ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ ဦးလှသိန်းဗိမာန်အတွင်းက သံဃာအပါး (၁၀၀) ကျော်ကို ရှာဖွေကယ်ဆယ်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ ဗိမာန် (၃) ထပ်ဆောင်အတွင်း သံဃာအပါး ၂၀၀ကျော် စာဖြေနေချိန်မှာ ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး၊ ဗိဗာန်ပြိုကျခဲ့မှုကြောင့် စာဖြေ သံဃာအပါး ၁၀၀ ကျော်ဟာ အဆိုပါအဆောက်အအုံပျက်ထဲမှာ  ပိတ်မိနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီးကော်မတီကလည်း ပိတ်မိနေတဲ့ သံဃာတော်တွေကို ကယ်ဆယ်ရေးတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ အဆိုပါဗိဗာန်ပြုကျမှုကြောင့် သေဆုံးမှုများစွာရှိနိုင်တယ်လို့ ဒေသခံများအဆိုအရ သိရပြီး၊ ကယ်ဆယ်နိုင်ခဲ့တဲ့ သံယာအရေအတွက်တွေကို မသိရသေးသလို၊ ထိခိုက်သေဆုံးတဲ့ သံယာအရေအတွက်တွေကိုလည်း အတိအကျ မသိရနိုင်သေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ပိတ်မိနေတဲ့ သံဃာတော်တွေကို ကယ်ထုတ်ရာမှာ အခက်အခဲတွေရှိနေကြောင်း၊ သေဆုံးထိခိုက်တာတွေလည်း များနိုင်ကြောင်း ပြောဆိုထားပါတယ်။

စစ်ကောင်စီကတော့ မြန်မာနိုင်ငံတစ်ဝန်းမှာ ကျင်းပလျက်ရှိတဲ့ အစိုးရဓမ္မာစရိယစာမေးပွဲနဲ့ ပါဠိပထမပြန်စာမေးပွဲတွေကို ပြန်လည်ကျင်းပဖို့ မကြေညာမချင်း ခေတ္တဆိုင်းငံ့ထားတယ်လို့ ကြေညာထားပါတယ်။

ငလျင်လှုတ်ခတ်မှုကြောင့် နေပြည်တော်၊ စစ်ကိုင်းနဲ့ ကျောက်ဆည်အပါအဝင် ငလျင်ဒဏ်သင့်ဒေသတွေမှာ  ယခုအချိန်အထိ သေဆုံးသူဦးရေ ၁၀၀၀ ကျော်သွားပြီဖြစ်ပြီး၊ သေဆုံးဒဏ်ရာရသူစာရင်း‌တွေဟာ ထပ်တိုးလာနိုင်ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်များမှာ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)/ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ဖားကန့်တွင် စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မိသားစုဝင် ၃ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာထဲကို အကြမ်းဖက် စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ မိသားစုဝင် ၃ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ရေတာရှည်မှာ PDF ၂ ယောက် အသတ်ခံရပြီး ၃ ယောက် အဖမ်းခံရ

ပဲခူးတိုင်း၊ ဇရစ်စမ်းကျေးရွာနားက ချောင်းမကျည်းဆည်အနီး တစ်နေရာမှာ PDF ရဲဘော်၂ယောက် အသတ်ခံရပြီး ၃ ယောက်ကတော့ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

လောင်းလုံးမှာ မိုက်ခရိုဝေ့တာဝါတိုင်နဲ့ စီမံကိန်းရုံးက စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံး…

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်အတွင်းရှိ မိုက်ခရို ဝေ့တာဝါတိုင်နဲ့ စီမံကိန်းရုံးတို့က အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

KNDF တပ်ရင်း ၂ ရဲ့ နယ်မြေလုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်နေတဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ တပ်ရင်းအမှတ် (၂) က ရဲဘော်တွေဟာ နယ်မြေလုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဆီဆိုင်နှင့် မောက်မယ်မှာ အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ၁၀ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ဟု PNLA ပြော

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်မှာ အပစ်ရပ်ကာလအဖြစ် ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ၁၀ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို တော်လှန်ရေးတပ်များ ဖမ်းမိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ မြောင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်က စစ်သား ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မနေ့က ထုတ်ပြန်ပါတယ်။