ငလျင်ဒဏ်သင့် ပြည်သူတွေဆီ အကူအညီရာနှုန်းပြည့် ရောက်ရှိနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့  NUG ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။

ငလျင်ဒဏ် ခံစားနေရတဲ့ ပြည်သူတွေဆီကို နိုင်ငံတကာနဲ့ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းရဲ့ အကူအညီပေးရာမှာ ရာနှုန်းပြည့် ရောက်ရှိရေးအတွက် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

“ငလျင်ဘေးဒဏ်သင့် လူထုအတွက် စိတ်ထိခိုက် ဝမ်းနည်းကြောင်းနှင့် ဝိုင်းဝန်းကူညီရေး တိုက်တွန်းနှိုးဆော်ချက်” အဖြစ် နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ က မိန့်ခွန်းပြောကြားခဲ့တာပါ။

(ဓာတ်ပုံ Acting President Duwa Lashi La’s Facebook page)

ပေးလိုက်တဲ့ အကူအညီတွေကို လူကြားကောင်းရုံ၊ လူမြင်ကောင်းရုံ၊ နိုင်ငံရေးအရ အသုံးချခံရရုံ သက်သက်အတွက် ဖြစ်မသွားစေဘဲ အမှန်တကယ် လိုအပ်နေသူတွေဆီ ရာနှုန်းပြည့် ရောက်သွား အောင်လုပ်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

နှစ်ပေါင်း ၁၈၆ နှစ်အတွင်း အဆိုးရွားဆုံး မြေငလျင်ကြောင့် အသက်ဆုံးရှုံးရသူ၊ ထိခိုက်ဒဏ်ရာရသူ၊ အိုးအိမ်ပစ္စည်း ဆုံးရှုံးသွားရသူ တစ်ယောက်ချင်းစီတိုင်း၊ မိသားစုဝင်တိုင်းနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရက အတူတူရှိနေတယ်လို့လည်း ယာယီသမ္မတက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစုက စာအုပ် ၁၀၀ ရွေ့လျားစာကြည့်တိုက်ကို ဆက်လက်ဖွင့်လှစ်ထား (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ကျောင်းသားလူငယ်တွေနဲ့ တော်လှန်ပြည်သူတွေ လေ့လာဖတ်မှတ်နိုင်ဖို့အတွက် စာအုပ် ၁၀၀ ရွေ့လျားစာကြည့်တိုက်ကို ဆက်လက်ဖွင့်လှစ်ထားတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တောင်ကုတ်မြို့သိမ်းတိုက်ပွဲ မှတ်တမ်းဓာတ်ပုံတွေ AA ထုတ်ပြန်လာ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေစဉ် အာရက္ခတပ်တော် AA က စစ်ကောင်စီရဲ့ ဌာနဆိုင်ရာနဲ့ တပ်စခန်းတွေ ရှေ့မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဒီနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။
Read More

စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ထံ ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)တင်သွင်း

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)အား လွှတ်တော်ထံ တင်သွင်းနိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က အသိပေးထုတ်ပြန်ပါတယ်။
Read More

စားသောက်ဆိုင်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ-၂၁ က တပ်ကြပ်ကြီးဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ (၂၁) က တပ်ကြပ်ကြီး ၁ယောက်ကို စောင့်ကြိုစစ်ဆေးရာ လက်မခံဘဲ ပြန်ခုခံတာကြောင့် နေရာတင် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၁) ထောက်လှမ်းရေး က မောင်းကိုပြောပါတယ်။
Read More

“ရန်သူ့အခက် ငါတို့အချက် အပစ်မရပ်နဲ့ အမြစ်ဖြတ်ချ” လူထုသပိတ်တိုက်ပွဲကျင်းပ (ဓာတ်ပုံသတင်း)

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့၊ မြို့တော်ခန်းမရှေ့မှာ “ရန်သူ့အခက် ငါတို့အချက် အပစ်မရပ်နဲ့ အမြစ်ဖြတ်ချ” ခေါင်းစဉ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး မြေပြင်လူထုသပိတ်တိုက်ပွဲကို Free Burma Action Committee-Northern California က လုပ်ဆောင်ခဲ့ပါတယ်။
Read More

ရှမ်းတောင်နှင့် ကရင်နီအစပ်မှာ ဖြစ်ပွားခဲ့သည့် ၂လကြာ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၄၀ ကျော် သေဆုံး…

ရှမ်းနဲ့ ကရင်နီအစပ် ဆီဆိုင်မြို့က ရွှေတဂူစခန်းကုန်းသိမ်းပွဲအပါအဝင် ၂ လတာအတွင်းလုပ်ဆောင်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးနဲ့ ​ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့ဝင် အယောက် ၄၀ ကျော် ထိခိုက်သေဆုံးပြီး လက်နက်အလက် ၃၀ ကျော်နဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းက ထုတ်ပြန်ပါတယ်။