ယမန်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းထန်ငလျင်ကြောင့် ထိခိုက်သူတွေကို ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုပေးနိုင်ဖို့ အာဏာပိုင်တွေရဲ့ ခွင့်ပြုမိန့် စောင့်ဆိုင်းနေကြောင်း၊ ခွင့်ပြုမိန့်ရတာနဲ့ ကူညီမှုတွေ စတင်မှာဖြစ်တယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF, Myanmar) က သတင်းထုတ်ပြန်ထားပါတယ်။

ယမန်နေ့က မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းကို ဗဟိုပြုပြီး ဖြစ်ပွားခဲ့တဲ့ ၇.၇ ပြင်းအားရှိတဲ့ မြေငလျင် လှုတ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို စိတ်ပူပန်ကြောင်းကိုလည်း MSF ကဆိုထားပါတယ်။

ဒါ့အပြင် ငလျင်လှုပ်ခတ်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ နားခိုရာနေရာ ဆုံးရှုံးမှု၊ အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမှီခြင်းနဲ့ ရေက ဖြစ်ပွါးတဲ့ရောဂါများ ကူးဆက်ပျံ့နှံ့မှု ထိန်းချုပ်ရာမှာ အဓိကဖြစ်တဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိမှုတွေကြောင့် ထိခိုက်လွယ်သူတွေ ဖြစ်လာမယ့် လူထုအတွက်ကိုလည်း စိုးရိမ်တယ်လို့ ဖော်ပြထားတာပါ။

“ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု ပေးအပ်ဖို့နဲ့ အခြေအနေကို အကဲဖြတ်ဖို့ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရတာနဲ့ တပြိုက်နက် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဝန်ထမ်းတွေက ငလျင်ဒဏ်သင့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီတုံ့ပြန်ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိပါတယ်” လို့ MSF Myanmar ကနေ ဆိုထားပါတယ်။

အခုလို ထိရောက်တဲ့ တုံပြန်မှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် ငလျင်ကြောင့် ထိခိုက်ခဲ့တဲ့ ဒေသတွေကို အမြန်ဆုံးသွားရောက်ခွင့်၊ လိုအပ်တဲ့ ထောက်ပံ့ပစ္စည်းတွေနဲ့ နည်းပညာရှင်တွေကို အချိန်နဲ့ တပြေးညီ ခွင့်ပြုပေးဖို့ကလည်း အရေးကြီးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

စမ်းချောင်းမြို့နယ်ရှိ မဟာမြိုင်ရဲဝန်း လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က မဟာမြိုင်ရဲဝန်း လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ Freeland Attack Force (FLA) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်က စစ်ရှောင်ပြည်သူတွေကို ရွေ့လျားဆေးပေးခန်း (mobile clinic) နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြင်းထန်စွာ စစ်ကြောင်းထိုးမှုတွေကြောင့် ရှောင်တိမ်းနေထိုင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂ - တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း (mobile clinic) ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီဇင်ဘာလအတွင်း တီးတိန်မှာ CDF Civil Defense Militia – CDM- Siyin တပ်ဖွဲ့ထံ စစ်သားနဲ့ရဲ ၄ယောက် အလင်းဝင်လာ၊ တပ်ဖွဲ့ပိုင် ဆိုင်ကယ်ခိုးယူသူတွေကိုလည်း လိုက်လံဖမ်းဆီးနိုင်ခဲ့

ဒီဇင်ဘာလအတွင်း CDF Civil Defense Militia - CDM- Siyin တပ်ဖွဲ့ထံ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်နဲ့ ရဲ ၂ ယောက် အလင်းဝင်ရောက်လာသလို တပ်ဖွဲ့ဝင်ရဲ့ဆိုင်ကယ် ခိုးယူသူတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဝန်ထမ်းတွေကို မထိခိုက်စေချင်တာကြောင့် 29 ရတနာဆိုင်ကို သတိပေးဖောက်ခွဲမှုသာ လုပ်ခဲ့ကြောင်း T.U.F မြို့ပြပြောက်ကျားအဖွဲ့ ထုတ်ပြန်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာမှာရှိတဲ့ 29 ရတနာဆိုင်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ T.U.F (Together Urban Force ) အဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်း ၂ ရက်ဆက် ထိုးစစ်ဆင်ပြီးနောက် KNU ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်အရုံး (KNU) လက်အောက်ခံတပ်တွေ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။