ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် ဝေဠုဝန်ဘုန်းကြီးကျောင်း သိမ်ပြိုကျခဲ့ပြီး ကိုရင်ငယ် ၁ ပါး အပါအဝင် စစ်ရှောင်ကလေးငယ် ၆ လောင်း တွေ့ရှိခဲ့တယ်လို့ Save The Trees Rescue Team က ဖော်ပြထားပါတယ်။

မတ်လ ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကိုင်းကို ဦးတည်လှုပ်ခတ်ခဲ့တဲ့ ပြင်းအားမြင့်ငလျင်ဒဏ်ကြောင့် တောင်ငူမြို့နယ်အတွင်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

ဝေဠုဝန်ကျောင်း သိမ်ပြိုကျမှုကြောင့် အုတ်ကျိုးတွေပိကာ စစ်ရှောင် ကလေးငယ်တွေ ထိခိုက်သေဆုံးခဲ့သလို ပိတ်မိနေသူတွေလည်းရှိခဲ့ကာ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်ခဲ့ကြောင်းသိရပါတယ်။

ပြင်းအား ရစ်ချ်တာစကေး ၇.၇ နဲ့ ၆.၄ တို့ရှိတဲ့ ငလျင်နှစ်ခုဟာ ဒီနေ့ မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၂ မိနစ်အချိန်လောက်မှာ စစ်ကိုင်းကို ဗဟိုပြု​ပြီး  ၁၂ မိနစ်ခြား လှုပ်ခတ်ခဲ့တဲ့အတွက် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတို့က နေအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လမ်းတံတားတွေ ကျိုးကျပျက်စီးခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိနေပြီး အရပ်ဖက်ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ကူညီပေးနေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲမြေငလျင်အန္တရာယ်ကို ည ၁၂ နာရီနောက်ပိုင်း အထူးသတိထားဖို့ကိုလည်း မြေငလျင်သတင်းများစင်တာက ပြောထားပါတယ်။

ဝေဠုဝန်ဘုန်းကြီးကျောင်း ပြိုကျမှုအတွင်းထိခိုက်သေဆုံးခဲ့သည့် ကလေးငယ်များကို သယ်ထုတ်နေစဉ် (ဓာတ်ပုံ Save The Tree Rescue Team (Kyaw Thu Ya))

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်အုပ်စုကို အပြီးသတ် အနိုင်ယူရေး PDF တပ်မှူးကြီးများ အစည်းအဝေး ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်မှူးကြီးများအစည်းအဝေး (၁/၂၀၂၅) ကို အောင်မြင်စွာ ၃ရက်တာ ပြုလုပ်ခဲ့တယ်လို့ NUG ကာကွယ်‌ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကင်မွန်းတော်ကျေးရွာ ပျူစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီဘက်က ၂၀ ကျော် သေ၊ တော်လှန်ရဲဘော် ၄ ဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က အယောက် ၂၀ ကျော်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (လက်ရုံးတပ်) ULF စစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

စေတုတ္ထရာတွင် စစ်ကြောင်း ၂ ခု ညှပ်ထိုးသည့် စစ်ကောင်စီကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္ထရာမြို့နယ်မှာ လက်နက်ကြီးတွေပစ်ခတ်ရင်း စစ်ကြောင်းညှပ်ထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ စေတုတ္ထရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မှော်ဘီလေတပ်စခန်းကို အဝေးပစ်မစ်ဇိုင်းဒုံး ၄လုံးပစ်ခတ်တိုက်ခိုက်မှု လေတပ်ဝန်းထဲ ထိခိုက်ပျက်စီးမှုတွေရှိ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က လေတပ်စခန်းကို အဝေးပစ်မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လေယာဥ်ဂိုထောင်နဲ့ အရာရှိနေအိမ်တွေထိခိုက်နိုင်ကြောင်း Urban Special Operation ( U.S.O) ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ယင်းမာပင် ပကဖ ရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ လက်ရုံးတပ်ဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပကဖ လက်ရုံးတပ်က ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ ခရိုင်လက်ရုံးတပ် ဖွဲ့စည်းခြင်းအခမ်းအနားတို့ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၁ ရက်မှာ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ABSDF ကို နာဂိုယာသင်္ကြန်ပွဲတော်မှ ရရှိလာသည့် ထောက်ပို့ငွေပေးအပ်ပွဲနှင့် မျက်မှောက်ကာလ နိုင်ငံရေးအခြေအနေများ အမြင်ဖလှယ်ဆွေးနွေးပွဲ ပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF (မကဒတ) ကို ၂၇ ကြိမ်မြောက် နာဂိုယာင်္သကြန်ပွဲတော်ကနေ ရရှိလာတဲ့ ထောက်ပို့ငွေ ပေးအပ်ပွဲနဲ့ မျက်မှောက်ကာလ နိုင်ငံရေးအခြေအနေတွေအပေါ် အမြင်ဖလှယ်ဆွေးနွေးပွဲ အခမ်းအနားကို ဩဂုတ်လ ၃၁ ရက်မှာ အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။