အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ အဖွဲ့က မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ နဲ့ ပူးပေါင်းပြီး မိမိတို့စိုးမိုးထိန်းချုပ်နယ်မြေအတွင်း မတ်လ (၂၉) က စလို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း တွေ ဆောက်ရွက်နေတယ်လို့ သိရပါတယ်။

မတ်လ (၂၈)ရက်က စစ်ကိုင်းမြို့အနီး ၁၀ မိုင်ခန့်ကို ဗဟိုပြုကာ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့ပြီး ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့နဲ့ မြို့အနီး၀န်းကျင်နေရာတွေ လူထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငလျင်ဒဏ်ကြောင့် အထပ်မြင့်အဆောက်အဦးတွေ ပြိုကျပျက်စီးခဲ့ပြီးရှေးဟောင်း‌စေတီပုထိုး အများအပြား လဲပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သဘာဝဘေးကို ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို ပြည်သူကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိမိနယ်မြေ အတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနိုင်းကာ တက်စွမ်းသမျှ အစွမ်းကုန် ကူညီကြဖို့ ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်က မတ်လ (၂၈) ရက် မနေ့က ညွှန်ကြားထားပါတယ်။

0 Shares:
You May Also Like
Read More

မောင်မယ်ရှောင်ကျေးရွာမှာ ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မန္တလေး PDF စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ်ဖွဲ့စည်းပြီး ၂၀၂၅ မှစ၍ စစ်ဆင်ရေးအရှိန်အဟုန် တိုးမြှင့်သွားမည်

မန္တလေး PDF အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ တပ်မဟာအသစ်တစ်ခုဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ညစ်ညမ်းစာပေ ထုတ်ဝေတယ် ဟုဆိုကာ စစ်ကောင်စီက စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို လိုင်စင်ပိတ်သိမ်း

ညစ်ညမ်း စာပေထုတ်ဝေတယ်ဟုဆိုကာ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို စစ်ကောင်စီက လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြပါတယ်။ 
Read More

ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ဦး လက်နက်နှင့်တကွ တောင်သူကြီးများအဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်တွင် ဒီဇင်ဘာ ဒုတိယပတ်ကစလို့ စစ်အုပ်စုနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ခဲ့၊ စစ်တပ်ဘက်က ၁၈ ဦး မျက်မြင်သေပြီး ၃ ဦးကို အရှင်ဖမ်းမိ၊ စစ်တပ် ခြေကုပ်ယူထားသည့်ရွာနှင့် စိုးမိုးကုန်းကို ရရှိခဲ့

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ဒီဇင်ဘာလ ဒုတိယပတ်ကစလို့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၁၅ ကြိမ် ရှိခဲ့ပြီး စစ်တပ်ခြေကုပ်ယူထားတဲ့ ကျေးရွာ ၁ ရွာနဲ့ စိုးမိုးကုန်း ၁ ခုကို သုံ့ပန်းတွေနဲ့အတူ ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
Read More

ကနီပညာရေးတာ၀န်ခံ မတရား သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး တောင်းဆို လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ယင်းမာပင်ခရိုင် ကနီမြို့နယ် ပညာရေးတာဝန်ခံ မတရားသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး၊ CDM များ လုံခြုံမှုရှိရေး ရေဦးမြို့နယ် ‌ကြားကာလတက္ကသိုလ်ကျောင်းသူကျောင်းသားများက တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။