မန္တလေးတိုင်းအတွင်းက တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ဒေသအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသအုပ်ချုပ်ရေး (ပအဖ)၊ ဒေသကာကွယ်ရေး (ပကဖ) တာဝန်ရှိတွေ ပူးပေါင်းပြီး ငလျင်ဒဏ်သင့် ပြည်သူတွေကို ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဒေါက်တာတေဇာစန်းက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် ဖော်ပြထားပါတယ်။ 

တော်လှန်ရေး ထိန်းချုပ်နယ်မြေအတွင်းက အများပြည်သူ လုပ်ကိုင်နေတဲ့ ရွှေအင်း လုပ်ကွက်တချို့ ပြိုကျတာကြောင့် လုပ်သားတချို့ ထိခိုက်သေဆုံးမှုရှိနေပြီး အသက်ရှင်လျက် ပိတ်မိနေသူတွေကိုလည်း ကယ်ဆယ်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းနေသလို သေဆုံးသူတွေရဲ့ ကျန်ရစ်မိသားစုတွေကို ကူညီထောက်ပံ့ရေးအတွက်လည်း စီမံဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

အနန်းကွင်းဗျူဟာကုန်း တိုက်ပွဲမှာ စစ်ကောင်စီတပ် အကျအဆုံးများသလို တော်လှန်ရေးရဲဘော်တွေလည်း ထိခိုက်သေဆုံးမှု ရှိနေ

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ ၆ လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ချပေးလိုက်တဲ့ ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို ဗျူဟာ ၄၂ တော်လှန်ရေးအဖွဲ့တွေ လက်ခံရရှိ

စစ်ကိုင်းတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ ဗျူဟာ ၄၂ တော်လှန်ရေးတပ်ဖွဲ့ စစ်ရေးလှုပ်ရှားမှု စတင်ချိန်မှာပဲ အကြမ်းဖက်စစ်တပ်က သူတို့ရဲ့ စစ်သားတွေဆီ လေယာဉ်နဲ့ ပို့ပေးတဲ့ ခဲယမ်းတချို့နဲ့ စားနပ်ရိက္ခာတွေကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။
Read More

BGF နဲ့ DKBA တပ်ဖွဲ့ဝင်များ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဝတ်စုံသာ ဝတ်ရတော့မယ်လို့ သတင်းထွက်ပေါ်

ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်ရဲ့ အစိမ်းရောင် စစ်ယူနီဖောင်းကိုသာ ဝတ်ရတော့မယ်လို့ အမိန့်ထုတ်ထားကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။ “သူတို့ စစ်တပ်ယူနီဖောင်း အစိမ်းဝတ်မှ စစ်တပ်က လက်ခံမှာလို့ ပြောတယ်။ BGF ပျောက်ကြားတွေ၊ ကွန်ပျူတာကွက်တွေ၊ အဝါကွက်တွေ ဝတ်လို့ မရတော့ဘူးတဲ့။ စစ်တပ်လို အစိမ်းဝတ်မှတဲ့။ ဒီနေ့ပဲ သတင်းထုတ်ပြန်တာ” လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ကော့ကရိတ်မြို့နယ် နောင်မိကျေးရွာလမ်းပိုင်းတွင် KNLA နှင့် DKBA ဗိုလ်ဘိတပ်တို့ တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် နောင်မိကျေးရွာလမ်းပိုင်းမှာ KNLA ပူးပေါင်းတပ်နဲ့ DKBA ဗိုလ်ဘိတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး DKBA ဗိုလ်ဘိတပ်သားတချို့ကို အရှင်ဖမ်းမိထားတယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ပေါက်မြို့နယ် ကိုင်းလယ်ကျေးရွာ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သွားရောက်တိုက်ခိုက်၊ မင်းလှမှာ စစ်ကောင်စီတပ် ကား ၂ စီးကို တိုင်း ပကဖ က ​အနီးကပ် ခြုံခိုတိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ကိုင်းလယ်ကျေးရွာရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်အရာရှိ ၂၂ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်း၀ရမ်းထုတ်

အာဂျင်တီးနားနိုင်ငံတရားရုံးက အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့ မြန်မာစစ်တပ်က ထိပ်တန်းအရာရှိ ၂၁ ယောက်ကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်လိုက်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ - BROUK က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။