ငလျင်ဒဏ်ကြောင့် အသေအပျောက် များပြားနေတဲ့ စစ်ကိုင်းမြို့မှာ လူနာအရေအတွက်နဲ့ ဆေးရုံတွေ လုံလောက်မှု မရှိသလို လုံလောက်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း မဆောင်ရွက်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြင်းထန်တဲ့ ငလျင်ဗဟိုချက်အနီးက စစ်ကိုင်းမြို့မှာ အကူအညီတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးအတွက် အဓိက လိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်း ဖက်ဒရယ်ယူနစ်လွှတ်တော်က အသိပေးတောင်းဆိုထားပါတယ်။

ပြည်တွင်းကယ်ဆယ်ရေးနဲ့ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေဟာ စစ်ကိုင်းမြို့ကို လုံလောက်စွာ ရောက်မလာသေးဘူးလို့လည်း ထုတ်ပြန်ပါတယ်။

စစ်ကိုင်းမြို့ဆီ ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားလည်း ငလျင်ကြောင့် ထိခိုက်သွားတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးပိုင်းမှာ အခက်အခဲတွေ ဖြစ်ပေါ်လျက်ရှိနေပါတယ်။

ငလျင်ဒဏ်ကြောင့် ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေးအတွက် မြို့ခံ ပရဟိတအသင်းတွေ နဲ့ မလုံလောက်ဘဲ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးတွေလည်း လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

နိုင်ငံတကာက ကျွမ်းကျင်ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့လည်း စစ်ကိုင်းမြို့မှာ ကူညီကယ်ဆယ်ရေးတွေ အမြန်ဆုံး လုပ်ဆောင်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

0 Shares:
You May Also Like
Read More

ဖယ်ခုံတွင် ကျောင်းထိုင်ဘုန်းကြီး ၁ပါးနှင့် ကပ္ပိယဖြစ်သူတို့​ ကျောင်းဝန်းအတွင်း ပစ်သတ်ခံရ

ရှမ်းနဲ့ ကရင်နီအစပ် ဖယ်ခုံမြို့နယ်မှာ ကျောင်းထိုင်ဘုန်းကြီး ၁ပါးနဲ့ အမျိုးသား ၁ ယောက် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းဖော်ထုတ်သွားမယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ (၁၀၀၆ တပ်ရင်း) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မင်းဘူးခရိုင် ဆေးတပ်သားတွေရဲ့ အခြေခံ ရှေးဦးသူနာပြုစုနည်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ၊ မင်းဘူးခရိုင် ကွပ်ကဲရေးရုံးက ဖွင့်လှစ်သင်ကြားပေးတဲ့ ရှေးဦးသူနာပြုစုနည်း အပတ်စဥ် (၁) သင်တန်း ဆင်းပွဲကို နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့တယ်လို့ မင်းဘူးခရိုင် ကွပ်ကဲရေးရုံးက ထုတ်ပြန်ထားပါတယ်။
Read More

မင်းတုန်းမှာ သန်းခေါင်စာရင်းကောက်ဖို့ နယ်မြေရှင်းလင်းရေးလုပ်ပေးတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲခံရပြီး ၈ ယောက်သေ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၈ယောက်သေကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လက်နယ် အရှေ့တောင်ခြမ်းကို စစ်အုပ်စု လေကြောင်း ဗုံးကြဲ၍ လသားအရွယ် ကလေးတစ်ဦးအပါ လေး​ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်အရှေ့တောင်ခြမ်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ လသားအရွယ်ကလေးတစ်‌ ယောက်အပါအဝင် လေးယောက် သေဆုံးသွားတယ်လို့ ဝက်လက်နယ်ခံ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။
Read More

စစ်ကော်မရှင်တပ်သားများ မုဒိမ်းကျင့်၊ လူသတ်၊ ခိုးယူ၊ မီးရှို့မှုများ လုပ်ဆောင်ကြကြောင်း အလင်းဝင်လာသည့် ၂ ပွင့်ဗိုလ် ပြောပြ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စစ်ကော်မရှင် အမြောက်တပ် (၃၆၆) က ၂ ပွင့်အဆင့်ရှိ ဗိုလ်လောင်းတစ်ယောက် ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ စက်တင်ဘာ ၆ ရက်မှာ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

ချင်းတောင်ပေါ် စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းမှ ဒုတပ်ကြပ် ဦးဆောင်ကာ စစ်မှုထမ်းတပ်သား ၁၈ ဦးနှင့်အတူ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းတောင်ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းက ဒုတပ်ကြပ် ၁ ယောက် ဦးဆောင်ပြီး စစ်မှုထမ်းတပ်သား ၁၈ ယောက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Ranger Kalay Defend Force က မနေ့က ထုတ်ပြန်ပါတယ်။