မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မတိုက်နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုင်းရင်းဆေးဝါးစက်ရုံကို အကြောင်းမဲ့ စက်တပ်လေထီး Paramotor နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ထမင်းစားနားနေတဲ့ အမျိုးသမီးအလုပ်သမား ၃ ယောက် သေဆုံးကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၈ ရက်၊ ဒီနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၂၀ အချိန်လောက်မှာ မြိုင်နဲ့ ပခုက္ကူမြို့နယ်ကြား၊ ကမ္မတိုက်နယ်အတွင်းမှာရှိတဲ့ ချမ်းစိမ့်ဆေးဝါးထုတ်လုပ်ရေးစက်ရုံကို စစ်ကောင်စီက Paramotor နဲ့ ဗုံးသီး ၃ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်ရုံက အမျိုးသမီး အလုပ်သမားတွေ ထိခိုက်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

“ဘာလို့ဆေးဝါးစက်ရုံကို ကြဲလဲတော့ မသိဘူး။ တိုက်ပွဲလည်းမရှိပါဘူး။ နေ့လယ်ထမင်းစားချိန် ငလျင်မလှုပ်ခင်ပေါ့။ အမျိုးသမီးတွေချည်းပဲ ထိတာပါ” လို့ ဒေသခံ ၁ယောက်က မောင်းကိုပြောပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုဟာ မြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့တဲ့ ငလျင်ဖြစ်စဥ် မတိုင်ခင် မိနစ်ပိုင်းအလိုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး  ငလျင်ဒဏ်ကိုလည်း အတန်သင့်ခံစားခဲ့ရတယ်လို့ အထက်ပါဒေသခံက ပြောခဲ့ပါတယ်။

စစ်ကောင်စီ၏ စက်တပ်လေထီးကြောင့် ထိခိုက်မှုမြင်ကွင်း (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့် အခမ်းအနားကို ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့်အခမ်းအနားကို မတ်လ ၂၈ ရက် မနေ့က ကနီမြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံမူကြမ်းကို ပြည်သူတွေသိရှိနိုင်ဖို့ ထုတ်ပြန်

မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ မူကြမ်းကို ပြည်သူတွေသိရှိနိုင်ဖို့နဲ့ အကြံပြုချက်တွေ ထပ်မံပေးပို့နိုင်ဖို့  မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေဆီ မရောက်အောင် ထောင်နဲ့ချီတဲ့ စက်သုံးဆီ ပီပါတွေကို စစ်ကောင်စီ ဖမ်းဆီး

တော်လှန်ရေးတပ်ဖွဲ့တွေဆီ လက်ဝယ်မရောက်ရှိအောင် စက်သုံးဆီ ပီပါထောင်နဲ့ချီကို စစ်ကောင်စီက တရားမဝင် ကုန်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးလိုက်တယ်လို့ ဒီနေ့ ဇန်နဝါရီလ ၁၃ ရက် စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက ရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့အတူ မျက်နှာစုံညီအစည်းအဝေး ပြုလုပ်

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက တပ်ခွဲအသီးသီးမှာရှိတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့ မျက်နှာစုံညီအစည်းအဝေးတစ်ရပ်ကို (၇၈၂၆) တပ်မဟာ စစ်နည်းဗျူဟာ (၁)၊ ဗျူဟာမှူးနဲ့အတူ အမှတ် (၉၄၂၀) တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူးတို့က ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

နောင်ချိုမြို့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့က တောင်ခမ်းအမြောက်တပ်စခန်း (၃၅၄) နဲ့ (၉၀၂) တပ်စခန်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းတွင် အကြမ်းဖက်စစ်ကြောင်းက ပြည်သူ ၂ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့၊ နေအိမ် အလုံး ၇၀ ကျော် မီးရှို့ဖျက်ဆီးခဲ့

တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ တောင်ပျောက်‌ ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူ ၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ကာ နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။