မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားက ၁၁ ထပ်အမြင့်ရှိ Sky Villa Condo ဟာ ငလျင်ဒဏ်ကြောင့် ၅ ထပ် ကျွံဝင် ပြိုကျသွားပြီး လူအများအပြားပိတ်မိနေတယ်လို့ ဒေသခံများထံက သိရပါတယ်။

မတ်လ ၂၈ ရက် (ဒီနေ့) နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် အခုလို ကျွံဝင် သွားခဲ့ပြီး မြေပေါ်မှာ ၆ ထပ်သာ ကျန်နေခဲ့တာ ဖြစ်ပါတယ်။

Sky Villa Condo အတွင်း ပိတ်မိနေသူတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပေမယ့် လူအင်အား မလုံလောက်မှုနဲ့ ကယ်ဆယ်ရေးကိရိယာလိုအပ်ချက်တွေကြောင့် ကြန့်ကြာမှုဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Video -ဒေသခံ

0 Shares:
You May Also Like
Read More

သိမ်ဇရပ်မြို့အနီး ကျောက်မိုင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့အနီးက ကျောက်မိုင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဖေဖော်ဝါရီ ၃ ရက် ညပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကဝမြို့နယ် ပကဖထံက သိရပါ တယ်။
Read More

လွိုင်ကော်မြို့ ကုန်းပေါင်းရွာကို ဝင်လာသည့် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြား သေဆုံး (ရုပ်/သံ)

ကရင်နီပြည်၊ လွိုင်ကော်မြို့၊ ကုန်းပေါင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါ အရပ်သား ၁၀ ဦးထက်မနည်း သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကပစ ၁၂ အား ရှော့တိုက်ဒုန်းများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ သရက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဥကရစ်ထစခန်းမှာ ဖမ်းဆီးမိခဲ့တဲ့ စစ်မှုထမ်းတပ်သားများ (ရုပ်/သံ)

စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲဖမ်းဆီးကာ အဓမ္မ စစ်မှုထမ်းခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သားတွေကို ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးမိခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Justice Soldier PDF က ထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာရှင်ကြောင့် ချုပ်ငြိမ်းခဲ့ရတဲ့ လူ့အခွင့်အရေးတွေ ပြန်ရတဲ့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CRPH အဖွဲ့ဝင်များ ပြောကြား (ရုပ်/သံ)

(၇၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် “ငါတို့အသံ၊ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး” ကမ်ပိန်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်များက ယခုလိုပဲ ပြောကြားခဲ့ပါတယ်။