စစ်ဆင်ရေးနယ်မြေ (၂) အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ဒီရက်ပိုင်း တိုက်ခိုက်ချေမှုန်းခဲ့မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ မတ်လ ၂၇ ရက် (ဖက်ဆစ်တော်လှန်ရေးနေ့) မှာ ထုတ်ပြန်လာပါတယ်။

မတ်လ ၂၅ ရက် ည ၁၀ နာရီကျော်မှာ ပဲခူးတိုင်း၊ ပေါက်ခေါင်း-အုတ်တွင်း အမြန်လမ်းအတိုင်း မောင်းနှင်လာတဲ့ စစ်ကား ၂စီးကို ဘော်ဒါရွာနဲ့ ပေါ်လံကြီးရွာကားအရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ စစ်ကား ၂စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ (၂)၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၁)၊ တပ်ခွဲ (၃)၊ ပြည်ခရိုင်တပ်ရင်း (၃၆၀၂) က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အင်အား ၃၀ ခန့်ပါ စစ်ကားတစ်စီး ချောက်ထဲ ပြုတ်ကျကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ယောက်သေ၊ ၁၂ ယောက်ခန့် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ PVTV)

အထက်ပါ တိုက်ခိုက်မှု ဖြစ်ပွါးပြီးနောက် မတ်လ ၂၆ ရက် မနက် ၁ နာရီဝန်းကျင်မှာ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ(၂၂)၊ အမှတ် (၃၈၀၁) တပ်ရင်းနဲ့ အမှတ် (၃၇၀၁) တပ်ရင်းတွေကလည်း တပြိုင်နက်တည်း စစ်ရေးဖော်ဆောင်မှု လုပ်ခဲ့ပါတယ်။ 

ရန်ကုန်-မန္တလေး အမြန်လမ်း ၁၂၇ မိုင်၊ မင်းရဲ ရဲစခန်းနဲ့ နတ်ရေတွင်း ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ယောက် သေကာ ၄ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖော်ဆောင်မှုတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ်နဲ့ စေတီတော်တွေ ထိခိုက်ပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်နဲ့ စေတီတော်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ People's Defence Force- မြိတ်ခရိုင်တပ်ရင်း ၂ ဆီက သိရပါတယ်။
Read More

အိမ်​ခြေ ၁၇၀ နီးပါးရှိတဲ့ မင်းပလောင်ရွာကို စစ်တပ် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့၊ ဒေသခံတွေ အရေးပေါ် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အိမ်ခြေ ၁၇၀ ကျော်ရှိတဲ့ မင်းပလောင်ကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရပြီး စားဝတ်နေရေး ဒုက္ခရောက်နေကြရတယ်လို့ ရွာငံဒေသခံတွေဆီက သိရပါတယ်။
Read More

ဖယ်ခုံကို မီးရှို့ပစ်မည်ဟု ကြွေးကြော်ထားသည့် PNA ပြည်သူ့စစ် တပ်ခွဲမှူး ဆိုသူ ဒရုန်းဗုံးထိပြီး သေဆုံး

"သူက အာကျယ်အာကျယ်နဲ့ အာဏာပြတက်တယ်။ အခြားလူမျိုးမှမဟုတ်ဘူး။ ပအို့ဝ်လူမျိုးအချင်းချင်းကြားလည်းဒုက္ခပေးတယ်။ တော်လှန်ရေးနဲ့ပက်သက်ပြီး ​ပြောလို့မရတဲ့ကိစ္စတော်တော်များများကို သူလုပ်ထားတယ်။ အမြတ်ထုတ်စားနေတဲ့လူပေါ့။ သူအဖေကလည်း PNO ပဲ။ အဲ့တာ ၂၀၂၂တော်လှန်ရေးအစ PDF တွေတူမီးပဲကိုင်ရသေးတယ်။ တိုက်ပွဲမှာသေသွားတယ်။ အဲ့တော့ သူ့အဖေအတွက် လက်စားချေမယ်ဆိုပြီး ဖယ်ခုံကိုသိမ်းပြီးသွားရင်အိမ်သာပါမချန် မီးရှို့မယ်လို့ကြုံးဝါးထားတဲ့သူပေါ့။"လို့ ဖယ်ခုံဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တောင်ဥက္ကလာပ (၁၀) ရပ်ကွက်ရုံး လက်ပစ်ဗုံး ပစ်၊ မိုင်းခွဲခံရပြီး ပျူစောထီး ၂ ဦးနှင့် ရဲ ၁ ဦး အပြင်းထန် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်ရုံးကို စက်တင်ဘာလ ၃၀ ရက် မနေ့ညပိုင်းမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့်မိုင်းတွေ လက်ပစ်ဗုံးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်သုံ့ပန်းဟောင်း စစ်ကိုင်းတိုင်း စစ်တိုင်းမှူး မျိုးမင်းထွေး ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းတစ်နေရာမှာ စစ်ကိုင်းတိုင်း၊ စစ်တိုင်းမှူး လိုက်ပါစီးနင်းလာတဲ့ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဟားခါးမှာ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်၊ ကျပ်သိန်း ၄၀ ဆု ချီးမြှင့်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်ရောက်လာတာကြောင့် ကျပ်သိန်း ၄၀ ဆုချီးမြှင့်ခဲ့တယ်လို့ Senthang Revolution Force က ထုတ်ပြန်ထားပါတယ်။