မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခခံစားနေရသလို နေပြည်တော်အကျဉ်းထောင်မှာ ထိန်းသိမ်းခံရပြီးအဆက်အသွယ်ဖြတ်တောက်ခံထားရတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအပေါ် စိုးရိမ်ပူပန်နေတယ်လို့ Kim Aris (ခ) ကိုထိန်လင်းက လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

ကိုထိန်လင်းဟာ “သူမ (ဒေါ်အောင်ဆန်းစုကြည်)ရဲ့ လုံခြုံရေးကို အတည်ပြုဖို့ နည်းလမ်းမရှိတဲ့အပြင် စစ်အာဏာရှင်ဘက်ကလည်း လူ့အခွင့်အရေးတစ်ခုဖြစ်တဲ့ ဆက်သွယ်ခွင့်ရရှိဖို့ ငြင်းပယ်နေတာတွေကြောင့် မေမေ့ ကျန်းမာရေးအခြေအနေကို စိုးရိမ်မိပါတယ်။ ” လို့ ရေးသားထားပါတယ်။

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ထိခိုက်စေခဲ့တဲ့ ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်းနဲ့ အခြား နေရာတွေက အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့မှုအတွက် အလွန်စိတ်ထိခိုက်ဝမ်းနည်းရတယ်လို့ ကိုထိန်လင်းက ဆိုပါတယ်။

မြန်မာပြည်သူပြည်သားတွေ မတွေးဝံ့စရာ အကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုတွေနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ကြုံတွေ့နေရပြီး ဆင်းရဲဒုက္ခများစွာကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရချိန် စစ်အာဏာရှင်ရဲ့ လူသားချင်းမစာနာဘဲ သဘာဝဘေးအန္တရာယ်ကြားကနေ လူသားချင်းစာနာမှု ကင်းမဲ့စွာ ထပ်မံပြီး လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ်  အင်မတန် ထိခိုက်နာကျင်ရတယ်လို့လည်း ကိုထိန်လင်းက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်မှုနဲ့“ဘေးအန္တရာယ်ကာကွယ်ရေးရန်ပုံငွေ” ကို မတည် တည်ထောင်ခဲ့ရာ ထောက်ပံ့ကြေးငွေတွေကို အခုလို အရေးပေါ် အခြေအနေတွမှာ လိုအပ်နေတဲ့ ပြည်သူပြည်သားတွေအတွက် အကျိုးရှိရှိ ထောက်ပံ့ပေးဖို့အတွက် စစ်အာဏာရှင်အစိုးရက သိမ်းဆည်းထားမယ်လို့ မျှော်လင့်မိပြီး မြန်မာနိုင်ငံသူနိုင်ငံသားတွေ စစ်တပ်ရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်ပြီး အမြန်ဆုံး လျင်မြန်တဲ့ ပံ့ပိုးထောက်ပံ့ကူညီမှု ရသင့်ရထိုက်တယ်လို့လည်း Kim က ဆိုပါတယ်။

စစ်အာဏာရှင် ထိန်းချုပ်ကန့်သတ််ထားတာမရှိဘဲ လိုအပ်နေတဲ့ပြည်သူတွေဆီကို ဆေးဝါးအကူအညီအထောက်အပံ့တွေ အမြန်ဆုံးရရှိဖို့လိုပြီး မြန်မာနိုင်ငံသူနိုင်ငံသားတွေအပေါ် အမြဲတမ်းကူညီပံ့ပိုးမှုတွေ အင်မတန်ကို အရေးပါတယ်လို့ Kim Aris (ခ) ကိုထိန်လင်းက ရေးသားဖော်ပြထားပါတယ်။

Kim Aris ၏ ဖေ့ဘွတ်စာမျက်နှာမှ ရေးသားထားမှု
0 Shares:
You May Also Like
Read More

ဖားကန့်၊ ထုံးဘိုကျေးရွာကို စစ်ကော်မရှင် ဒရုန်းဗုံးသီးဖြင့် တိုက်ခိုက်၊ ပြည်သူ ၂ ​ဦးသေပြီး ၁ ဦးဒဏ်ရာရ…

“၃ ဦးမှာ ၂ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ ပလုံကောက်ရောင်းနေရတဲ့ အခြေခံလူတန်းစားတွေပါ၊ ဘာထိတွေ့မှုမှမရှိပဲ ဒီအတိုင်းရမ်းသမ်းပစ်တာပါ၊ ဒဏ်ရာရတဲ့သူကတော့ အနည်းငယ် စိုးရိမ်ရပါတယ်”လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကလေးတောင်ပိုင်း ကြံသာရွာမှ တော်လှန်ရေးတပ်များ ပြန်ဆုတ်ထား

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာရွာကို စစ်အုပ်စု အင်အားအလွန်အကျွံသုံး စစ်ကြောင်းထိုးနေမှုကြောင့် တော်လှန်ရေးတပ်တွေ ဆုတ်ထားပေးရတာ မှန်ကန်ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်း ပြန်ထွက်သွားလို့ ကိုယ့်ရွာကို ပြန်ရောက်ချိန် နေအိမ် ၁၈ လုံး ပြာကျနေ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စု၊ အိုမကျေးရွာကို တရုတ် ဝမ်ပေါင် ကြေးနီစီမံကိန်းထဲက ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ ဖျက်ဆီးသွားခဲ့ပါတယ်။
Read More

မိစ္ဆာစစ်တပ်ကြောင့် မရှုမလှ အသက်ပေးခဲ့ရတဲ့ စီပါရွာသားတွေအတွက် ပရိတ်တရားနာ ပြုလုပ်ပေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်စွာ သတ်ဖြတ်မှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံတွေ သေဆုံးခဲ့ရပြီး သေဆုံးသူတွေအတွက် ပရိတ်တရားနာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးဝမြို့နယ်၊ ဆင်အိုင်မရွာမှ ပျူစောထီးအဖွဲ့ဝင် (၁) ဦး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မ(ပျူ)ရွာအနီး အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် (၁) ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Justice Soldier PDF ရဲ့ စနိုက်ပါတပ်ဖွဲ့ရဲ့ လေ့ကျင့်နေတဲ့ပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Justice Soldier PDF ရဲ့ စနိုက်ပါတပ်ဖွဲ့က တိုက်ပွဲအတွင်း ပစ်မှတ်ကို ပိုမိုတိကျသေချာစေဖို့နဲ့ တိုက်ခိုက်ရေးစွမ်းရည် ပိုမိုကောင်းမွန်လာစေဖို့အတွက် လေ့ကျင့်နေတဲ့ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။