အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံခြားရေးဝန်ကြီးဝန်ကြီး ဒေါ်ဇင်မာအောင်က ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský နဲ့ တွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ(၂၇) ရက် မနေ့က NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့အဖွဲ့နဲ့ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský တို့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံပွဲမှာတော့ ချက်သမ္မတနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský က ချက်သမ္မတနိုင်ငံအနေနဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်း အခိုင်အမာ ရပ်တည်လျက်ရှိကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုတွေမှာ အခုထပ်ပိုပြီး အကူအညီ၊ အထောက်အပံ့ ပေးနိုင်ရေးကိစ္စတွေကို အပြန်အလှန် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒူတာတေးကို ICC အကြိုတရားခွင်မှာ ပထမဆုံးအကြိမ် ရုံးထုတ်…

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ရဲ့ အကြိုတရားခွင်မှာ မတ် ၁၄ ရက်က မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဂျာမနီက ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆု ရရှိ

တော်လှန်အနုပညာရှင်တွေထဲက ထင်ရှားတဲ့ စုံတွဲဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဟာ ဂျာမနီနိုင်ငံကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုတစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မလေးရှားတွင် တရားမဝင်ဖွင့်လှစ်ထားသည့် မြန်မာသီးသန့် KTV ကို အာဏာပိုင်များဝင်စီး၊ မြန်မာနိုင်ငံသား အယောက် ၂၀ အဖမ်းခံရ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၊ ဘန်ဒါမန်ဂျာလရာ မြို့နယ်မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ မြန်မာသီးသန့် KTV တစ်ခုကို မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား အယောက် ၂၀ ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားသတင်းက မေလ ၂၀ ရက်မှာ ဖော်ပြပါတယ်။
Read More

အီဖယ်တာဝါမှ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကနေ ပေးပို့လာတဲ့ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ယူကရိန်းကို ကျုးကျော်တဲ့ ရုရှားနဲ့ မြန်မာအကြမ်းဖက် စစ်ကောင်စီတို့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် လက်မှတ်ထိုး

ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ နယ်မြေတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရုရှားကုမ္ပဏီတွေကို ဆွဲဆောင်ဖို့ မြန်မာဘက်က အဆင်သင့်ဖြစ်မှုကို အထူးသတိပြုမိတယ်” လို့ ရုရှားစီးပွားရေးဝန်ကြီး Maxim Reshetnikov က စိန့်ပီတာစဘတ်မြို့မှာ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေး ဆက်ဆံရေးဝန်ကြီး ကန်ဇော်နဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့အပြီးမှာ ပြောကြားခဲ့ပါတယ်။
Read More

မြန်မာဟာ ဒီမိုကရေစီကို သိပ်အားမပေးတဲ့ နိုင်ငံတွေကြားမှာ ရှိနေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ပြော

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပတဲ့ လုံခြုံရေးညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရNUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပြီး ကမ္ဘာတဝန်းဒီမိုကရေစီဦးတည်ရာများ (Global Democracy Trends) ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။