ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒို ပြိုကျပျက်စီးမှုအတွင်း ပိတ်မိနေသူ ၄၃ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အလောင်း ၉ လောင်း တွေ့ရှိထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဌာနက ယနေ့မတ်လ ၂၉ ရက် ညနေပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဗဟိုမီးသတ်သင်တန်းကျောင်း၊ ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်ပြီး ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ရေး ဆက်လက် လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရှိရပါတယ်။

Video – ငလျင်ကြောင့် အိမ်ရာပြိုကျအပြီး ပိတ်မိနေသူများ ဘေးလွတ်ရာသို့ ထွက်ခွာချိန် ထပ်မံပြိုကျတဲ့ ရုပ်သံ

0 Shares:
You May Also Like
Read More

ပုသိမ်-မုံရွာလမ်းပိုင်းရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် စစ်သား ၆ ယောက် သေဆုံး (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘန်ကောက်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့ ဇွန်လ ၁၄ ရက်က ဘန်ကောက်မြို့လယ်ခေါင် လူစည်ကားတဲ့ နေရာတွေမှာ Free Aung San Suu Kyi - Violently Detained The Myanmar Military Junta! စာသားပါ ပို စတာကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လမ်းပေါ်မှာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ စစ်ကောင်စီလက်အောက်ခံတွေ ပစ်ခတ်တိုက်ခိုက်ခံရလို့ ဆိုင်ကယ်တွေနဲ့ထွက်ပြေး (ရုပ်/သံ)

ပဲခူးတိုင်း ဇီးကုန်းမြို့နယ် ဘော်ဘင်ချောင်း သရက်ပင်အိုင်တံတား ဗျူဟာလမ်းပေါ်မှာ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက လမ်းသွားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ အကြမ်း ဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၁ ထံက သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောနဲ့ တွဲတွန်းရေယာဉ်အုပ်စုကို ရှေ့ထွက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီတင်ဖို့အတွက် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောနဲ့ တွဲတွန်းရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group အဖွဲ့မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုနဲ့ ယင်းမာပင်ခရိုင်အမှတ်(၂၇)တပ်ရင်းတို့ ပူးပေါင်းပြီး”အကြီးဖြိုဖို့ အသီးလိုတယ်”ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုနဲ့ ယင်းမာပင်ခရိုင်အမှတ်(၂၇)တပ်ရင်းတို့ ပူးပေါင်းပြီး ''အကြီးဖြိုဖို့ အသီးလိုတယ်''ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ကောလင်းမြို့နယ်က စစ်ကော်မရှင်ရဲ့ သစ်ဖုလှစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲက စစ်ကော်မရှင်ရဲ့ သစ်ဖုလှစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံကို ကောလင်းခရိုင်တပ်ရင်း၁ က ထုတ်ပြန်လိုက်ပါတယ်။ ကောလင်းမြို့နယ် ကျောက်တန်းလမ်းဆုံအနီးရှိ သစ်ဖုလှဘုရားကုန်းမှာ စစ်ကော်မရှင်တပ်စွဲထားတဲ့ စခန်းကို တော်လှန်ရေးတပ်တွေက ဒီဇင်ဘာ ၂၀ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။