ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူခရိုင် PDF တပ်ရင်း ၂ စိုးမိုးနယ်မြေအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

မြေငလျှင်လှုပ်ခတ်မှုဒဏ်ကြောင့် အုတ်တွင်းမြို့နယ်၊ လှေဆွဲမြောင်းကျေးရွာရှိ နေအိမ် ၂ လုံး ၁၀ ပေခန့် မြေကြီးအောက် နစ်ဝင်ပီး စုစုပေါင်းနေအိမ် ၃ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လမ်းတွေ ၂ ပေခန့်ကျိုးပြတ်ခဲ့ပီး ဆိုင်ကယ်နဲ့ ကားတွေ သွားလာလို့မရတော့ဘဲ ခြံမြေတွေ ကွဲအက်တာ၊ နိမ့်ကျတာ၊ စာသင်ကျောင်းနံရံတွေ ပြိုကျတာ၊ ဘုရားကျောင်းကန်တွေ ပျက်စီးတာ၊ မြေအက်ကွဲကြောင်းတွေကနေ ချော်ရည်လို နုန်းအနှစ်တွေ ထွက်လာတာကြောင့် ရွာသူရွာသားတွေ စိုးရိမ်ထိတ်လန့်ခဲ့တယ်လို့ သိရပါတယ်။

ငလျင်လှုပ်ခတ်ပြီးချိန် ပြည်သူတွေနဲ့ PDF ရဲဘော်အချို့ မူးဝေအော့အန်တာတွေ ဖြစ်ပွားခဲ့ပြီး ပြည်သူတွေကို တော်လှန်ရေးရဲဘော်တွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အတုအယောင် ရွေးကောက်ပွဲအတွက် အဆိုတော်များ ဝါဒဖြန့်ပေးရန် အလှည့်ကျလာပြန်

အာဏာသိမ်း အကြမ်းဖက် စစ်ကော်မရှင်ဟာ အတုအယောင် ရွေးကောက်ပွဲအတွက် အနုပညာရှင်တွေကို ခြိမ်းခြောက် ဝါဒဖြန့်ခိုင်းနေရာမှာ သရုပ်ဆောင်တွေပြီးတဲ့နောက် အဆိုတော်တွေအလှည့် ရောက်လာပြန်ပါပြီ။
Read More

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုများကြား ကလေးငယ်များကို ကယ်ထုတ်ပေးခဲ့သည့် ရဲဘော် မြင့်မြတ်စိုး (ခ) အာနိုး လက်နက်ကြီးထိမှန် ကျဆုံးခဲ့

မေလ ၁၅ရက် ညပိုင်းက ချောင်းဦးမြို့ပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ငါးလုံးတင်ကျေးရွာအတွင်းက နေအိမ်တွေ မီးလောင်ပျက်စီးပြီး လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးအဖြစ် Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီနေ့နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပုလောအခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ ၁၀၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်တပ်သား(၁)ဦး K.N.L.A တပ်မဟာ(၄) ထံ လက်နက်ဖြင့် အလင်းဝင်ဘက်ပြောင်းခိုလှုံ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၁၀၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်တပ်သား (၁) ယောက် လက်နက်နဲ့အတူ အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ABSDF အမှတ် ၂ စစ်ကြောင်း လှုပ်ရှားနယ်မြေမှာ တော်လှန်ရေးရဲဘော် ၁၄၇ ယောက် သင်တန်းဆင်းခဲ့

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF (ကျောင်းသားတပ်မတော်)၊ အမှတ် ၂ စစ်ကြောင်းမှာ ပြုလုပ်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက်က စစ်ကြောင်း ၂ လှုပ်ရှားနယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဟန်ပြအပစ်ခတ်ရပ်ထားသည့် စစ်ကောင်စီ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ ဌာနချုပ်ဧရိယာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ရဲ့ ဌာနချုပ်ဧရိယာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် - PNLO က ဒီနေ့ ထုတ်ပြန်ပါတယ်။