ပြင်းထန်လှတဲ့ ငလျင်ဒဏ်အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ ၂ ပတ်တာ ထိုးစစ်တွေ ရပ်နားထားမယ်လို့ NUG က ကြေညာပြီး နောက်တစ်နေ့မှာပဲ စစ်ကောင်စီက ပေါက်မြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ မတ်လ ၃၀ ရက်၊ ဒီနေ့မနက်ပိုင်းမှာ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တက် Mi17 ရဟတ်ယာဥ်နဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်တစ်နေရာကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပေါက်မြို့နယ်အတွင်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာအတိအကျနဲ့ မြေပြင်အခြေအနေတွေကိုတော့ မသိရသေးကြောင်း၊ အတည်ပြုနိုင်ဖို့စုံစမ်းနေကြောင်း ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

“ပေါက်မြို့နယ်ထဲ လာကြဲသွားတာ ဟုတ်ပါတယ်။ ဒါပေမယ့် တပ်စိတ်မှူးနဲ့ အဆက်အသွယ်မရသေးလို့ နေရာအတိအကျတော့ သိရှိရသေးပါဘူးခင်ဗျာ” လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၅ တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ငလျင်ဒဏ်သင့် ပြည်သူတွေကို အရေးပေါ်ကူညီရေးနဲ့ ကယ်ဆယ်နိုင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ ထိုးစစ်တွေ နှစ်ပတ်တာရပ်နားကြောင်း မတ်လ ၂၉ ရက် မနေ့က ညပိုင်းမှာ ပြောကြားထားတာ ဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် နိုင်ငံနဲ့တဝှမ်း သေဆုံးသူ ၁၆၀၀ ကျော်လာချိန်အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က “လုံးဝ လက်ခံနိုင်စရာမရှိတဲ့ကိစ္စ” လို့ ပြောကြားထားပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ရက်၊ နေ့လယ်ဘက် ငလျင်မလှုပ်ခင် မိနစ်ပိုင်းလောက်အလိုမှာလည်း ပခုက္ကူခရိုင်၊ ကမ္မတိုက်နယ်မှာရှိတဲ့ ချမ်းစိမ့်တိုင်းရင်းဆေးတိုက်ကို  စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထမင်းစားနားနေတဲ့ အမျိုးသမီးအလုပ်သမားတွေ ထိခိုက်သေဆုံးခဲ့ကြရပါတယ်။

ဒါ့အပြင် ငလျင်လှုပ်ပြီး သိပ်မကြာခင်အချိန်မှာပဲ နောင်ချိုမြို့နယ်၊ နောင်လင်ရွာနဲ့ ကံကြီးရွာအနီးတို့ကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် DPLA တပ်ဖွဲ့ဝင်တွေ ကျဆုံးပြီး နေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

CDF – Asho အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၇ သင်တန်းဆင်းပွဲ အခမ်းအနား…

ချင်းကာကွယ်ရေးတပ်-အရှို ( CDF - Asho ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၇ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၈ ရက်က CDF - Asho နောက်တန်းကွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တီးတိန်မြို့အဝင်ရှိ စစ်ကော်မရှင်တပ်စွဲထားသည့် နေရာကို ချင်းညီနောင် တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း များစွာနှင့် စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ တီးတိန်မြို့အဝင် ဆိုင်းဘုတ်နားမှာ စစ်ကော်မရှင်တပ်တွေ တပ်စွဲထားတဲ့ နေရာကို ချင်းညီနောင်တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF Zoland ထံက သိရပါတယ်။
Read More

မိုးမောက်ကို ပြန်ရဖို့ စစ်ကောင်စီ သံချပ်ကာယာဉ်တွေ အသုံးပြုပြီး ထိုးစစ်ဆင်နေ

KIA ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့ကို ပြန်လည်ရရှိဖို့ စစ်ကောင်စီက အင်အားအပြည့်နဲ့ ထိုးစစ်ဆင်နေတယ်လို့ ကချင် စစ်ရေးသတင်းအရင်းအမြစ်အချို့မှာ ဖော်ပြလာပါတယ်။
Read More

ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ ၂ယောက်ကို သတ်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ရေစကြိုမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု ရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးပစ်ခတ်ခံရမှုမှာ အရာရှိ၂ယောက်အပါ ၆ ယောက် သေပြီး စစ်ကောင်စီက သတင်းဖုံးဖို့ ကြိုးစားနေ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေပစ်ခတ်တိုက်ခိုက်ရာ K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲပြီး နည်းပညာရှင်အရာရှိ၂ယောက်နဲ့ အခြားအဆင့်ရှိသူ ၄ ယောက်၊ စုစုပေါင်း ၆ ယောက် သေတယ်လို့ Civilian Military SRDF စစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ရဲဘော်များ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ရှေ့တန်းတနေရာမှာ စစ်သုံးစစ်တိုက်ဖျက်ရေးနဲ့ အဖိနှိပ်ခံပြည်သူလူထု တရပ်လုံး လွတ်မြောက်ရေးအတွက် ပင်ပန်းဆင်းရဲခံကာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။