မတ်လ ၂၈ရက် ဒီနေ့ နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မန္တလေးနဲ့ စစ်ကိုင်းအတွင်းမှာ မန္တလေး မဟာမြတ်မုနိဘုရားကြီးရှိရာ အဆောက်အအုံ အပါအဝင် သမိုင်းဝင် အင်းဝမယ်နုအုတ်ကျောင်း၊ ပုထိုးတော်ကြီးနဲ့ ရွှေစာရံစေတီတော်တို့ ပြိုကျပျက်စီးခဲ့ကြောင်း သိရပါတယ်။

မန္တလေး မဟာမြတ်မုနိဘုရားကျောင်းဆောင်၊ သမိုင်းဝင် အင်းဝ မယ်နုအုတ်ကျောင်း၊ ပုထိုးတော်ကြီး၊ တောင်သမန် ကျောက်တော်ကြီးဘုရားတို့ ပြိုကျပျက်စီးခဲ့တဲ့ ပုံရိပ်တွေနဲ့ ပုဂံခေတ် မိဖုရားစောမွန်လှ တည်ထားခဲ့တဲ့ ရွှေစာရံစေတီတော် စိန်ဖူးတော် မြေခခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေ လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။

ပြင်းအား ရစ်ချ်တာစကေး ၇.၇ နဲ့ ၆.၄ တို့ရှိတဲ့ငလျင်နှစ်ခုဟာ ဒီနေ့ မတ်လ ၂၈ရက် ၁၂နာရီ ၅၂မိနစ်အချိန်လောက်မှာ စစ်ကိုင်းကို ဗဟိုပြု​ပြီး  ၁၂မိနစ်ခြား လှုပ်ခတ်ခဲ့တာဖြစ်ကာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတို့က နေအိမ်တိုက်တာတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လမ်းတံတားတွေ ကျိုးကျပျက်စီးခဲ့ပါတယ်။

လက်ရှိမှာ ငလျင်ဘေးဒဏ် အပြင်းအထန်ခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနဲ့  ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီက ကြေညာထားပါတယ်။

ငလျင်ဒဏ်ကြောင့် သမိုင်းဝင် စိန်ဖူးတော်မြေခခဲ့သည့် ရွှေစာရံစေတီအပါအဝင် မယ်နုအုတ်ကျောင်း၊ ပုထိုးတော်ကြီး၊ မဟာမြတ်မုနိဘုရား ပြိုကျပျက်စီးခဲ့သည့်ပုံရိပ်များ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ဝမ်ပေါင်ရဲ့ ကြေးနီသယ်ယဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကားတန်းကို တိုက်ခိုက်ရာ ၂ ယောက် ဒဏ်ရာရပြီး ကား ၂ စီးပျက်စီး…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကနေ ထွက်လာတဲ့ ကြေးနီသယ်ယဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ယောက် ဒဏ်ရာရပြီး ကား ၂ စီးပျက်စီးခဲ့တယ်လို့ Black Eagle Defence Force-MMU က သတင်းထုတ်ပြန်လာပါတယ်။
Read More

အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားများ ပြည်သူလူထုကို ကျန်းမာ‌ရေးစောင့်ရှောက်မှုပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားတွေဟာ ပြည်သူတွေကို ကျန်းမာ‌ရေး စောင့်ရှောက်မှု ပေးခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ရေတာရှည်တွင် မဲရုံနှင့် စစ်တပ်စခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက မဲရုံနေရာကို ပြောင်းရွှေ့ စစ်အုပ်စုက သေဆုံးသွားသည့် ၄င်းတို့၏စစ်သားအလောင်းများကို ဖြစ်သလိုမီးရှို့ပြီး စစ်တောင်းမြစ်ထဲကို မျှော

"စစ်တပ်က သေဆုံးအလောင်းတွေကို စစ်တောင်းမြစ်ထဲမျောတယ်။ မီးရှို့လိုက်တာတွေ ရှိပါတယ်။ လောလောဆယ်တော့ ရေထဲမျောနေတာ ၁လောင်းတွေ့တယ်။ လွှင့်ပစ်လိုက်တာနဲ့တူတယ်" လို့ နေပြည်တော် PDFတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်း ပြန်ဆုတ်သွားသည်အထိ တိုက်ခိုက်ရင်း မင်းကွန်းနယ်အတွင်းက ကျေးရွာ ၂ ရွာကို တော်လှန်ရေးတပ်များ ပြန်လည်ထိန်းချုပ်

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တပ်ဆုတ်သွားတဲ့အထိ ခုခံတိုက်ခိုက်ရင်း လက်လွှတ်ထားခဲ့ရတဲ့ ကျေးရွာတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ရတနာပုံတပ်ဦး သတင်းပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ကျောက်ဖြူမြို့နယ်တွင်း တိုက်ပွဲများတွင်  စစ်ကောင်စီတပ်ရင်းလိုက် AA ထံ လက်နက်ချအလင်းဝင်မှုများ ရှိနေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အာရက္ခတပ်တော် AA ဆီ တပ်ရင်းလိုက် လက်နက်ချအလင်းဝင်တာတွေ ရှိနေတယ်လို့ AA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တန့်ဆည်က စစ်ကောင်စီတပ်သား ၂ဦး ဗျူဟာ-၅၂ ၊ ပေါ်ဦးစစ်ကြောင်းသို့ လက်နက်ခဲယမ်း ကိုယ်စီနှင့် ခိုလှုံ

စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့အခြေစိုက် ခမရ ၃၆၁ တပ်တွင်းက စစ်ကောင်စီတပ်သား ၂ယောက် လက်နက်ခဲယမ်းကိုယ်စီနဲ့ အလင်းဝင်ရောက်လာကြောင်း ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။