တိုင်းပြည်အာဏာကို ထိပါးနေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က မနေ့က ကျရောက်တဲ့ နှစ် ၈၀ ပြည့် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းမှာ ပြောကြားလိုက်တာပါ။

လက်နက်ကိုင်အဖွဲ့အစည်းတချို့ဟာ နိုင်ငံအတွင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာကို အခွင့်ကောင်းယူပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့အတူ နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်ရေးပျက်ပြားအောင် နည်းလမ်းပေါင်းစုံ လုပ်ဆောင်ခဲ့တယ်လို့ မင်းအောင်လှိုင်က စွပ်စွဲပြစ်တင်ပါတယ်။

မြန်မာ့သမိုင်းမှာ အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီး အကျပ်ကိုင်တောင်းဆိုခဲ့တဲ့ ဖြစ်စဉ်တိုင်းမှာတပ်မတော်အနေနဲ့ အလျှော့ပေးလက်ခံခဲ့သော အစဉ်အလာမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

“အထူးသဖြင့် လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ် ကျင့်သုံးနေတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေဟာ ထာဝရငြိမ်းချမ်းရေးရရှိပြီး ပြည်ထောင်စုနဲ့အ တူ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက်နယ်တစ်နယ် ဓားတစ်စင်း စစ်ဘုရင်ဝါဒကိုသာကျင့်သုံးလိုချင်တာကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်လာနိုင်တဲ့ အခြေအနေတွေဖြစ်ပေါ်ခဲ့ရတယ်”ဟု မင်းအောင်လှိုင်က ဆိုပါတယ်။

တပ်မတော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ချိန် အစောပိုင်းကာလတွေမှာ ဆူပူဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့က နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာတဲ့ ပြဿနာကို ဥပဒေနဲ့အညီ မဖြေရှင်းဘဲ လူထုရဲ့စိတ်ခံစားချက်ကို အသုံးချပြီး အကြမ်းဖက်မှုတွေဖြစ်ပေါ်လာဖို့ သွေးထိုးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ စစ်သားစုဆောင်းထားသူတွေဟာလည်း လက်ရှိ တာဝန်ကျရာ နေရာတွေမှာ စစ်မှုထမ်းနေပြီလို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

0 Shares:
You May Also Like
Read More

နယူးယောက်မြို့ ရောင်နီ ဖျော်ဖြေပွဲ အမေရိကန်ဒေါ်လာ ၁သိန်းခွဲကျော်ရရှိ၊ ကျင်းပပြီးသည့် ရောင်နီ ၇ ပွဲမှ စုစုပေါင်း ကန်ဒေါ်လာ ၅၇၀,၀၀၀ ခန့် ရရှိခဲ့

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီ ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ ၁၅၀,၅၀၆.၀၃ ရရှိခဲ့တယ်လို့ ရောင်နီ Tour က ကြေညာပါတယ်။
Read More

စစ်ကောင်စီတပ်သား ၈ ဦး သေသည့် စစ်ကွင်းတာဆုံဂိတ် စီးနင်းတိုက်ခိုက်မှု၊ “ဒဏ်ရာရတဲ့ ၄ကောင် မှာလည်း ၃ကောင်က အခြေအနေ မကောင်းဘူး။ ဗိုက်ပွင့်တဲ့သူကပွင့် ခြေပြတ်တဲ့သူက ပြတ်နဲ့ပါ”

ရန်ကုန်-ပြည် လမ်းပိုင်းပေါ်က အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကွင်းတာဆုံဂိတ်ကို ၂ရက်ဆက် တိုက်ခိုက်မှုမှာ စစ်အုပ်စု ၈ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားနဲ့ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက  ​မောင်းကို ပြောပါတယ်။
Read More

စစ်မှုထမ်း မဲပေါက်ခဲ့သူ လက်နက်နှင့်တကွ အလင်းဝင်လာ

အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေကြောင့် မဲနှိုက်ကာ စစ်ကော်မရှင်တပ်ထဲ ရောက်သွားခဲ့တဲ့ တပ်သား ဖြိုးမင်းစံ ဆိုသူဟာ စက်တင်ဘာ ၉ရက် မနေ့က မနက်ပိုင်းမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ထံ လက်နက်နဲ့တကွ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။
Read More

ကုလသမဂ္ဂနှင့် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီး ၁၀ နိုင်ငံမှာ NUG အစိုးရ ကိုယ်စားလှယ်များ ခန့်အပ်တာဝန်ပေးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ၄ နှစ်အတွင်း နိုင်ငံခြားရေးနည်းလမ်းအရ ကမ္ဘာ့နိုင်ငံကြီး ၁၀ နိုင်ငံမှာ ကိုယ်စားလှယ်တွေ ခန့်အပ်ထားရှိပြီးဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ဘန်ကောက်တွင် မြန်မာအချင်းချင်း ဘတ် ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က မြန်မာအချင်းချင်း ဘတ်ငွေ ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ KNU ဌာနချုပ်ကို စစ်ကောက်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို ဌာနချုပ်ရှိရာ တပ်မဟာ ၇ ရှိ စစ်ရေးပြကွင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။