အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတဝန်း အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အရေးပေါ်ကြေညာချက်တစ်ရပ် ထုတ်ပြန် လိုက်ပါတယ်။

NUG က ငလျင်လှုပ်ခတ်ပြီးပြီးချင်း အရေးပေါ် အစည်းအဝေးခေါ်ယူကာ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီရဲ့ လုပ်ငန်းစဉ်တွေကို အလျင်အမြန်လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

အထူးသဖြင့် စိုးမိုးထိန်းချုပ် နယ်မြေတွေမှာ ကူညီကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးတို့ကို အချိန်နဲ့ တပြေးညီ လုပ်ကိုင်ဆောင်ရွက်နေတယ်လို့လည်း အသိပေးပါတယ်။

အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ လူသားချင်းစာနာထောက်‌ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ ပြည်သူသို့အသိပေး ပြောကြားမှု

ငလျင်ဒဏ်ကြောင့် လူအသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ စာရင်းကို ကောက်ယူစုဆောင်းခြင်း၊ စိုးမိုးထိန်းချုပ် နယ်မြေတွေမှာ ကူညီကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနဲ့ ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ငလျင်ဒဏ်သင့် ဒေသတွေက လူထုအခြေပြုအဖွဲ့အစည်းတွေ၊ ပြည်သူတွေအနေနဲ့ အချင်းချင်း စာနာဖေးမကာ အပြန်အလှန် ကူညီစောင့်ရှောက်ကြဖို့ NUG ကတိုက်တွန်းပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့လည်း ငလျင်ဒဏ်ခံစားရတဲ့ မြန်မာပြည်သူလူထုအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ ပေးပို့ ကူညီကြဖို့ တိုက်တွန်းဖိတ်ခေါ်လိုက်ပါတယ်။

0 Shares:
You May Also Like
Read More

မတရား စစ်မှုထမ်းစေခိုင်းခံရသူ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရကာ စစ်တပ်ထဲ မတရား သွတ်သွင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ဟာ လက်နက်ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းဆီက သိရပါတယ်။
Read More

မကွေးတိုင်းတွင် ၂၀၂၅ ခုနှစ် ၄ လတာအတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ဦး သေဆုံးခဲ့

မကွေးတိုင်းအတွင်း ဇန်နဝါရီလ အစကနေ ဒီနေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရ…

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

တပ်မတော်နေ့အတွက် စစ်ရေးပြလေ့ကျင့်နေသူများ မျောက်ကျောက်ရောဂါဖြစ်နေဟု ဆို

နေပြည်တော်မှာ တပ်မတော်နေ့အတွက် စစ်ရေးပြ ချီတက်ဖို့ လေ့ကျင့်နေတဲ့ စစ်သားတချို့ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံ သိရပါတယ်။ 
Read More

ချင်းပြည်နယ်ကို ထိုးစစ်ဆင်လာတဲ့ တိုက်ပွဲများအတွင်း စစ်သား ၄၀ ခန့် သေဆုံး စစ်တပ်တပ်က ဖမ်းဆီးထားတဲ့ ပြည်သူ ၁၄ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ချင်းညီနောင်ထုတ်ပြန်

အကြမ်းစစ်တပ်က ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းကို ထိုးစစ်ဆင်လာတဲ့ တိုက်ပွဲများအတွင်း စစ်သား ၄၀ ခန့် သေဆုံးခဲ့ပြီး၊ စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၁၄ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ချင်းညီနောင်ကနေ သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကစတင်ကာ တီးတိန်မြို့အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မှရှင်တပ်တွေနဲ့ တော်လှန်ရေးတပ်တို့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ တီးတိန်-ကလေးလမ်း ဒိမ်လို လမ်းခွဲအနီးမှာ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲပြည်သူ့ဆေးရုံကို စစ်ကောင်စီ  တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု ပေါ်ပေါ်ထင်ထင် ကျူးလွန်လိုက်တာဟု TNLA ထုတ်ပြန်

စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပြည်သူ့ဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်တာဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။