ ၂ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက် ခြေပြတ်၊ လက်ပြတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Phoenix D F တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး ပါဝင်တိုက်ခိုက်ခဲ့၊ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (𝗕𝗟𝗗𝗙) က မဟာမိတ်တပ်ဖွဲ့အဖြစ် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

တောင်လည်စစ်ဆေးရေးဂိတ်ကို ထွက်လာသည် စစ်အုပ်စု အရာရှိအဆင့်အပါ ၆ ဦး မိုင်းဆွဲခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တောင်လည်စစ်ဆေးရေးဂိတ်ကို ထွက်လာတဲ့ စစ်အုပ်စုအရာရှိအဆင့်အပါ ၆ ​ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

တိုင်းဗဟိုအမှတ် (၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်မှုထမ်း ၄ ဦး ထွက်ပြေးအလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ ပုလောမြို့နယ် (လယ်မူလားမြို့နယ်) မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သား ၄ယောက် KNLA တပ်မဟာ (၄)၊ KNDO တပ်ရင်း (၇) ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက အောက်တိုဘာ ၁၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်တွေ တိုက်ပွဲမှ ဆုတ်ခွာနေသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ထပ်မံသေဆုံးမှုများရှိဟု ဆို

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ကျေးရွာနဲ့ မအူကွင်းကျေးရွာကြားမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဆုတ်ခွာနေတဲ့ စစ်ကောင်စီတပ်သားတွေကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ထပ်မံသေဆုံးမှုတွေ ရှိတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၃၆၀၁ တပ်ရင်း က သတင်းထုတ်ပြန်ထားပါတယ်။